သတင်း ကျင်ဒွေးမြို့ကို စစ်တပ် ညအချိန်ဗုံးကြဲလို့ အရပ်သား ၆ဦး သေဆုံး၊ ၁၁ဦး ဒဏ်ရာပြင်းထန် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။ ludunwayooဇွန် 21, 2026
သတင်း ကန်ပက်လက်မြို့ကို စစ်တပ်က လေကြောင်းနေ ၈ကြိမ် ဗုံးကြဲ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန်လ ၂၀ရက် နေ့လည်ပိုင်းနဲ့ မနက်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။ ludunwayooဇွန် 21, 2026
သတင်း မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း ဗုံးသီး ၁၀၀ကျော် ကြဲတိုက်ခိုက် ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။ ludunwayooဇွန် 20, 2026
သတင်း ကျိုက်ထိုနယ်မှာ စစ်တပ် လေယာဉ်ဗုံးကြဲလို့ စျေးသည်အမျိုးသား သေဆုံး၊ ဇနီးဖြစ်သူ ဒဏ်ရာရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooဇွန် 19, 2026
သတင်း မွန်တပ် NMSP ထိန်းချုပ်နယ်မြေအတွင်း နိပွန်ဖောင်ဒေးရှင်းဆောက်ပေးတဲ့ စစ်ရှောင်စခန်းကို စစ်တပ်ဗုံးကြဲ မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooဇွန် 19, 2026
သတင်း ကျောက်တော်မြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ ၁၂ ဦး သေဆုံး ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို ludunwayooဇွန် 18, 2026
သတင်း မင်းတပ်မြို့နယ်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးအလုံး ၇၀ခန့် ကြဲတိုက်ခိုက် ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။ ludunwayooဇွန် 18, 2026
သတင်း စစ်တပ်ကဂွမြို့နယ်ကိုဗုံးကြဲ ဒေသခံပြည်သူ ၂ ဦးသေဆုံး၊ ကလေးငယ်တွေအပါအဝင် ၈ ဦး ဒဏ်ရာရ ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ludunwayooဇွန် 18, 2026
သတင်း ဝက်လက်မြို့နယ်ကို စစ်တပ်က အသေခံဒရုန်းနဲ့ဗုံးကြဲ မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ ludunwayooဇွန် 17, 2026
သတင်း ကန်ပက်လက်နဲ့ မင်းတပ်မြို့ကို စစ်တပ် ဗုံးကြဲ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။ ludunwayooဇွန် 15, 2026