Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒုတိယ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ ပြန်ဝင်မယ်လို့ ဖိလစ်ပိုင် သမ္မတ အတည်ပြု

သူကိုယ်စားပြုနေတဲ့ ပီဒီပီ လာဘန် ပါတီကလည်း ရွေးကောက်ပွဲဝင် ဒုတိယ သမ္မတလောင်း နေရာမှာ ဒူတာတေးကို ရွေးချယ်လိုက်ကြောင်း ထုတ်ပြန်သွားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ဒုတိယ သမ္မတ ရာထူးအတွက် ပါဝင် ယှဉ်ပြိုင်သွားမယ်လို့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက အတည်ပြု ကြေညာလိုက်ပါတယ်။

သူကိုယ်စားပြုနေတဲ့ ပီဒီပီ လာဘန် ပါတီကလည်း ရွေးကောက်ပွဲဝင် ဒုတိယ သမ္မတလောင်း နေရာမှာ ဒူတာတေးကို ရွေးချယ်လိုက်ကြောင်း ထုတ်ပြန်သွားပါတယ်။ ပါတီ အနေနဲ့ လွှတ်တော်အမတ် ခရစ္စတိုဖာဂိုကို လာမယ့် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲဝင် သမ္မတလောင်းအဖြစ် ရွေးချယ်သွားဖွယ် ရှိနေပါတယ်။

ပါတီဟာ စက်တင်ဘာ ၈ ရက်၊ အမျိုးသား ညီလာခံကျရင် ကိုယ်စားပြု သမ္မတလောင်းနဲ့ ဒုတိယ သမ္မတလောင်းတွေရဲ့ နာမည်ကို တရားဝင် တင်သွင်းသွားမှာပါ။ ပါတီရဲ့ ဒုတိယ အမှုဆောင် ဥက္ကဋ္ဌ ကာလို နိုဂရာလက်စ်က ဒူတာတေး အနေနဲ့ ဒုတိယ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ခြင်းက ပြည်သူ့ကောင်းကျိုးအတွက် အနစ်နာခံမှု တစ်ခုလို့ သတ်မှတ်နိုင်ကြောင်း ပြောကြားသွားပါတယ်။

ဖိလစ်ပိုင်ရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ လက်ရှိ အာဏာရ သမ္မတဟာ ရွေးကောက်ပွဲ ထပ်ဝင်ခွင့် မရှိပါဘူး။ ဒါကြောင့် ဖိလစ်ပိုင်မှာ လူကြိုက်များနေတဲ့ အသက် ၇၆ နှစ်အရွယ် သမ္မတဟာ ဒုတိယ သမ္မတလောင်း အနေနဲ့သာ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဖိလစ်ပိုင်မှာ ဒုတိယ သမ္မတကို သမ္မတက ခန့်အပ်ခွင့် မရှိဘဲ ရွေးကောက်ပွဲမှာ သီးသန့် ယှဉ်ပြိုင်ရပါတယ်။ ပြီးတော့ သမ္မတနဲ့ ခြားနားတဲ့ သီးခြား လုပ်ပိုင်ခွင့်တွေလည်း ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းက ဒူတာတေးရဲ့ သမီးဖြစ်ပြီး လက်ရှိ ဒါဗာအို မြို့တော်ဝန်အဖြစ် တာဝန်ယူနေတဲ့ ဆာရာ ဒူတာတေး ကာပီရိုနဲ့ ဖိလစ်ပိုင် လက်ဝှေ့ အကျော်အမော်နဲ့ လွှတ်တော်အမတ် မန်နီ ပက်ကွီအိုတို့ကလည်း သမ္မတလောင်း နေရာအတွက် ပါဝင်ယှဉ်ပြိုင်ဖို့ စဉ်းစားနေကြောင်း အသီးသီး ပြောကြားထားဖူးပါတယ်။

ပက်ကွီအိုဟာ သမ္မတ ဒူတာတေးရဲ့ နိုင်ငံရေး မဟာမိတ် တစ်ဦး ဖြစ်ခဲ့ပေမယ့် လတ်တလောမှာတော့ နှစ်ဦးကြား ဆက်ဆံရေး အစိုင်အခဲတချို့ ရှိနေပါတယ်။ အထူးသဖြင့် တောင်တရုတ်ပင်လယ် အရေးနဲ့ ပတ်သက်လို့ ဒူတာတေးရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ ကပ်ရောဂါ ထိန်းချုပ်ရေး မူဝါဒတွေကို ပက်ကွီအိုက လူသိရှင်ကြား ဝေဖန်ခဲ့ရာက သမ္မတနဲ့ တင်းမာမှုတွေ ရှိနေတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ အကျဉ်းချ ခံနေရတဲ့ လူသတ်သမား၊ မူးယစ်ရာဇာ တစ်ဦးဟာ ဒရုန်းမှာ တွဲလောင်းခိုစီးပြီး ထောင်ဖောက် ထွက်ပြေးဖို့ ကြံစည်ထားပေမယ့် အစမ်းလေ့ကျင့်မှု ဗီဒီယို ပေါက်ကြားသွားလို့ အစီအစဉ် ပျက်ပြယ်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆို ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ စက်တင်ဘာ ၁၆ ရက်နေ့တုန်းက ICCရဲ့ ကနဦးအဆင့် ကြားနာမှု အစီအစဉ်ကို လူကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။