Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မိခင်အလောင်းကို တစ်နှစ်ကျော် ဝှက်ထားပြီး ပင်စင်လိမ်စားနေတဲ့ အမျိုးသား

အသက် ၆၆ နှစ်အရွယ် အမျိုးသားဟာ မိခင်ဖြစ်သူ သေဆုံးသွားပြီးချိန်မှာ အလောင်းကို မြေတိုက်ခန်းထဲထည့်ပြီး ဝှက်ထားခဲ့ပါတယ်။

မိခင်ရဲ့ အလောင်းကို တစ်နှစ်ကျော် ဝှက်ထားပြီး ပင်စင်လစာ လိမ်ထုတ်နေတဲ့ အမျိုးသား တစ်ဦးကို ဩစတြီးယား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အသက် ၆၆ နှစ်အရွယ် အမျိုးသားဟာ မိခင်ဖြစ်သူ သေဆုံးသွားပြီးချိန်မှာ အလောင်းကို မြေတိုက်ခန်းထဲထည့်ပြီး ဝှက်ထားခဲ့ပါတယ်။ ပြီးတော့ အလောင်းကို ပတ်တီးတွေစည်း၊ ရေခဲအိတ်တွေ သုံးပြီး အနံ့မထွက်အောင် ဖုံးဖိထားခဲ့ပါတယ်။

အရင်ကတည်းက ကျန်းမာရေး ပြဿနာတွေ ရှိနေတဲ့ အသက် ၈၉ နှစ်အရွယ် အဖွားအိုဟာ သွေးရိုးသားရိုး သေဆုံးသွားခဲ့တာလို့ ရဲတွေက ယုံကြည်နေပါတယ်။ အဖွားအို ကွယ်လွန်ချိန်ဟာ မနှစ်က၊ ဇွန်လလောက်က ဖြစ်နိုင်ပြီး ဒီအတောအတွင်း သူ့သားက ပင်စင်ကြေး ယူရို ငါးသောင်းလောက် ထုတ်သုံးခဲ့ပါတယ်။

နိုင်ငံ အနောက်ပိုင်း တိုင်ရောလ်မှာ နေထိုင်တဲ့ အမျိုးသားဟာ တခြား ဝင်ငွေလည်း မရှိပါဘူး။ တကယ်လို့ သူဟာ မိခင်ဖြစ်သူ သေဆုံးကြောင်း သတင်းပို့ခဲ့မယ်ဆိုရင် ပင်စင် ထောက်ပံ့ကြေးက ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့်လည်း မိခင်သေဆုံးတာကို ဖုံးကွယ်ပြီး တစ်နှစ်ကျော် ကြာတဲ့ထိ ပင်စင် လိမ်ထုတ်နေခဲ့တာပါ။ နောက်တော့ ပင်စင်ရုံးက သူ့အမေကို လူကိုယ်တိုင် ခေါ်မလာရင် ပင်စင် ထုတ်မပေးဘူးလို့ ပြောလိုက်တဲ့အခါ အမျိုးသားက ပေါ်မလာတော့ပါဘူး။ ဒီအခြေအနေကို မသင်္ကာလို့ သက်ဆိုင်ရာကို တိုင်လိုက်တော့မှ အမှုမှန် ပေါ်လာတာပါ။

အမျိုးသားက သူဟာ မိခင်ရဲ့ နာရေးစရိတ် မတတ်နိုင်သလို အိမ်ငှားခတွေ ပေးစရာ ရှိနေလို့ မရိုးမသား ကြံစည်မိကြောင်း ဝန်ခံပါတယ်။ သူဟာ ညီဖြစ်သူကိုလည်း မိခင်က သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာ ရောက်နေတယ်လို့ လိမ်ညာထားပြီး သွားတွေ့ရင်လည်း မှတ်မိတော့မှာ မဟုတ်ဘူးလို့ လိမ်ညာထားခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ယာလန်နဲ့ သြစတြေးလျနိုင်ငံရောက်မြန်မာတွေ စုပေါင်းပြီး (၃၈) နှစ်မြောက် ၈လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုတွေ သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖျော်ဖြေပွဲစင်မြင့်တွေမှာ မမြင်ရတာကြာပြီဖြစ်တဲ့ အဆိုတော် မောင်‌မောင်ဇော်လတ် ပါဝင်တဲ့ ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဩဂုတ်လ ၁ ရက်ကပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံက လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်မယ့် Together for Tomorrow ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံရဲ့ မြို့ သုံး မြို့မှာ ပြုလုပ်သွားမှာပါ။

နိုင်ငံတကာ

ဩစတြေးလျ နိုင်ငံမှာ ရှားပါးလှတဲ့ အခြေအနေတစ်ခုအဖြစ် ရုပ်ချင်းအရမ်းတူတဲ့ လေးမြွှာပူး သမီးလေးတွေ ဖွားမြင်ခဲ့ကြောင်း သိရပါတယ်။