Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အသက်အန္တရာယ်ရှိသည့်ကြားကပင် စစ်အာဏာရှင်ကို မလိုလားကြောင်းထုတ်ဖော်ပြသသည့် ပြည်သူများကို ဦးညွှတ်လေးစားကြောင်း ကုလဆိုင်ရာမြန်မာသံအမတ်ကြီး ပြော

ထို့အပြင် ပြည်တွင်း၊ ပြည်ပ ရှိ မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးတောင်းဆိုလုပ်ဆောင်မှုများသည် အချည်းအနှီးမဖြစ်ဘဲ ပြည်သူ့ အသံ၊ ပြည်သူ့ဆန္ဒကို ထုတ်လွှင့်နိုင်လေလေ၊ မြန်မာပြည်သူများ၏ တန်ဖိုးကို နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိနေကြောင်း သံအမတ်ကြီးက ပြောသည်။

(နိုင်ငံတစ်ဝန်းဆန္ဒထုတ်​ဖော်မှုများ ။ဓါတ်ပုံ-CJ)
(နိုင်ငံတစ်ဝန်းဆန္ဒထုတ်​ဖော်မှုများ ။ဓါတ်ပုံ-CJ)

အသက်အန္တရာယ်ရှိသည့်ကြားကပင် စစ်အာဏာရှင်ကို မလိုလားကြောင်းထုတ်ဖော်ပြသသည့် နိုင်ငံတ၀န်းရှိ ပြည်သူများကို ကျေးဇူးတင် ဦးညွှတ်လေးစားကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

စက်တင်ဘာ ၁၃ ရက်က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပွဲမပြုလုပ်သေးမီ လူငယ်အချို့ကို စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည့်ဖြစ်ရပ်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက People’s Spring နှင့် သီးသန့်မေးမြန်းခန်းတွင် ပြောသည်။ အဆိုပါ ပန်းပင်ကြီးလမ်းဖြစ်စဥ်တွင် လူငယ်အချို့က ကုလသမဂ္ဂ၌ သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့် NUG အစိုးရကို အသိအမှတ်ပြုလက်ခံရေးနှင့် စစ်အာဏာရှင်ကို ငြင်းပယ်ရေးအတွက် ငြိမ်းချမ်းစွာတောင်းဆို ဆန္ဒပြရန်စီစဥ်ထားခြင်းဖြစ်သည်။

“ပြည်သူတွေ ဆန္ဒထုတ်ဖော်မှုကို အရမ်းကျေးဇူးတင်တယ်။ နောက်ပြီးတော့ အသက်အန္တရာယ်ရှိတဲ့ကြားက ဆောင်ရွက်နေတဲ့သူတွေကို လေးလည်းလေးစားတယ်။ ချီးလည်း ချီးကျူးတယ်။ တတယ်ကို salute လုပ်ပါတယ်။ ဒီကြားထဲမှာ မနေ့တနေ့က ပန်းပင်ကြီးလမ်းမှာ ကျွန်တော်တို့ လူငယ်အချို့ ဖမ်းဆီးခံရတာ ကြားသိရလို့ အရမ်းစိတ်မကောင်း ဖြစ်တယ်။ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေအတွက် ကျွန်တော်တို့ ဒီ့ထက် ဒီ့ထက် ဒီ့ထက် ဆယ်ဆမက အဆပေါင်းများစွာ ကြိုးစားသွားပြီးဆောင်ရွက်သွားပါမယ်။ အားလုံးလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ ကျွန်တော် မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်” ဟု ဦးကျော်မိုးထွန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကျရှုံးရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်ရေး စသည့် ရည်မှန်းချက်များဖြင့် ပြည်တွင်း၊ ပြည်ပရှိ မြန်မာပြည်သူများ၊ မြန်မာနွယ်ဖွားများက လက်ရှိအချိန်အထိ ဇွဲ၊ လုံ့လ၊ ဝိရိယ ရှိစွာ အသက်များ၊ ဘ၀များစွန့်ကာ ဆောင်ရွက်နေကြသည့်အတွက် လွန်စွာကျေးဇူးတင်ကြောင်း သံအမတ်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

(နိုင်ငံတစ်ဝန်းဆန္ဒထုတ်​ဖော်မှုများ ။ဓါတ်ပုံ-CJ)
(နိုင်ငံတစ်ဝန်းဆန္ဒထုတ်​ဖော်မှုများ ။ဓါတ်ပုံ-CJ)

“ကျွန်တော်တို့ ပြည်သူတွေကို မတရားသတ်ဖြတ်ညှင်းပမ်းနှိပ်စက်နေတဲ့ လူတွေကို တရားဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတာ၊ ကျွန်တော်တို့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ဖို့ ဆောင်ရွက်နေတာမှာ ဒီထက်ပိုပြီး မဆုတ်မနစ် တကယ်ကို လက်ချင်းယှက်ပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ဆက်ပြီးတော့ တိုက်ပွဲ၀င်ဆောင်ရွက် သွားပါမယ်။ အားလုံးလည်းဝိုင်း၀န်းကူညီ ဆောင်ရွက်ပေးကြဖို့ ထပ်မံလည်း တိုက်တွန်း မေတ္တာရပ်ခံအပ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

(နိုင်ငံတစ်ဝန်းဆန္ဒထုတ်​ဖော်မှုများ ။ဓါတ်ပုံ-CJ)
(နိုင်ငံတစ်ဝန်းဆန္ဒထုတ်​ဖော်မှုများ ။ဓါတ်ပုံ-CJ)

ထို့အပြင် ပြည်တွင်း၊ ပြည်ပ ရှိ မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးတောင်းဆိုလုပ်ဆောင်မှုများသည် အချည်းအနှီးမဖြစ်ဘဲ ပြည်သူ့ အသံ၊ ပြည်သူ့ဆန္ဒကို ထုတ်လွှင့်နိုင်လေလေ၊ မြန်မာပြည်သူများ၏ တန်ဖိုးကို နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိနေကြောင်း သံအမတ်ကြီးက ပြောသည်။

လက်ရှိတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးနေရာအတွက် ပြည်သူနှင့်တသားတည်းရပ်တည်သည့် ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုရေးအတွက် အွန်လိုင်း လက်မှတ်ထိုးတောင်းဆိုသည့်ကမ်းပိန်းလုပ်ဆောင်နေရာ ယနေ့ညပိုင်းအထိ လက်မှတ်ပေါင်း ၁ သိန်း ၁ သောင်း လိုအပ်နေသည်။ E-mail လိပ်စာတစ်ခုရှိရုံဖြင့် ပါဝင်နိုင်သည့် အဆိုပါ ကမ်းပိန်းကို ပါ၀င်ကြရန် ဦးဆောင်တက်ကြွလှုပ်ရှားသူများက နှိုးဆော်တိုက်တွန်းထားသည်။

ပါ၀င်လက်မှတ်ရေးထိုးရန် လင့်ခ်မှာ https://actionnetwork.org/…/myanmar-for-u-kyaw-moe-tun… ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါ စစ်ကောင်စီတပ် ကိုလည်း KIAက ချေမှုန်းတိုက်ခိုက်ခဲ့သည်။