သတင်း စစ်တပ်က အသက်(၃)နှစ် (၃)လအရွယ် ကလေးငယ် တစ်ဦးကို ရာဇဝတ်သားတစ်ဦးကဲ့သို့ ဆက်ဆံနေချိန် ကုလသမဂ္ဂတိတ်ဆိတ်နေသည်ဟု မြန်မာသံအမတ်ကြီး မေးခွန်းထုတ် ယမန်နေ့တွင် ကျင်းပသည့် (၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေး၌ ကလေးသူငယ်များအခွင့်အရေးနှင့်ပတ်သက်၍ သံအမတ်ကြီးက မြန်မာနိုင်ငံရှိ ကလေးငယ်များသည် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များတွင် အဓိကပစ်မှတ်ထားခံနေရကြောင်း ထည့်သွင်းအစီရင်ခံသည်။ LuduNwayOoအောက်တိုဘာ 11, 2022
သတင်း စစ်တပ်အပေါ် တရားမျှတရေး လုပ်ငန်းစဉ်ကို စတင်ဖော်ဆောင်ရန် ကုလလုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီး တိုက်တွန်း စင်စစ်အားဖြင့် တရားမဝင်စစ်အာဏာသိမ်းမှုသည် ဥပဒေကြောင်းအရသော်လည်းကောင်း၊ တရားဝင်မှုအရသော်လည်းကောင်း အလျဉ်းမရှိကြောင်း မြန်မာသံအမတ်ကြီးက ပြောသည်။ LuduNwayOoအောက်တိုဘာ 8, 2022
သတင်း မြန်မာပြည်သူများ ဆင်းရဲတွင်းမှလွတ်မြောက်နိုင်ရေးမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်း၍ ဒီမိုကရေစီ ပြန်လည်ထူထောင်နိုင်မှသာဆောင်ရွက်နိုင်မည်ဟု ကုလ၌ မြန်မာသံအမတ်ကြီးပြော ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီ၊ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကော်မတီ၏ ၂၀၁၈ မတ်လအစီရင်ခံစာအရ ၁၉၈၇ ခုနှစ်မှစ၍ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံသည် ယင်းအဆင့်မှ လွတ်မြောက်ရန် စံသတ်မှတ်ချက်သုံးခုစလုံးနှင့် ပထမဆုံးအကြိမ် ပြည့်မီခဲ့သည်။ LuduNwayOoအောက်တိုဘာ 5, 2022
သတင်း မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို အကာအကွယ်ပေးနိုင်ရေး တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် ကုလနှင့်နိုင်ငံတကာကို မြန်မာသံအမတ်ကြီး ထပ်မံတောင်းဆို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ကျင်းပနေဆဲ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးတွင် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးမှုအစီအစဉ်၌ မိန့်ခွန်းပြောကြားခဲ့ရာ ထည့်သွင်းတောင်းဆိုခြင်းဖြစ်သည်။ LuduNwayOoအောက်တိုဘာ 1, 2022
သတင်း အသက်အန္တရာယ်ရှိသည့်ကြားကပင် စစ်အာဏာရှင်ကို မလိုလားကြောင်းထုတ်ဖော်ပြသသည့် ပြည်သူများကို ဦးညွှတ်လေးစားကြောင်း ကုလဆိုင်ရာမြန်မာသံအမတ်ကြီး ပြော ထို့အပြင် ပြည်တွင်း၊ ပြည်ပ ရှိ မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးတောင်းဆိုလုပ်ဆောင်မှုများသည် အချည်းအနှီးမဖြစ်ဘဲ ပြည်သူ့ အသံ၊ ပြည်သူ့ဆန္ဒကို ထုတ်လွှင့်နိုင်လေလေ၊ မြန်မာပြည်သူများ၏ တန်ဖိုးကို နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိနေကြောင်း သံအမတ်ကြီးက ပြောသည်။ LuduNwayOoစက်တင်ဘာ 17, 2022
