Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန် ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ့် ကီရှီဒါ

လစ်ဘရယ် ဒီမိုကရက် ပါတီထဲမှာ ပြုလုပ်တဲ့ မဲပေးမှုတွေမှာ ကီရှီဒါဟာ လက်ရှိ ကာကွယ်ဆေး ထိုးနှံရေးဌာန ဝန်ကြီးဖြစ်သူ တာရို ကိုနိုကို အသာရခဲ့တာပါ။ လစ်ဘရယ် ဒီမိုကရက် ပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်း နိုင်ငံရေး အင်အားစုဟာ ဂျပန်ရဲ့ လွှတ်တော် နှစ်ရပ်စလုံး အင်အား အသာစီးနဲ့ ရှိနေပါတယ်။

အာဏာရ ပါတီတွင်းမှာ မဲပေး ရွေးချယ်မှုအရ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဖူမီယို ကီရှီဒါဟာ ဂျပန် ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ်လို့ သိရပါတယ်။

လစ်ဘရယ် ဒီမိုကရက် ပါတီထဲမှာ ပြုလုပ်တဲ့ မဲပေးမှုတွေမှာ ကီရှီဒါဟာ လက်ရှိ ကာကွယ်ဆေး ထိုးနှံရေးဌာန ဝန်ကြီးဖြစ်သူ တာရို ကိုနိုကို အသာရခဲ့တာပါ။ လစ်ဘရယ် ဒီမိုကရက် ပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်း နိုင်ငံရေး အင်အားစုဟာ ဂျပန်ရဲ့ လွှတ်တော် နှစ်ရပ်စလုံး အင်အား အသာစီးနဲ့ ရှိနေပါတယ်။

ဒါကြောင့်လည်း ကီရှီဒါကို ဝန်ကြီးချုပ် ရာထူး ခန့်အပ်ဖို့ လွှတ်တော်မှာ မဲပေး အတည်ပြုရေးက ပါတီအတွက် ဘယ်လို အဟန့်အတားမှ ရှိလာမှာ မဟုတ်ပါဘူး။ ဝန်ကြီးချုပ်သစ် နေရာအတွက် ကီရှီဒါနဲ့ ကိုနိုတို့အပြင် အမျိုးသမီး အမတ်တွေ ဖြစ်ကြတဲ့ ဆာနေ တာကီချီ၊ ဆီကို နိုဒါတို့ပါ ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ ကိုနိုနဲ့ ကီရှီဒါတို့ နှစ်ယောက်တည်းရဲ့ အားပြိုင်မှုအသွင် ဆောင်ခဲ့ပြီး ကီရှီဒါက ၂၅၇-၁၇၀ ဆိုတဲ့ မဲရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့ပါတယ်။ အသက် ၆၄ နှစ်အရွယ် ကီရှီဒါဟာ နိုဝင်ဘာ လကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်အဖြစ် ယှဉ်ပြိုင်သွားရတော့မှာပါ။ ပြည်တွင်းမှာ လူကြိုက်များမှု ကျဆင်းလာတဲ့ လက်ရှိ ဝန်ကြီးချုပ် ယိုရှီဟီဒီ ဆူဂါက ပါတီ အကြီးအကဲ နေရာအတွက် ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့တဲ့နောက် ဝန်ကြီးချုပ် ရာထူးကိုပါ လက်လွှတ်ရမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လေ့လာသူတွေက ကီရှီဒါဟာ ဂျပန်ရဲ့ လက်ရှိ နိုင်ငံရေး မူဝါဒတွေမှာ ကြီးကြီးမားမား အပြောင်းအလဲ လုပ်လာဖွယ် မရှိဘူးလို့ သုံးသပ်ကြပါတယ်။ သူ့ရဲ့ ပြိုင်ဘက် ဖြစ်ခဲ့တဲ့ ကိုနိုက နိုင်ငံရေးမှာ ဗျူရိုကရက်တစ် အဟန့်အတားတွေကို ပိုမို ဖယ်ရှားဖို့၊ သန့်စင်စွမ်းအင် မူဝါဒတွေ ချမှတ်ဖို့၊ လိင်တူချင်း ထိမ်းမြား လက်ထပ်မှုကို ခွင့်ပြုဖို့ အစရှိတဲ့ ပြောင်းလဲမှုတွေကို အဆိုပြုခဲ့သူပါ။

ဒါပေမဲ့ အာဏာရ ပါတီ ခေါင်းဆောင်ပိုင်းကတော့ ယဉ်ကျေးမှု စံတန်ဖိုးတွေကို ထိန်းသိမ်းလိုနေပြီး ကိုနိုရဲ့ အတွေးအမြင်တွေနဲ့ ပွတ်တိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ကီရှီဒါကတော့ သူဟာ ဂျပန်မှာ လိင်တူချင်း ထိမ်းမြား လက်ထပ်ခွင့်ကို ထောက်ခံဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ယူဆကြောင်း ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒူဂျူယန် တိုက်ခတ်မှုကြောင့် ဂျပန်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

Facebook