Connect with us

Hi, what are you looking for?

သတင်း

လိုင်ဇာအနီး နမ့်ဆန်ယန်နှင့် အောင်ဂျာဒေသ၌တိုက်ပွဲများပြင်းထန်နေ၊ စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက်

နမ့်ဆန်ယန်၊ အောင်ဂျာဒေသ တိုက်ပွဲများ၌ အထိနာသည့် စစ်ကောင်စီတပ်သည် အောက်တိုဘာ ၉ရက်ညပိုင်းတွင် လိုင်ဇာမြို့နှင့် မိုင်အနည်းငယ်အကွာရှိ စစ်ရှောင်စခန်းကို တိုက်ခိုက်ခဲ့ရာ ကလေးငယ်များ အပါအဝင် စစ်ရှောင်ပြည်သူ ၂၉ ဦးသေဆုံးကာ ၅၀ဦးကျော်ဒဏ်ရာရခဲ့သည်။

(​ရှေ့တန်းတစ်​​နေရာ မှ KIA တပ်ဖွဲ့ဝင်တစ်ဦး။ဓါတ်ပုံ-AP)
(​ရှေ့တန်းတစ်​​နေရာ မှ KIA တပ်ဖွဲ့ဝင်တစ်ဦး။ဓါတ်ပုံ-AP)

ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာအနီး ဒေသများ၌ ယနေ့ ညနေပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေသည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင်လဆန်းမှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ဒေသနှင့် မိုးမောက်မြို့နယ် အောင်ဂျာဒေသ၌ ယနေ့တိုက်ပွဲများဆက်ဖြစ်နေခြင်းဖြစ်သည်။

“မြစ်ကြီးနားက ဖိုက်တာ ၂စီး၊ ၅နာရီ ၃၅ မှာ တစ်ခါ၊ ၅နာရီ ၄၅ မှာ တစ်ခါ ဗုံးလာကြဲသွားတယ်။ နမ့်ဆန်ယန်နဲ့ အောင်ဂျာတစ်ဝိုက်။ မြေပြင်တိုက်ပွဲပြင်းထန်နေတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါဒေသများအပါအဝင် မြစ်ကြီးနား -ဗန်းမော်လမ်းတလျှောက်၌ တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ပြီးခဲ့သည့် ရက်ပိုင်း သတင်းဖော်ပြချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

နမ့်ဆန်ယန်၊ အောင်ဂျာဒေသ တိုက်ပွဲများ၌ အထိနာသည့် စစ်ကောင်စီတပ်သည် အောက်တိုဘာ ၉ရက်ညပိုင်းတွင် လိုင်ဇာမြို့နှင့် မိုင်အနည်းငယ်အကွာရှိ စစ်ရှောင်စခန်းကို တိုက်ခိုက်ခဲ့ရာ ကလေးငယ်များ အပါအဝင် စစ်ရှောင်ပြည်သူ ၂၉ ဦးသေဆုံးကာ ၅၀ဦးကျော်ဒဏ်ရာရခဲ့သည်။

ထို့နောက် အောက်တိုဘာ ၁၀ရက် မနက်တွင် လိုင်ဇာအနီးရှိ အောင်ဂျာရွာအနီးတွင် တိုက်ပွဲများပြင်းထန်ကာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည်။ အောင်ဂျာရွာအနီး၌ စစ်ကောင်စီတပ်စခန်း ၃ ခုရှိသည့်အနက် စက်တင်ဘာလတွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIAက သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။