Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်မြို့ကို စစ်တပ်က လေကြောင်းနေ ၈ကြိမ် ဗုံးကြဲ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန်လ ၂၀ရက် နေ့လည်ပိုင်းနဲ့ မနက်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

(ကန်ပက်လက်မြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေတာကို ၂၀၂၅က တွေ့ရစဉ်။ ဓာတ်ပုံ − CJ)

ဇွန် ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန်လ ၂၀ရက် နေ့လည်ပိုင်းနဲ့ မနက်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာကို စစ်တပ်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်တဲ့ အခြေအနေဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

“ထိတွေ့ နေတဲ့ နေရာတွေပါ” လို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီမနက် ၇နာရခွဲ ဝန်းကျင်မှာ စစ်တပ်က ကန်ပက်လက်မြို့ အရှေ့ခြမ်းတနေရာကို တိုက်လေယာဉ် ၂စီးနဲ့ လေကြောင်းဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ ၁၀ မိနစ်အတွင်း ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗုံးသီး ၈လုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။

နေ့လည် ၁၂နာရီခန့်မှာလည်း စစ်တပ်လေယာဉ် ၂စီးက ကန်ပက်လက်မြို့အနီး တနေရာကို ၄ကြိမ် ဗုံး ၈လုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။

စစ်တပ်ဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေ ပြန်ရဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး အဲဒီနယ်မြေတွေကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)ကလည်း နယ်မြေ မကျရှုံးရေး မဟာမိတ်တွေနဲ့ ပေါင်းပြီး ခုခံနေတာပါ။

မေလလယ်ကတည်းကကန်ပက်လက်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေသလို မေလကုန်ပိုင်းမှာတော့ မင်းတပ်ကိုပါ ထပ်မံ ထိုးစစ်ဆင်လာလို့ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်တာ၊ လေကြောင်း တိုက်ခိုက်တာတွေ ပြုလုပ်လျက်ရှိပါတယ်။

မင်းတပ်မြို့နယ်မှာ မနေ့က ဇွန် ၁၉ရက် တနေ့တာအတွင်း Y12 နဲ့ လေကြောင်း တိုက်ခိုက်မှု ၁၁ကြိမ် ဗုံးသီး ၂၆လုံး၊ တိုက်လေယာဉ်နဲ့ ၈ကြိမ် ဗုံးသီး ၁၆လုံး အသုံးပြု တိုက်ခိုက်ခဲ့တာလို့ ဒေသခံက အသိပေးထားပါတယ်။

လတ်တလော စစ်တပ်က တိုက်ပွဲဖြစ်နေတဲ့ ကန်ပက်လက် အရှေ့ခြမ်းဒေသ၊ မင်းတပ်အရှေ့ခြမ်းဒေသတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေသလို တိုက်ပွဲမရှိတဲ့ နေရာတွေက ဒေသခံ ပြည်သူလူထုနေအိမ်တွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံက ပြောပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။