Connect with us

Hi, what are you looking for?

သတင်း

အသက်အန္တရာယ်ရှိသည့်ကြားကပင် စစ်အာဏာရှင်ကို မလိုလားကြောင်းထုတ်ဖော်ပြသသည့် ပြည်သူများကို ဦးညွှတ်လေးစားကြောင်း ကုလဆိုင်ရာမြန်မာသံအမတ်ကြီး ပြော

ထို့အပြင် ပြည်တွင်း၊ ပြည်ပ ရှိ မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးတောင်းဆိုလုပ်ဆောင်မှုများသည် အချည်းအနှီးမဖြစ်ဘဲ ပြည်သူ့ အသံ၊ ပြည်သူ့ဆန္ဒကို ထုတ်လွှင့်နိုင်လေလေ၊ မြန်မာပြည်သူများ၏ တန်ဖိုးကို နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိနေကြောင်း သံအမတ်ကြီးက ပြောသည်။

(နိုင်ငံတစ်ဝန်းဆန္ဒထုတ်​ဖော်မှုများ ။ဓါတ်ပုံ-CJ)
(နိုင်ငံတစ်ဝန်းဆန္ဒထုတ်​ဖော်မှုများ ။ဓါတ်ပုံ-CJ)

အသက်အန္တရာယ်ရှိသည့်ကြားကပင် စစ်အာဏာရှင်ကို မလိုလားကြောင်းထုတ်ဖော်ပြသသည့် နိုင်ငံတ၀န်းရှိ ပြည်သူများကို ကျေးဇူးတင် ဦးညွှတ်လေးစားကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

စက်တင်ဘာ ၁၃ ရက်က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပွဲမပြုလုပ်သေးမီ လူငယ်အချို့ကို စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည့်ဖြစ်ရပ်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက People’s Spring နှင့် သီးသန့်မေးမြန်းခန်းတွင် ပြောသည်။ အဆိုပါ ပန်းပင်ကြီးလမ်းဖြစ်စဥ်တွင် လူငယ်အချို့က ကုလသမဂ္ဂ၌ သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့် NUG အစိုးရကို အသိအမှတ်ပြုလက်ခံရေးနှင့် စစ်အာဏာရှင်ကို ငြင်းပယ်ရေးအတွက် ငြိမ်းချမ်းစွာတောင်းဆို ဆန္ဒပြရန်စီစဥ်ထားခြင်းဖြစ်သည်။

“ပြည်သူတွေ ဆန္ဒထုတ်ဖော်မှုကို အရမ်းကျေးဇူးတင်တယ်။ နောက်ပြီးတော့ အသက်အန္တရာယ်ရှိတဲ့ကြားက ဆောင်ရွက်နေတဲ့သူတွေကို လေးလည်းလေးစားတယ်။ ချီးလည်း ချီးကျူးတယ်။ တတယ်ကို salute လုပ်ပါတယ်။ ဒီကြားထဲမှာ မနေ့တနေ့က ပန်းပင်ကြီးလမ်းမှာ ကျွန်တော်တို့ လူငယ်အချို့ ဖမ်းဆီးခံရတာ ကြားသိရလို့ အရမ်းစိတ်မကောင်း ဖြစ်တယ်။ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေအတွက် ကျွန်တော်တို့ ဒီ့ထက် ဒီ့ထက် ဒီ့ထက် ဆယ်ဆမက အဆပေါင်းများစွာ ကြိုးစားသွားပြီးဆောင်ရွက်သွားပါမယ်။ အားလုံးလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ ကျွန်တော် မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်” ဟု ဦးကျော်မိုးထွန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကျရှုံးရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်ရေး စသည့် ရည်မှန်းချက်များဖြင့် ပြည်တွင်း၊ ပြည်ပရှိ မြန်မာပြည်သူများ၊ မြန်မာနွယ်ဖွားများက လက်ရှိအချိန်အထိ ဇွဲ၊ လုံ့လ၊ ဝိရိယ ရှိစွာ အသက်များ၊ ဘ၀များစွန့်ကာ ဆောင်ရွက်နေကြသည့်အတွက် လွန်စွာကျေးဇူးတင်ကြောင်း သံအမတ်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

(နိုင်ငံတစ်ဝန်းဆန္ဒထုတ်​ဖော်မှုများ ။ဓါတ်ပုံ-CJ)
(နိုင်ငံတစ်ဝန်းဆန္ဒထုတ်​ဖော်မှုများ ။ဓါတ်ပုံ-CJ)

“ကျွန်တော်တို့ ပြည်သူတွေကို မတရားသတ်ဖြတ်ညှင်းပမ်းနှိပ်စက်နေတဲ့ လူတွေကို တရားဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတာ၊ ကျွန်တော်တို့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ဖို့ ဆောင်ရွက်နေတာမှာ ဒီထက်ပိုပြီး မဆုတ်မနစ် တကယ်ကို လက်ချင်းယှက်ပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ဆက်ပြီးတော့ တိုက်ပွဲ၀င်ဆောင်ရွက် သွားပါမယ်။ အားလုံးလည်းဝိုင်း၀န်းကူညီ ဆောင်ရွက်ပေးကြဖို့ ထပ်မံလည်း တိုက်တွန်း မေတ္တာရပ်ခံအပ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

(နိုင်ငံတစ်ဝန်းဆန္ဒထုတ်​ဖော်မှုများ ။ဓါတ်ပုံ-CJ)
(နိုင်ငံတစ်ဝန်းဆန္ဒထုတ်​ဖော်မှုများ ။ဓါတ်ပုံ-CJ)

ထို့အပြင် ပြည်တွင်း၊ ပြည်ပ ရှိ မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးတောင်းဆိုလုပ်ဆောင်မှုများသည် အချည်းအနှီးမဖြစ်ဘဲ ပြည်သူ့ အသံ၊ ပြည်သူ့ဆန္ဒကို ထုတ်လွှင့်နိုင်လေလေ၊ မြန်မာပြည်သူများ၏ တန်ဖိုးကို နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိနေကြောင်း သံအမတ်ကြီးက ပြောသည်။

လက်ရှိတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးနေရာအတွက် ပြည်သူနှင့်တသားတည်းရပ်တည်သည့် ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုရေးအတွက် အွန်လိုင်း လက်မှတ်ထိုးတောင်းဆိုသည့်ကမ်းပိန်းလုပ်ဆောင်နေရာ ယနေ့ညပိုင်းအထိ လက်မှတ်ပေါင်း ၁ သိန်း ၁ သောင်း လိုအပ်နေသည်။ E-mail လိပ်စာတစ်ခုရှိရုံဖြင့် ပါဝင်နိုင်သည့် အဆိုပါ ကမ်းပိန်းကို ပါ၀င်ကြရန် ဦးဆောင်တက်ကြွလှုပ်ရှားသူများက နှိုးဆော်တိုက်တွန်းထားသည်။

ပါ၀င်လက်မှတ်ရေးထိုးရန် လင့်ခ်မှာ https://actionnetwork.org/…/myanmar-for-u-kyaw-moe-tun… ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။