သတင်း စစ်တပ်သို့ လက်နက်ရောင်းချမှုရပ်တန့်ရန် ကုလစင်မြင့်ပေါ်မှ မြန်မာသံအမတ်ကြီးထပ်မံ တောင်းဆို ထို့အပြင် မြန်မာစစ်တပ်သည် နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးလုပ်ငန်းစဉ်များတွင် မည်သည့်အခါကမျှ မိတ်ဖက်ကောင်းမဖြစ်ခဲ့ကြောင်း သမိုင်းတွင်တွေ့နိုင်ကြောင်း မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂသို့ပြောသည်။ LuduNwayOoဩဂုတ် 6, 2022
သတင်း စစ်တပ်၏ ရက်စက်ယုတ်မာမှုကို ဆက်လက်ခွင့်မပြုဘဲ ညီညွတ်ပြတ်သားသည့် အရေးယူဆောင်ရွက်မှုချမှတ်ရန် နိုင်ငံတကာအသိုက်အဝန်းကို မြန်မာသံအမတ်ကြီး တိုက်တွန်း မြန်မာစစ်တပ်၏ အဆိုးဝါးဆုံး ရက်စက်ယုတ်မာမှုနှင့် လူသားမဆန်မှုတို့ကို တစ်ကမ္ဘာလုံးအနေဖြင့် မြင်တွေ့ခဲ့ပြီးဖြစ်ရာ မြန်မာပြည်သူများ ပြင်းပြစွာ အကူအညီတောင်းဆိုမှုကို ဆက်လက်လျစ်လျူမရှုသင့်ကြောင်းလည်း သံအမတ်ကြီးက ပြောသည်။ LuduNwayOoဩဂုတ် 4, 2022
သတင်း R2P၏ တာဝန်ရှိမှု၊ ကတိကဝတ်အတိုင်း စစ်တပ်ကိုအရေးယူရန် ကုလလုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီးတိုက်တွန်း လက်ရှိမြန်မာနိုင်ငံအခြေအနေသည် ကာကွယ်မှုပေးရန် တာဝန်ရှိမှုအား ကိုးကားချမှတ်ရန် လိုသည့် သတ်မှတ်အဆင့်နှင့် ကိုက်ညီပြီး ကာကွယ်မှုပေးရန် တာဝန်ရှိမှု၏ တတိယကဏ္ဍ၌ ဖော်ပြသည့်အတိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် ပြတ်သားညီညွတ်သည့်အရေးယူဆောင်ရွက်မှုချမှတ်ရန် သံအမတ်ကြီးက တိုက်တွန်းသည်။ LuduNwayOoဇွန် 25, 2022
သတင်း အရေးကြီးသည့် ယနေ့အချိန်ကာလတွင် မြန်မာပြည်သူများအပေါ် အားပေးထောက်ခံမှုမပျက်ဘဲ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရန် ကုလကို မြန်မာသံအမတ်ကြီး တိုက်တွန်း ယမန်နေ့တွင် ကျင်းပသော ကုလသမဂ္ဂ၊ အမျိုးသားလွှတ်တော်များနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union - IPU) အကြား အပြန် အလှန် အထောက်အကူပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲ၌ မြန်မာသံအမတ်ကြီးက ထည့်သွင်းတိုက်တွန်းခြင်းဖြစ်သည်။ LuduNwayOoဇွန် 22, 2022
သတင်း မြန်မာပြည်သူများ၏ ဒုက္ခများ၊ ပဋိပက္ခများအမြန်အဆုံးသတ်လိုပါက စစ်တပ်ကို တရားဝင်မှု မပေးရန် သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလ၌ တိုက်တွန်း မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ကပ်ဘေးဒုက္ခကို ရပ်တန့်ရန် တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနှင့် တရားဝင် အရပ်သားအစိုးရအုပ်ချုပ်မှုတို့ မဖြစ်မနေ ပြန်လည်ရရှိရမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံတည်ထောင်ရန်လိုအပ်ကြောင်း သံအမတ်ကြီးက ပြောသည်။ LuduNwayOoဇွန် 14, 2022