Connect with us

Hi, what are you looking for?

သတင်း

အာရှလမ်းအနီးအပါအဝင် ကော့ကရိတ်ရှိနေရာ သုံးခု၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် အထိနာ

တပ်မ(၄၄) လက်အောက်ခံ ခမရ−၂၀၇၊ တပ်မ (၂၂) လက်အောက်ခံ ခမရ−၂၀၁၊ ခလရ(၂၃၁) တပ်ရင်းများအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ၏ ခမရ-၂၀၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ငြိမ်းချမ်းကိုကို အပါအဝင် (၆)ဦးသေဆုံးကာ ဒုခွဲမှူးတစ်ဦး အပါအဝင် ၈ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကော့ကရိတ်နယ်ရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးနေစဉ်နှင့် လက်နက်ကြီးကျည်အား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကော့ကရိတ်နယ်ရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးနေစဉ်နှင့် လက်နက်ကြီးကျည်အား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

▪️တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီ၁၁ဦးသေဟု KNUအသိပေး ၊စစ်ကောင်စီကလည်း‌ လေကြာင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကော့ကရိတ်ဒေသ၌ အောက်တိုဘာ ၂၄ရက်က နေရာ သုံးနေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၁၁ဦး သေဆုံးခဲ့သည်ဟု KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

KNUဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ကော့ကရိတ်မြို့နယ် ကော့ကရိတ်မြို့အရှေ့ခြမ်း ဆင်ကုန် ကျေးရွာအတွင်းသို့ အချေချရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ​၏ တပ်မ(၄၄)နှင့် တပ်မ (၂၂) လက်အောက်ခံ တပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၈) ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့ရာ အာရှလမ်းမအနီး(တနေးမူး) လမ်းခွဲတစ်နေရာ၌ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကော့ကရိတ်နယ်ရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးနေစဉ်နှင့် လက်နက်ကြီးကျည်အား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကော့ကရိတ်နယ်ရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးနေစဉ်နှင့် လက်နက်ကြီးကျည်အား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

တပ်မ(၄၄) လက်အောက်ခံ ခမရ−၂၀၇၊ တပ်မ (၂၂) လက်အောက်ခံ ခမရ−၂၀၁၊ ခလရ(၂၃၁) တပ်ရင်းများအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ၏ ခမရ-၂၀၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ငြိမ်းချမ်းကိုကို အပါအဝင် (၆)ဦးသေဆုံးကာ ဒုခွဲမှူးတစ်ဦး အပါအဝင် ၈ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

KNLA တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့မှ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ယင်းနေ့ နံနက် ၁၁နာရီခန့်တွင် ကော့ကရိတ်မြို့ ရေကူးကန်တွင် တပ်စွဲထားသော ခလရ−၂၃၁ တပ်ရင်းအား KNLA ပူးပေါင်းတပ်က စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့ကြောင်း၊ ညနေပိုင်းတွင်လည်း ကော့ကရိတ်မြို့နယ် တတန်ကူး ကျေးရွာအတွင်းသို့ ဝင်ရောက် လှုပ်ရှားနေသော တပ်မ(၂၂) လက်အောက်ခံ ခမရ−၂၀၂ တပ်ရင်းအား ပူးပေါင်းတပ်က သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

အောက်တိုဘာ ၂၄ ရက်တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှု များပြားခဲ့သည့် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ကော့ကရိတ်မြို့နယ် ဆင်ကုန်း၊ မောင်းမရွာသစ်၊ ကမိုင်ကုန်းရွာသစ် စသည့် နေရာတစ်ဝိုက်သို့ (၆)ကြိမ်လှည့်ပတ် ပျံဝဲကာ (၃)ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ထို့ပြင် ကော့ကရိတ်မြို့နယ် ရေလည်ကုန်း၊ ဆင်ကုန်း၊ ရွာသစ်ကုန်း၊ နန်းရွှေမှုံ၊ အောင်လှိုင်နှင့် တတန်ကူးစသည့် ကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ ပြည်သူအချို့၏ နေအိမ်ပျက်စီးခဲ့ပြီး နွားတစ်ကောင် သေဆုံးခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။