Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံတချို့က ကာကွယ်ဆေး ထိုးထားတဲ့ ကမ္ဘာလှည့် ခရီးသည်တွေကို Quarantine ဝင်စရာ မလိုဘဲ လက်ခံဖို့ ထိုင်းစီစဉ်

ထိုင်းရဲ့ အကျော်ကြားဆုံး အပန်းဖြေ ကမ်းခြေတွေ တည်ရှိရာ ဖူးခက်မှာ ကမ္ဘာလှည့် ခရီးသွားတွေ ဝင်ရောက်ခွင့် ပြုထားခဲ့ပေမယ့် သီတင်း ၂ ပတ်ကြာ Quarantine ဝင်ရမယ်ဆိုတဲ့ စည်းမျဉ်းကြောင့် ပြည်ပ ဧည့်သည်တွေကို သိပ်ပြီး မဆွဲဆောင်နိုင်ခဲ့ပါဘူး။

ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးဖြစ်တဲ့ ကမ္ဘာလှည့် ခရီးသွား တချို့ကို Quarantine ဝင်စရာ မလိုဘဲ ပြန်လက်ခံဖို့ ထိုင်းနိုင်ငံက စီစဉ်နေကြောင်း သိရပါတယ်။

ဒါဟာ ကိုဗစ် ကပ်ရောဂါ ကာလ မတိုင်ခင် ပုံမှန် အခြေအနေတွေဆီ ပြန်လည် ဦးတည်ဖို့ ထိုင်းအစိုးရရဲ့ အားထုတ်မှု အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာက ထိုင်းအနေနဲ့ ရွေးချယ် ခွင့်ပြုထားတဲ့ နိုင်ငံတချို့ စာရင်းက ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသူတွေကို Quarantine မဝင်ဘဲ ပြည်တွင်းမှာ သွားလာ လည်ပတ်ခွင့် ပြုသွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကနေ ဝင်ငွေ အမြောက်အမြား ရရှိခဲ့ပေမယ့် ကိုဗစ်ကာလမှာတော့ ဒီကဏ္ဍက အကြီးအကျယ် အထိနာခဲ့ပါတယ်။ နိုဝင်ဘာ ၁ ရက်ကစပြီး ပြည်ပ ခရီးသွားတွေကို ကာကွယ်ဆေး ထိုးနှံပြီးတဲ့ အခြေအနေအပေါ် မူတည်ပြီး စိစစ် လက်ခံသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းက ကနဦးအဆင့်အဖြစ် စင်ကာပူ၊ ဂျာမနီ၊ တရုတ်၊ အမေရိကန်နဲ့ ဗြိတိန်တို့ အပါအဝင် ၁၀ နိုင်ငံက ကာကွယ်ဆေး ထိုးထားသူတွေကို အကန့်အသတ်နဲ့ စတင် လက်ခံမှာ ဖြစ်ပါတယ်။ အခြေအနေ ကောင်းခဲ့ရင်တော့ ဒီဇင်ဘာလမှာ ထပ်တိုး နိုင်ငံတွေ စာရင်းနဲ့ ကမ္ဘာလှည့် ခရီးသည်တွေကို Quarantine ဝင်စရာ မလိုဘဲ ပြည်ဝင်ခွင့် ပြုသွားမှာပါ။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံမှာ ကိုဗစ် ကူးစက်နိုင်ခြေ မြင့်မားတဲ့ ဒေသတွေကို ဇွန်လကနေ ဩဂုတ်လထိ Lockdown ကြေညာခဲ့တဲ့နောက် အခုလိုမျိုး ဖြေလျှော့မှုတွေဆီ ပြန်လည် ဦးတည်လာတာ ဖြစ်ပါတယ်။ Lockdown ကာလထဲမှာတော့ သန်းနဲ့ချီ များပြားတဲ့ ထိုင်းပြည်သူတွေဟာ အတတ်နိုင်ဆုံး အိမ်တွင်းအောင်းနေပြီး ပြည်တွင်း ခရီးသွားလာမှုတွေကိုပါ တားမြစ် ခံခဲ့ရပါတယ်။

ထိုင်းရဲ့ အကျော်ကြားဆုံး အပန်းဖြေ ကမ်းခြေတွေ တည်ရှိရာ ဖူးခက်မှာ ကမ္ဘာလှည့် ခရီးသွားတွေ ဝင်ရောက်ခွင့် ပြုထားခဲ့ပေမယ့် သီတင်း ၂ ပတ်ကြာ Quarantine ဝင်ရမယ်ဆိုတဲ့ စည်းမျဉ်းကြောင့် ပြည်ပ ဧည့်သည်တွေကို သိပ်ပြီး မဆွဲဆောင်နိုင်ခဲ့ပါဘူး။

အခုဆိုရင် အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံတွေထဲမှာ မလေးရှား၊ စင်ကာပူ၊ ဩစတြေးလျနဲ့ နယူးဇီလန်တို့ဟာ ကိုဗစ် ရောဂါ ကူးစက်မှုတွေကို သုညမှတ်အထိ တားဆီး ထိန်းချုပ်မယ်ဆိုတဲ့ အရင် မူဝါဒဟောင်းကို စွန့်ပြီး နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေကို တဖြည်းဖြည်းချင်း ပြန်လည် ဖွင့်လှစ် လက်ခံလာနေပြီ ဖြစ်ပါတယ်။

ထိုင်းရဲ့ အိမ်နီးချင်း ဗီယက်နမ်ကလည်း ဟနွိုင်းနဲ့ ဟွိုင်အန်းတို့က ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတဲ့ ဧရိယာတွေကို ၂၀၂၂ ခုနှစ်၊ ဇွန်လ မတိုင်ခင် ပြန်လည် ဖွင့်လှစ်သွားဖို့ အစီအစဉ်တွေ ရေးဆွဲနေကြောင်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။