Connect with us

Hi, what are you looking for?

သတင်း

မွန်တပ် NMSP ထိန်းချုပ်နယ်မြေအတွင်း နိပွန်ဖောင်ဒေးရှင်းဆောက်ပေးတဲ့ စစ်ရှောင်စခန်းကို စစ်တပ်ဗုံးကြဲ

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

(နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ဒေသခံ)

ဇွန် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ဥက္ကဋ္ဌ နိုင်ဟံသာဦးဆောင်တဲ့ မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်ထားတဲ့ နယ်မြေထဲက အဲဒီ စစ်ရှောင်စခန်း အဆောက်အဦးတွေကို မနေ့ည သန်းခေါင်ကျော်(ဒီမနက်အစော)မှာ ဗုံးကြဲခဲ့လို့ အဆောက်အဦး ၅လုံးခန့် ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

“ဒါက သူက ရှေးချောင်းဖျား ချောင်းနှစ်ခွဆိုတာက ကရင်နဲ့ နယ်စပ်တခုလိုမျိုးဖြစ်နေတာပေါ့ဗျာ။ တော်လှန်ရေးအဖွဲ့အစည်းကလည်း သွားလိုက်လာလိုက် ဒါတော့ရှိမယ်။ သူတို့ ဘာသတင်းရတာလည်းတော့ မသိဘူး။ တဦးတယောက်က သတင်းပေးလိုက်တာရှိမယ်။အဲဒါ သူတို့လာကြဲသွားတာ။အဓိက ရည်ရွယ်ချက်က အရပ်သားကို ထိအောင် သူတို့ လုပ်လိုက်တဲ့ပုံစံ။ ဒီလိုမျိုးအဆောက်အဦးကျတော့ ဘယ်ရဲဘော်မှ မွန်ပြည်သစ်က ပေးနေမှာမဟုတ်ဘူး” လို့ မွန်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အဆောက်အဦးတွေရဲ့ မှတ်တမ်းတွေကိုလည်း သတင်းရင်းမြစ်က ပြသပါတယ်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ ပျက်စီးခဲ့တဲ့ အဆောက်အဦးတွေထဲမှာ နိပွန်ဖောင်ဒေးရှင်း ဒုက္ခသည်နေအိမ် ၄လုံး၊ မွန်အမျိုးသားမူလတန်းကျောင်း ၁ကျောင်း လေယာဉ်ဗုံးစ ထိမှန် ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်ရတာ ရှိတယ်လို့လည်း ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ(NMSP)ဟာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါပေမဲ့ NMSP အဖွဲ့တွင်းမှာ စစ်တပ်ကို တော်လှန်တိုက်ခိုက်လိုတဲ့ ခေါင်းဆောင်များလည်းရှိတဲ့အတွက် အဲဒီ ခေါင်းဆောင်တွေဟာ အဖွဲ့ကခွဲထွက်ပြီး NMSP-AD(စစ်အာဏာရှင်တိုက်ဖျက်ရေး) အမည်နဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပါတယ်။ လက်ရှိမှာ NMSP-ADက အခြားမွန်တပ်အချို့နဲ့ ပေါင်းပြီး ရာမညမွန်တပ်တော်(RMA) အဖြစ် ဖွဲ့စည်းကာ PDF၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် အခြား တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တော်လှန်တိုက်ခိုက်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။