Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပီရူးမှာ ကပ်ရောဂါကြောင့် သေဆုံးသူ မူလ ထုတ်ပြန်ထားတာထက် နှစ်ဆကျော် ပိုများနေ

ကပ်ရောဂါကြောင့် သေဆုံးသူ ဦးရေဟာ မူလ ထုတ်ပြန်ထားတာထက် နှစ်ဆကျော် များပြားခဲ့ကြောင်း ပီရူးအစိုးရက အတည်ပြု ကြေညာခဲ့ပါတယ်။

မူလက ပီရူးမှာ Covid-19ကြောင့် သေဆုံးသူ ၆၉၀၀၀ ကျော် ရှိခဲ့တယ်လို့ စာရင်းထုတ်ထားပေမယ့် ပြန်လည် စိစစ်မှုတွေ အပြီးမှာတော့ အမှန်တကယ် သေဆုံးသူ ၁၈၀၀၀၀ ကျော်ထိ များပြားခဲ့ကြောင်း အစိုးရက ဝန်ခံခဲ့ပါတယ်။ ပီရူး ဝန်ကြီးချုပ် ဗိုင်ယိုလက်တာ ဘာမြူဒက်ဇ်က ပြည်တွင်းပြည်ပ ကျွမ်းကျင် ပညာရှင်တွေရဲ့ စစ်ဆေးမှု ရလဒ်တွေကို ကိုးကားပြီး စာရင်း ပြင်ဆင်ခဲ့တာလို့ ပြောကြားသွားပါတယ်။

စာရင်း အသစ်အရ ပီရူးဟာ ကမ္ဘာပေါ်မှာ နိုင်ငံသား ဦးရေနဲ့ယှဉ်ရင် Covid-19ကြောင့် သေဆုံးမှု အချိုးအစား အများဆုံး နိုင်ငံ ဖြစ်လာကြောင်း ဂျွန်ဟော့ပ်ကင်းစ် သုတေသန တက္ကသိုလ်က မှတ်ချက် ပြုခဲ့ပါတယ်။ မှန်ကန်တဲ့ သတင်း အချက်အလက်ကို ပြည်သူတွေဆီ အသိပေးဖို့က အစိုးရရဲ့ တာဝန်ဖြစ်တယ်လို့ ဘာမြူဒက်ဇ်က ဆိုပါတယ်။

အရင်က ဟန်ဂေရီဟာ လူဦးရေ တစ်သိန်းမှာ Covid-19ကြောင့် သေဆုံးသူ ၃၀၀ ဝန်းကျင် ရှိခဲ့ရာက အခုတော့ ပီရူးဟာ လူ တစ်သိန်းရှိရင် ၅၀၀ ကျော် သေတဲ့ အချိုးအစားနဲ့ ထိပ်ဆုံးနေရာ ရောက်လာခဲ့ပါတယ်။ တောင်အမေရိကတိုက်ဟာ Covid-19 ကူးစက်မှု အဆိုးဆုံး ဇုန်နယ်မြေတစ်ခု ဖြစ်ခဲ့ပြီး ပီရူးကတော့ အခြေအနေ အဆိုးတကာ့ အဆိုးဆုံးလို့ သတ်မှတ်နိုင်ပါတယ်။

ပီရူး အပါအဝင် တောင်အမေရိက ဒေသတွင်း နိုင်ငံတွေမှာ ကာကွယ်ဆေး ထိုးနှံဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပေမယ့် အခြေအနေ အမျိုးမျိုးကြောင့် နှောင့်နှေးမှုတွေ ကြုံတွေ့နေကြောင်းလည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်မှုတွေကို ဟန့်တားဖို့အတွက် ချီလီ အစိုးရဟာ ပီရူး၊ ဘိုလီးဗီးယား နိုင်ငံတွေနဲ့ ထိစပ်ရာ မြောက်ပိုင်း နယ်စပ်မှာ စည်းရိုးကာရံ တည်ဆောက်ဖို့ စတင် လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ပီရူးနိုင်ငံက မြစ်ဆိပ် တစ်နေရာမှာ ကမ်းကပ်ထားတဲ့ မြစ်ကြောင်းသွား ခရီးသည်တင် ရေယာဉ် နှစ်စီးပေါ်ကို ကမ်းပါးပြိုကျလို့ လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အလယ်ပိုင်းက ဝူဟန်မြို့ဟာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အစပြုခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ အဲဒီတုန်းက မြို့တွင်းမှာ ဖြစ်ပွားနေတဲ့ ကူးစက်မှု အခြေအနေတွေကို ကမ္ဘာသိ ဖွင့်ချပြခဲ့တဲ့သူတချို့ ပျောက်ဆုံးသွားပြီး အဲဒီထဲမှာ ဖန်ဘင်လည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။