Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန် ငလျင်ကြောင့် လူ ၂၀ ထက်မနည်း သေဆုံး

ဒဏ်ရာ ပြင်းထန်သူတွေကို ဆေးရုံ အမြန်ဆုံး တင်ပို့ပေးနေပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်ကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။

ပါကစ္စတန် နိုင်ငံမှာ ငလျင်လှုပ်လို့ လူ ၂၀ ထက်မနည်း သေဆုံးပြီး အသေအပျောက် အရေအတွက် တိုးလာဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။

အောက်တိုဘာ ၇ ရက် မနက်ပိုင်းက ဘာလိုချီစတန် ပြည်နယ်မှာ ရစ်ချ်တာစကေး ၅.၉ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာပါ။ ငလျင်လှုပ်ချိန်မှာ ကွက်တာမြို့ထဲက မြို့ခံတွေ အထိတ်တလန့်နဲ့ နေအိမ်တွေကို စွန့်ခွာပြီး လမ်းတွေပေါ် ထွက်ပြေးလာခဲ့ကြတာကို တွေ့ရပါတယ်။

ငလျင်ကြောင့် အဆောက်အအုံတချို့ ပြိုကျပြီး လူတွေ ပိမိ သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ လောလောဆယ် အသေအပျောက် စာရင်းကို ၂၀ လောက် အတည်ပြုထားပေမယ့် အပျက်အစီးတွေအောက်မှာ အလောင်းတွေ ရှိနေနိုင်သေးတယ်လို့ ယူဆရပါတယ်။ ဒဏ်ရာရသူ ၁၅၀ ထက်မနည်း ရှိပြီး အခြေအနေ စိုးရိမ်ရသူတွေလည်း ပါဝင်နေကြောင်း သိရပါတယ်။

ဒဏ်ရာ ပြင်းထန်သူတွေကို ဆေးရုံ အမြန်ဆုံး တင်ပို့ပေးနေပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်ကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု ဘယ်လောက် များသလဲဆိုတာ အတိအကျ မသိရသေးပေမယ့် ကွက်တာ တစ်မြို့တည်းမှာတင် ရွှံ့နဲ့ ဆောက်ထားတဲ့ အိမ်ခြေ ၁၀၀ ကျော် ပြိုကျခဲ့တယ်လို့ ဆိုပါတယ်။ ကွက်တာဟာ ကျောက်မီးသွေးတွင်းတွေ အများကြီး ရှိနေတဲ့ မြို့ဖြစ်တာကြောင့် ငလျင်အပြီး မိုင်းတွင်းတွေရဲ့ ကြံ့ခိုင်ရေး အခြေအနေကိုလည်း စိုးရိမ်နေရပါတယ်။

ဘာလိုချီစတန် ပြည်နယ် အစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီး ဇူလာလန်ဂူက တခြားမြို့တွေရဲ့ ကယ်ဆယ်ရေး အသင်းအဖွဲ့တွေဟာ ငလျင်ဘေးသင့် နယ်မြေဆီ အမြန်ဆုံး သွားရောက်နေပြီလို့ ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပါကစ္စတန် နိုင်ငံက ရဲစခန်း တစ်ခုမှာ ဖွင့်လှစ်ထားရာ ဗလီကို အသေခံ ဗုံးခွဲပြီး ဝင်ရောက် စီးနင်းပစ်ခတ်တဲ့ တိုက်ခိုက်မှုကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။