Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကို အရေးယူနိုင်ရေး ICC အားအဆိုပြုရန် ကုလလုံခြုံရေးကောင်စီသို့ မြန်မာသံအမတ်ကြီး တိုက်တွန်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယခင်က နှစ်ကြိမ်နှစ်ခါ ဆောင်ရွက်ခဲ့သော အစဉ်အလာရှိခဲ့သည့်အတိုင်း မြန်မာစစ်တပ်မှ ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်၍ ရရှိထားသော သက်သေအထောက်အထားများကို အသုံးပြု၍ အရေးယူပေးနိုင်ရေးအတွက် ICC သို့ အဆိုပြုရမည်ဟု ၎င်းက တိုက်တွန်းခဲ့သည်။

စစ်တပ်ကို အရေးယူနိုင်ရေး ICC အားအဆိုပြုရန် ကုလလုံခြုံရေးကောင်စီသို့ မြန်မာသံအမတ်ကြီး တိုက်တွန်း
စစ်တပ်ကို အရေးယူနိုင်ရေး ICC အားအဆိုပြုရန် ကုလလုံခြုံရေးကောင်စီသို့ မြန်မာသံအမတ်ကြီး တိုက်တွန်း

▪️ထိရောက်သော အရေးယူဆောင်ရွက်မှုသို့ အသွင် ပြောင်းရမည့် အချိန်ရောက်နေပြီဟုဆို

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာစစ်တပ်ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်၍ အရေးယူနိုင်ရေးအတွက် နိုင်ငံတကာရာဇ၀တ်ခုံရုံး(ICC)ကို အဆိုပြုရမည်ဟု မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ယမန်နေ့တွင် တိုက်တွန်းသည်။

(၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆဋ္ဌမကော်မတီတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများဆိုင်ရာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းတစ်ရပ် ထွက်ပေါ်လာရေးအစီအစဥ် ဆွေးနွေးခဲ့ရာ ပြည်တွင်းလုပ်ဆောင်ချက်များဖြင့် မြန်မာပြည်သူများကို အကာအကွယ်မပေးနိုင်တော့သည့်အခြေအနေတွင် နိုင်ငံတကာအသိုင်းအဝန်းက အကာအကွယ်ပေးအပ်ရန် တာဝန်ရှိကြောင်း သံအမတ်ကြီးက ထောက်ပြဆွေးနွေးသည်။

စစ်တပ်ကို အရေးယူနိုင်ရေး ICC အားအဆိုပြုရန် ကုလလုံခြုံရေးကောင်စီသို့ မြန်မာသံအမတ်ကြီး တိုက်တွန်း
စစ်တပ်ကို အရေးယူနိုင်ရေး ICC အားအဆိုပြုရန် ကုလလုံခြုံရေးကောင်စီသို့ မြန်မာသံအမတ်ကြီး တိုက်တွန်း

အသက်အန္တရာယ်များကို ကာကွယ်ပေးရေးဟူသော နိုင်ငံတကာအသိုင်းအဝန်း၏ တာဝန်ဝတ္တရားအပေါ် လေးလေးနက်နက် မေးခွန်းထုတ်ရမည်ဖြစ်ပြီး စစ်တပ်မှ အပြစ်မဲ့ပြည်သူ များကို တရားမဝင်ညဉ်းပန်းနှိပ်စက် သတ်ဖြတ်နေခြင်းကို နိုင်ငံတကာက ဆိတ်ဆိတ်ထိုင်၍ လက်ပိုက်ကြည့်နေသည့် အနေအထားကို မြန်မာပြည်သူများက လက်မခံနိုင်သကဲ့သို့ ယခုအစည်းအဝေးခန်းတွင် ရှိသည့် မိမိတို့အနေဖြင့်လည်း မည်သို့မျှလက်ခံနိုင်မည် မဟုတ်ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

နိုင်ငံတကာဥပဒေပညာရှင်များက စစ်တပ်၏ လုပ်ဆောင်ချက်များကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်သည်ဟု သဘောတူညီထားပြီးဖြစ်ကာ စစ်တပ်အနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ ရိုဟင်ဂျာများအပါအဝင် လူနည်းစုများအပေါ်၌ အဆိုပါပြစ်မှုများကို ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်နေခဲ့ကြောင်း သံအမတ် ကြီးက အစီရင်ခံသည်။ ယင်းသို့ ပြစ်မှုကျူးလွန်နေသူများကို ဥပဒေကြောင်းအရ တရားစီရင်ရမည် ဖြစ်ကြောင်းလည်း ဆက်လက် တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMMမှ စုဆောင်းရရှိထားသည့် အချက်အလက်များအရလည်း မြန်မာစစ်တပ် ၏ ဒဏ်ခတ်ခြင်း မခံရသည့်အစဉ်အလာကို အပြီးတိုင်ရပ်တန့်ရန် အချိန်တန်ပြီဟု အတည်ပြုထားပြီး ယခုအချိန်သည် စုဆောင်းရရှိထားသည့် အချက်အလက်များကို ထိရောက်သော အရေးယူဆောင်ရွက်မှုသို့ အသွင်ပြောင်းရမည့် အချိန်ရောက်နေပြီဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယခင်က နှစ်ကြိမ်နှစ်ခါ ဆောင်ရွက်ခဲ့သော အစဉ်အလာရှိခဲ့သည့်အတိုင်း မြန်မာစစ်တပ်မှ ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်၍ ရရှိထားသော သက်သေအထောက်အထားများကို အသုံးပြု၍ အရေးယူပေးနိုင်ရေးအတွက် ICC သို့ အဆိုပြုရမည်ဟု ၎င်းက တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့