Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်း ထိပ်တန်း စစ်ဦးစီး တစ်ယောက်ကို သမ္မတ ဇီလန်စကီး ရုတ်တရက် ထုတ်ပယ်

မော်စကယ်လ်ယော့ဗ် ထုတ်ပယ်ခံရတဲ့ ကိစ္စ မတိုင်ခင် ကတည်းက ယူကရိန်း စစ်တပ်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲတချို့ ရှိခဲ့ပြီး ကာကွယ်ရေး ဝန်ကြီး အိုလက်ခ်စီ ရက်ဇ်နီကော့ဗ်တောင် ထုတ်ပယ် ခံရမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

စစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့တွေကို အဓိက ဦးဆောင်နေတဲ့ စစ်ဦးစီး အရာရှိ တစ်ယောက်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

အီဒူရက်ဒ် မော်စကယ်လ်ယော့ဗ်ကို ရာထူးက ဖယ်ရှားလိုက်တာနဲ့ ပတ်သက်လို့ ဇီလန်စကီးက ဘာအကြောင်းပြချက်မှ မပေးဘဲ ကြေညာချက်ကိုလည်း စာတစ်ကြောင်းတည်း တိုတိုတုတ်တုတ် ထုတ်ပြန်ခဲ့ပါတယ်။ မော်စကယ်လ်ယော့ဗ်ဟာ ယူကရိန်း ပူးပေါင်းစစ်ဆင်ရေးဌာန (JFO)ရဲ့ ဦးစီး အရာရှိဖြစ်ပြီး လက်ရှိ ဒွန်းဘက်စ်ဒေသမှာ ရုရှားတပ်တွေကို တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေကို ကွပ်ကဲနေသူတွေထဲက တစ်ဦးပါ။

သူဟာ ပြီးခဲ့တဲ့နှစ်၊ မတ်လ ကတည်းက အဲဒီရာထူးကို လက်ခံ ရရှိခဲ့တာ ဖြစ်ပါတယ်။ စစ်ရေးအရှိန် မြင့်တက်နေချိန်မှာ ဇီလန်စကီးက မော်စကယ်လ်ယော့ဗ်ကို ထုတ်ပယ်လိုက်တာဟာ အံ့ဩစရာ အခြေအနေ တစ်ခုလို့ သတ်မှတ်နိုင်ပြီး ယူကရိန်း အစိုးရ အဖွဲ့တွင်းမှာ အဂတိ လိုက်စားမှုတွေ ရှိနေတယ်ဆိုတဲ့ ပြဿနာနဲ့ ဆက်စပ်သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

JFOဟာ ၂၀၁၄ ခုနှစ်မှာ ရုရှားက ခရိုင်းမီးယား ဒေသကို ကျူးကျော် သိမ်းယူခဲ့တဲ့နောက် ဒေသတွင်း ယူကရိန်း ပြည်သူ့စစ်အဖွဲ့ တစ်ခုအနေနဲ့ စတင် ဖွဲ့စည်းခဲ့ပါတယ်။ ဒွန်းဘက်စ်မှာ အဓိက လှုပ်ရှားနေတဲ့ တပ်ဖွဲ့ဟာ နောက်ပိုင်းမှာ ယူကရိန်း အစိုးရ စစ်တပ် လက်အောက်ခံ ဖြစ်လာသလို ရုရှားရဲ့ ကျူးကျော်စစ် နောက်ပိုင်းမှာလည်း လက်သံပြောင်ပြောင် ခုခံ တိုက်ခိုက်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မော်စကယ်လ်ယော့ဗ် ထုတ်ပယ်ခံရတဲ့ ကိစ္စ မတိုင်ခင် ကတည်းက ယူကရိန်း စစ်တပ်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲတချို့ ရှိခဲ့ပြီး ကာကွယ်ရေး ဝန်ကြီး အိုလက်ခ်စီ ရက်ဇ်နီကော့ဗ်တောင် ထုတ်ပယ် ခံရမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ရက်ဇ်နီကော့ဗ်က မူလရာထူးမှာ ဆက်ရှိနေပြီး ဒုတိယ ကာကွယ်ရေး ဝန်ကြီး ၃ ဦးကိုပဲ အသစ်ခန့်အပ်ခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲ တစ်နှစ်ကျော်လွန်လာတဲ့ လက်ရှိ ကာလမှာတော့ နိုင်ငံ အရှေ့ပိုင်း၊ ဒွန်းဘက်စ် ပြည်နယ်ထဲက ဘက်ခ်မတ်မြို့မှာ နှစ်ဖက် တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်နေပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ယူကရိန်းဟာ ဘက်ခ်မတ်ကို သေချာပေါက် ဆက်ထိန်းချုပ်ထားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။