Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုဗစ်ကြောင့် သေဆုံးသူတွေအတွက် ဒေါ်လာ သန်း ၃၀၀ ကျော် နစ်နာကြေး ပေးမယ့် အိန္ဒိယ

ဒီသတ်မှတ်ချက်အရ သေမှုသေခင်းမှာ ကိုဗစ်ကြောင့် မဟုတ်ဘူးဆိုပြီး ပါရှိရင်တောင် ရက် ၃၀ အတွင်း ဖျားနာ သေဆုံးရင် နစ်နာကြေး ပေးချေဖို့ ဘယ်ပြည်နယ် အစိုးရ အာဏာပိုင်ကမှ ငြင်းဆန်ခွင့် မရှိဘူးလို့လည်း တရားရုံးချုပ်က ဆုံးဖြတ်ပေးခဲ့ပါတယ်။

ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့သူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို နစ်နာကြေး ပေးအပ်ဖို့ အိန္ဒိယ အစိုးရက စီစဉ်နေကြောင်း သိရပါတယ်။

အိန္ဒိယ ဗဟိုအစိုးရက ကပ်ရောဂါကြောင့် သေဆုံးသူ တစ်ဦးချင်းအတွက် ဒေါ်လာ ၆၇၀ လောက်နဲ့ ညီမျှတဲ့ နစ်နာကြေး သတ်မှတ်ပေးချေမယ့် အစီအစဉ်ကို တရားရုံးချုပ်က အောက်တိုဘာ ၄ ရက်မှာ လက်ခံ အတည်ပြုပေးလိုက်ပါတယ်။ အိန္ဒိယရဲ့ လက်ရှိ အသေအပျောက် စာရင်းတွေအရ အစိုးရဟာ နစ်နာကြေး ဒေါ်လာ သန်း ၃၀၀ ကျော်လောက် ကုန်ကျမယ့် သဘောပါ။

အစိုးရက တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အိန္ဒိယမှာ ရောဂါကြောင့် သေဆုံးသူ ၄ သိန်းခွဲ ဝန်းကျင် ရှိနေကြောင်း သိရပါတယ်။ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနဟာ ဒီကိစ္စအတွက် တရားရုံးချုပ်မှာ အပြန်အလှန် ကြားနာ သုံးသပ်မှုတွေ ကာလအတန်ကြာ လုပ်ဆောင်ခဲ့ရပါတယ်။ အစိုးရက နစ်နာကြေး ပေးမယ့်ထဲမှာ ရောဂါရှိနေကြောင်း သိသွားချိန် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသူတွေရဲ့ မိသားစုဝင်တွေလည်း အကျုံးဝင်ပါတယ်။

လူတစ်ဦးဟာ ရောဂါဖြစ်နေကြောင်း ဆေးစစ် အတည်ပြုပြီး ရက်ပေါင်း ၃၀ အတွင်းမှာ ဖျားနာ သေဆုံးသွားရင် သူ့မိသားစုက နစ်နာကြေး ရရှိမှာပါ။ ဒါပေမဲ့ ရက် ၃၀ ကျော်မှ ကွယ်လွန်သွားတာ ဆိုရင်တော့ ကိုဗစ်ကြောင့် သေဆုံးရတာ မဟုတ်ဘူးလို့ သတ်မှတ်မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီသတ်မှတ်ချက်အရ သေမှုသေခင်းမှာ ကိုဗစ်ကြောင့် မဟုတ်ဘူးဆိုပြီး ပါရှိရင်တောင် ရက် ၃၀ အတွင်း ဖျားနာ သေဆုံးရင် နစ်နာကြေး ပေးချေဖို့ ဘယ်ပြည်နယ် အစိုးရ အာဏာပိုင်ကမှ ငြင်းဆန်ခွင့် မရှိဘူးလို့လည်း တရားရုံးချုပ်က ဆုံးဖြတ်ပေးခဲ့ပါတယ်။

ဒီဥပဒေဟာ စေတနာကောင်းနဲ့ ရန်ပုံငွေတစ်ရပ် ထူထောင်ပေးတာမျိုး မဟုတ်ကြောင်း၊ ဒါဟာ လူတစ်ဦးချင်း ဥပဒေကြောင်းအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးသာဖြစ်ကြောင်း အခုကိစ္စကို စတင်ဆော်ဩ တောင်းဆိုခဲ့သူ ဂွာရက်ဗ် ဘန်ဆဲလ်က ပြောပါတယ်။

နစ်နာကြေး ရလိုကြောင်း လျှောက်ထားတဲ့ မိသားစုတွေဟာ အချက်အလက်တွေ စစ်ဆေးပြီးရင် ရက်ပေါင်း ၃၀ လောက်အတွင်း တာဝန်ရှိသူတွေဆီက အကြောင်းပြန်မှုကို လက်ခံရရှိမယ်လို့လည်း သူက ခန့်မှန်းခဲ့ပါတယ်။

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ရောဂါ ကူးစက်ခံရသူ ဒုတိယ အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပြီး လူနာပေါင်း ၃၃.၈ သန်းကျော် အတည်ပြု တွေ့ရှိထားပါတယ်။ ဒါပေမဲ့ ဆေးစစ်နိုင်စွမ်း အားနည်းချက်တွေကြောင့် လက်တွေ့မှာ ကူးစက်လူနာ ဦးရေက အဲဒီထက် အများကြီး ပိုနေနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။