Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်းကို ဥရောပ သမဂ္ဂ အဖွဲ့ဝင် ဖြစ်ခွင့်ပြုခြင်းဟာ ရုရှားကို တုံ့ပြန်ဖို့ အရေးအကြီးဆုံး ခြေလှမ်းတစ်ခုလို့ ဥရောပ ကော်မရှင် အကြီးအကဲဆို

ဇီလန်စကီးဟာ ရုရှားနဲ့ စစ်ဖြစ်နေချိန် အတောအတွင်းမှာပဲ ယူကရိန်းကို ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံအဖြစ် အလျင်အမြန် အသိအမှတ် ပြုပေးဖို့ တရားဝင် လျှောက်ထား တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကိယက်ဗ်ကို ရောက်ရှိချိန်မှာတော့ ဗွန်ဒါလီယန်က ယူကရိန်းကို သမဂ္ဂ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုရေး လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ဇီလန်စကီးဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

ယူကရိန်းကို ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံအဖြစ် အလျင်အမြန် လက်ခံပေးလိုက်ခြင်းဟာ ရုရှားရဲ့ နယ်ချဲ့ အုပ်စိုးလိုမှုကို တွန်းလှန်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်လိမ့်မယ်လို့ ဥရောပ ကော်မရှင် အကြီးအကဲက ပြောကြားသွားခဲ့ပါတယ်။

ဥရောပ ကော်မရှင်ရဲ့ ဥက္ကဋ္ဌဖြစ်သူ အာဆူလာ ဗွန်ဒါလီယန်က လက်ရှိ အချိန်ကာလမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ဖို့ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေတဲ့ ယူကရိန်း စစ်သည်တွေရဲ့ အားထုတ်မှုဟာ အချည်းနှီး မဖြစ်သင့်ကြောင်း၊ ယူကရိန်းဟာ တစ်ချိန်ချိန်မှာ ရုရှားရဲ့ လောင်းရိပ်ကနေ လုံးဝ လွတ်မြောက်ပြီး လွတ်လွတ်လပ်လပ် ရပ်တည်ခွင့်ရဖို့ လိုအပ်ကြောင်း ဆိုပါတယ်။ ဗွန်ဒါလီယန်ဟာ မကြာသေးခင်ကမှ ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တော်ကို ကိုယ်တိုင် သွားရောက်ပြီး သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

ဇီလန်စကီးဟာ ရုရှားနဲ့ စစ်ဖြစ်နေချိန် အတောအတွင်းမှာပဲ ယူကရိန်းကို ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံအဖြစ် အလျင်အမြန် အသိအမှတ် ပြုပေးဖို့ တရားဝင် လျှောက်ထား တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကိယက်ဗ်ကို ရောက်ရှိချိန်မှာတော့ ဗွန်ဒါလီယန်က ယူကရိန်းကို သမဂ္ဂ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုရေး လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ဇီလန်စကီးဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

ပုံမှန်ဆိုရင်တော့ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံဖြစ်ရေး အသိအမှတ်ပြု လုပ်ငန်းစဉ်တွေက တစ်နှစ်လောက် ကြာလေ့ရှိကြောင်း၊ ယူကရိန်းနဲ့ ပတ်သက်လို့တော့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုကို အစပြုနိုင်ခဲ့ကြောင်း၊ ဇီလန်စကီးဆီ လွှဲပြောင်းပေးတဲ့ အသိအမှတ်ပြု စာရွက်တွေဟာ လုပ်ထုံးလုပ်နည်း ဆန်နေသေးတယ် ဆိုပေမယ့် ရှေ့ဆက်ဖို့ အရမ်းအရေးပါတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း ဗွန်ဒါလီယန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဗွန်ဒါလီယန်က ဥရောပ သမဂ္ဂဟာ ပြည်ပကို ထွက်ပြေးပြီး စစ်ဘေးရှောင်လာတဲ့ ယူကရိန်းပြည်သူ ၄ သန်းလောက်ကို ကူညီ ထောက်ပံ့နိုင်ရေးအတွက် ဒေါ်လာ ၁၇ ဘီလီယံလောက် ကျခံ သုံးစွဲဖို့ လျာထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ စစ်ပွဲကြောင့် ယူကရိန်း ပြည်တွင်းမှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၆ သန်းခွဲလောက် ရှိနေပါသေးတယ်။

လတ်တလောမှာတော့ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့ ဖြစ်ရပ်အပြီး အရင်က ကြားနေဝါဒ ကျင့်သုံးခဲ့တဲ့ ဥရောပ နိုင်ငံတွေကပါ သမဂ္ဂ အဖွဲ့ဝင်အဖြစ် ပူးပေါင်းဖို့ စိုင်းပြင်းလာကြပါတယ်။ သတင်းတွေအရ စကန်ဒီနေးဗီးယန်း ဒေသတွင်း နိုင်ငံတွေ ဖြစ်ကြတဲ့ ဖင်လန်နဲ့ ဆွီဒင်တို့ဟာ အခုနွေရာသီမှာ ဥရောပ သမဂ္ဂကို ဝင်ရောက်ခွင့်ရရေး စတင် လုပ်ဆောင်လာဖွယ် ရှိနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာ့ ဒီမိုကရေစီအရေးအပေါ် ဥရောပရဲ့ မပြောင်းလဲတဲ့ ရပ်တည်ချက်

နိုင်ငံတကာ

ဥရောပကို နျူကလီးယား လက်နက်တွေနဲ့ လွှမ်းခြုံ အကာအကွယ် ပေးနိုင်ဖို့အတွက် ပြင်သစ်ဟာ ဥရောပ ၁၀ နိုင်ငံနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားဆီက ဒုံးကျည် ပစ်ခတ်မှုတွေကို အမေရိကန်က စောင့်ကြည့်ပြီး ကြိုတင်သတိပေးတဲ့ စနစ်ဟာ အပြည့်အဝ ပြန်ပြီး လည်ပတ်နေပြီလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

တစ်လအတွင်း လူပေါင်း ၃၄,၁၄၅ ဦး၊ အရင်နှစ် အလားတူလနဲ့ နှိုင်းယှဉ်ရင် ၃၉ ရာခိုင်နှုန်း လျော့ကျသွားတဲ့ အရေအတွက်၊ ဥရောပသမဂ္ဂ (EU) ရဲ့ ခိုလှုံခွင့် လျှောက်ထားမှုဆိုင်ရာ ဒီနောက်ဆုံး စာရင်းအင်းတွေကို ကြည့်လိုက်ရင် ရွှေ့ပြောင်းနေထိုင်မှုနဲ့ ခိုလှုံခွင့် ပြဿနာဟာ လျော့ပါးလာနေပြီလို့ ထင်စရာ...