Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကိုဗစ်ကြောင့် သေဆုံးသူတွေအတွက် ဒေါ်လာ သန်း ၃၀၀ ကျော် နစ်နာကြေး ပေးမယ့် အိန္ဒိယ

ဒီသတ်မှတ်ချက်အရ သေမှုသေခင်းမှာ ကိုဗစ်ကြောင့် မဟုတ်ဘူးဆိုပြီး ပါရှိရင်တောင် ရက် ၃၀ အတွင်း ဖျားနာ သေဆုံးရင် နစ်နာကြေး ပေးချေဖို့ ဘယ်ပြည်နယ် အစိုးရ အာဏာပိုင်ကမှ ငြင်းဆန်ခွင့် မရှိဘူးလို့လည်း တရားရုံးချုပ်က ဆုံးဖြတ်ပေးခဲ့ပါတယ်။

ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့သူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို နစ်နာကြေး ပေးအပ်ဖို့ အိန္ဒိယ အစိုးရက စီစဉ်နေကြောင်း သိရပါတယ်။

အိန္ဒိယ ဗဟိုအစိုးရက ကပ်ရောဂါကြောင့် သေဆုံးသူ တစ်ဦးချင်းအတွက် ဒေါ်လာ ၆၇၀ လောက်နဲ့ ညီမျှတဲ့ နစ်နာကြေး သတ်မှတ်ပေးချေမယ့် အစီအစဉ်ကို တရားရုံးချုပ်က အောက်တိုဘာ ၄ ရက်မှာ လက်ခံ အတည်ပြုပေးလိုက်ပါတယ်။ အိန္ဒိယရဲ့ လက်ရှိ အသေအပျောက် စာရင်းတွေအရ အစိုးရဟာ နစ်နာကြေး ဒေါ်လာ သန်း ၃၀၀ ကျော်လောက် ကုန်ကျမယ့် သဘောပါ။

အစိုးရက တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အိန္ဒိယမှာ ရောဂါကြောင့် သေဆုံးသူ ၄ သိန်းခွဲ ဝန်းကျင် ရှိနေကြောင်း သိရပါတယ်။ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနဟာ ဒီကိစ္စအတွက် တရားရုံးချုပ်မှာ အပြန်အလှန် ကြားနာ သုံးသပ်မှုတွေ ကာလအတန်ကြာ လုပ်ဆောင်ခဲ့ရပါတယ်။ အစိုးရက နစ်နာကြေး ပေးမယ့်ထဲမှာ ရောဂါရှိနေကြောင်း သိသွားချိန် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသူတွေရဲ့ မိသားစုဝင်တွေလည်း အကျုံးဝင်ပါတယ်။

လူတစ်ဦးဟာ ရောဂါဖြစ်နေကြောင်း ဆေးစစ် အတည်ပြုပြီး ရက်ပေါင်း ၃၀ အတွင်းမှာ ဖျားနာ သေဆုံးသွားရင် သူ့မိသားစုက နစ်နာကြေး ရရှိမှာပါ။ ဒါပေမဲ့ ရက် ၃၀ ကျော်မှ ကွယ်လွန်သွားတာ ဆိုရင်တော့ ကိုဗစ်ကြောင့် သေဆုံးရတာ မဟုတ်ဘူးလို့ သတ်မှတ်မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီသတ်မှတ်ချက်အရ သေမှုသေခင်းမှာ ကိုဗစ်ကြောင့် မဟုတ်ဘူးဆိုပြီး ပါရှိရင်တောင် ရက် ၃၀ အတွင်း ဖျားနာ သေဆုံးရင် နစ်နာကြေး ပေးချေဖို့ ဘယ်ပြည်နယ် အစိုးရ အာဏာပိုင်ကမှ ငြင်းဆန်ခွင့် မရှိဘူးလို့လည်း တရားရုံးချုပ်က ဆုံးဖြတ်ပေးခဲ့ပါတယ်။

ဒီဥပဒေဟာ စေတနာကောင်းနဲ့ ရန်ပုံငွေတစ်ရပ် ထူထောင်ပေးတာမျိုး မဟုတ်ကြောင်း၊ ဒါဟာ လူတစ်ဦးချင်း ဥပဒေကြောင်းအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးသာဖြစ်ကြောင်း အခုကိစ္စကို စတင်ဆော်ဩ တောင်းဆိုခဲ့သူ ဂွာရက်ဗ် ဘန်ဆဲလ်က ပြောပါတယ်။

နစ်နာကြေး ရလိုကြောင်း လျှောက်ထားတဲ့ မိသားစုတွေဟာ အချက်အလက်တွေ စစ်ဆေးပြီးရင် ရက်ပေါင်း ၃၀ လောက်အတွင်း တာဝန်ရှိသူတွေဆီက အကြောင်းပြန်မှုကို လက်ခံရရှိမယ်လို့လည်း သူက ခန့်မှန်းခဲ့ပါတယ်။

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ရောဂါ ကူးစက်ခံရသူ ဒုတိယ အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပြီး လူနာပေါင်း ၃၃.၈ သန်းကျော် အတည်ပြု တွေ့ရှိထားပါတယ်။ ဒါပေမဲ့ ဆေးစစ်နိုင်စွမ်း အားနည်းချက်တွေကြောင့် လက်တွေ့မှာ ကူးစက်လူနာ ဦးရေက အဲဒီထက် အများကြီး ပိုနေနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။