သတင်း KNUတပ်မဟာ(၃)တွင် နှစ်ရက်အတွင်း နေရာ လေးခု၌ တိုက်ပွဲဖြစ် ခလယ်လွီထူခရိုင် တပ်မဟာ (၃)နယ်မြေ ခရုကုန်း၊ ရေတွင်းကုန်း၊ နံဇရွာနှင့် နံဇကျေးရွာအထွက်တို့တွင် ဇူလိုင် ၂၅ရက်နှင့် ၂၆ရက်တို့၌ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 29, 2023
သတင်း ကလေးဝမြို့နယ်တွင် တိုက်ပွဲအထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာ မီးရှို့ဖျက်ဆီး တိုက်ပွဲအပြင်းအထန် မဖြစ်မီ ဇူလိုင် ၂၅ရက်ညတွင် စစ်ကောင်စီစစ်ကြောင်းသည် မိုင်းအကြိမ်ကြိမ်ထိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 28, 2023
သတင်း ဖားဆောင်းမြို့တိုက်ပွဲ စစ်ကောင်စီတပ်ထံမှ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရရှိ ဇွန်လဒုတိယပတ်က မယ်စဲ့မြို့ကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းလိုက်ပြီးနောက် ပြန်လည်ရယူနိုင်ရေး ရွာသစ်မြို့နှင့် ဖားဆောင်းမြို့တို့တွင် စစ်ကောင်စီက အင်အားအလုံးအရင်း ဖြည့်တင်းပြီးနောက် ဇွန်လတတိယပတ်ကစ၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 28, 2023
သတင်း ဆောမြို့နယ် ကန်ချောင်းရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် လေးဦးသေဟု PDF စစ်ရုံးချုပ်ထုတ်ပြန် ဇူလိုင် ၂၆ရက် နေ့လယ်ပိုင်းတွင် ဆောမြို့နယ်တွင်းရောက်ရှိလာသည့် ရန်သူ့စစ်ကြောင်းကို PDFနှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။ LuduNwayOoဇူလိုင် 27, 2023
သတင်း လားရှိုးတွင် TNLAနှင့် စစ်ကောင်စီတိုက်ပွဲဖြစ် ဇူလိုင် ၂၆ရက် နံနက် ၁၀နာရီခန့်တွင် လားရှိုးမြို့နယ်ခေနင်းရွာနှင့်နာယမအကြား ပြည်ထောင်စုလမ်းမပေါ်တွင် ထိပ်တိုက်တွေ့ကာ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်ဟု TNLAက ဆိုသည်။ LuduNwayOoဇူလိုင် 27, 2023
သတင်း တိုက်ပွဲတွေကြောင့် ၅ ရက်အတွင်း နေရပ်စွန့်ခွာရသူ ၆,၀၀၀ ကျော်ရှိလာ လက်နက်ကိုင်တိုက်ပွဲတွေဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ မြင့်တက်နေသလို၊ အနောက်မြောက်ပိုင်းမှာ ပြင်းထန်နေပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မကြာခဏဖြစ်ပွားနေတယ်လို့ UNOCHA က ဆိုပါတယ်။ LuduNwayOoဇူလိုင် 27, 2023
သတင်း ကန်ပက်လက်တိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးထပ်မံသေဟု CDF အသိပေး ဇူလိုင် ၂၅ရက် နံနက်တွင်လည်း နတ်စင်ကုန်းအနီး၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသူများရှိနေပြီး CDF ရဲဘော် တစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။ LuduNwayOoဇူလိုင် 27, 2023
သတင်း ကျောက်တံခါး၊ နံဇရွာတိုက်ပွဲအပြီးနယ်မြေရှင်းလင်းရာစစ်သား အလောင်းခုနစ်လောင်းတွေ့ပြီး လက်နက်ခြောက်လက်ရ ကျောက်တံခါးမြို့နယ်အတွင်းမှ စစ်ကောင်စီလက် အောက်ခံ စစ်သားနှင့် ရဲများအနေဖြင့် လက်နက်ချအညံ့ခံရန် သတိပေးထားပြီး လက်နက်နှင့် ဆက်စပ်ပစ္စည်းများပါလာပါက ထိုက်သင့်သော ဆုကြေးငွေကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် (ပကဖ)မှ ကြေညာထားသည်။ LuduNwayOoဇူလိုင် 26, 2023
သတင်း မိုးဗြဲ – လွိုင်ကော်နှင့် မိုးဗြဲအရှေ့ဘက်ခြမ်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် အထိနာ၊ ယာဥ်နှစ်စီး မီးလောင် လက်ရှိ မိုးဗြဲ-လွိုင်ကော် တိုက်ပွဲအတွင်းရှိ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးကလည်း "သေဆုံး အလောင်းတွေကို စက်မှုဇုံနားက အိမ်တစ်အိမ်ထဲကိုဆွဲသွင်းပြီး နေအိမ်နဲ့အတူ မီးရှို့ခဲ့တယ်"ဟု ပြောသည်။ LuduNwayOoဇူလိုင် 26, 2023
သတင်း ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်ကြား ယနေ့ တိုက်ပွဲပြင်းထန်နေ မြေပြင်စစ်ကြောင်းသုံးခုအပါအဝင် လက်နက်ကြီးနှင့် လေကြောင်းပစ်ကူ အဆမတန်အသုံးပြု၍ ဇူလိုင် ၂၁ ရက်ကစ၍ စစ်ကောင်စီက မယ်စဲ့မြို့ကို ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်။ LuduNwayOoဇူလိုင် 26, 2023