Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရုတ်ရဲ့ စစ်အင်အား ချဲ့ထွင်မှုတွေနဲ့ ပတ်သက်လို့ NATO အကြီးအကဲ သတိပေး

တရုတ်ရဲ့ စစ်အင်အား ချဲ့ထွင် တည်ဆောက်မှုတွေကို အလေးထားဖို့လိုကြောင်း NATO မဟာမိတ်အဖွဲ့ အကြီးအကဲက သတိပေး ပြောကြားလိုက်ပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့မှာ ကျင်းပတဲ့ အထူး အစည်းအဝေးကို NATO အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီ အစည်းအဝေးမှာ NATOရဲ့ အကြီးအကဲ ယန်စတိုလ်တန်ဘာ့ဂ်က တရုတ်ရဲ့ စစ်အင်အားနဲ့ ပတ်သက်လို့ သတိပေးသွားခဲ့တာပါ။

တရုတ်ရဲ့ စစ်ရေး နည်းပညာဟာ NATO အဖွဲ့နဲ့ တဖြည်းဖြည်း တန်းတူ ယှဉ်နိုင်လောက်အောင် မြင့်တက်လာနေကြောင်း စတိုလ်တန်ဘာ့ဂ်က ဆိုပါတယ်။ တရုတ်ဟာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်မှုကို တိုးမြှင့်နေပြီး စစ်ရေး အသုံးစရိတ်နဲ့ ပတ်သက်လို့လည်း ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ တရုတ်ဟာ စစ်အင်အား တိုးချဲ့ရေးကို အကြံကြီးကြီးနဲ့ စနစ်တကျ အကောင်အထည် ဖော်နေကြောင်း စတိုလ်တန်ဘာ့ဂ်က ပြောကြားသွားပါတယ်။

ဒါပေမဲ့ NATO အနေနဲ့ တရုတ်ကို ပြိုင်ဆိုင်ဖို့ ခေတ်သစ် စစ်အေးတိုက်ပွဲတစ်ခု စတင်ချင်တဲ့ ဆန္ဒမျိုးတော့ မရှိဘူးလို့လည်း သူက ဆိုပါတယ်။ NATOဟာ နိုင်ငံရေးနဲ့ စစ်ရေးအရ အားအကောင်းဆုံး မဟာမိတ် အင်အားစု တစ်ခုဖြစ်ပြီး ဥရောပနဲ့ မြောက်အမေရိက နိုင်ငံ ၃၀ စုဖွဲ့ထားတာပါ။ ကွန်မြူနစ်စနစ် လွှမ်းမိုးမှုကို ဆန့်ကျင် တုံ့ပြန်ဖို့အတွက် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းမှာ ဒီအဖွဲ့ကို စတင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မကြာသေးခင် နှစ်ပိုင်းတွေအတွင်း အဖွဲ့တွင်း အသုံးစရိတ်နဲ့ ရည်မှန်းချက်တွေအပေါ် အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေကြား သဘောထား ကွဲလွဲမှုတွေ မြင်လာရပါတယ်။ အထူးသဖြင့် အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်ခဲ့တဲ့ အချိန်တွေမှာ ဥရောပ နိုင်ငံ ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေး အစိုင်အခဲတွေ ဖြစ်လာတာ ထင်ထင်ရှားရှား တွေ့မြင်နေရပါတယ်။ ထရမ့်ရဲ့ နေရာကို ဆက်ခံခဲ့တဲ့ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကတော့ သက်တမ်း ၇၂ နှစ် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ မဟာမိတ် အင်အားစုကို ပြန်လည် ဦးဆောင် စုစည်းသွားဖို့ လိုလားကြောင်း ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ဟာ စစ်သည်အင်အား စုဖွဲ့မှုအရ ကမ္ဘာပေါ်မှာ အတောင့်တင်းဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားပြီး အမြဲတမ်း စစ်မှုထမ်းနေသူ ၂ သန်းကျော် ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်ဟာ အရှေ့အာရှမှာ ဩဇာဖြန့်ကျက်ဖို့ ပိုမို အားထည့်လာသလို အာဖရိက နိုင်ငံတချို့မှာလည်း စစ်စခန်းတွေ ဖြန့်ကျက် တည်ဆောက်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။