Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုက်ဂျီးရီးယားမှာ ၂၂ ထပ်တိုက် ပြိုကျပြီး ၄ ဦးထက်မနည်း သေဆုံး

အဆောက်အအုံ ပြိုကျရတဲ့ အကြောင်းရင်းကိုရော၊ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူ အရေအတွက်ကိုပါ မသိရသေးပါဘူး။ လားဂို့စ် ရဲတပ်ဖွဲ့ကတော့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးပြီးရင် ပြည်သူတွေဆီ အမြန်ဆုံး အသိပေးသွားမယ်လို့ ပြောပါတယ်။

နိုက်ဂျီးရီးယား နိုင်ငံမှာ အထပ်မြင့် တိုက်တစ်လုံး ပြိုကျရာက အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ပျောက်ဆုံးနေသူ တော်တော်များများလည်း ရှိနေကြောင်း သိရပါတယ်။

နိုင်ငံရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ လားဂို့စ်မှာ ၂၂ ထပ်တိုက်တစ်လုံး ပြိုကျခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အလောင်း ၄ ခုကို တွေ့ရှိထားပြီး နောက်ထပ် အသက်ရှင် ကျန်ရစ်သူတွေ၊ ပိတ်မိ သေဆုံးသူတွေကို ကယ်ဆယ်ရေး အဖွဲ့တွေက ညလုံးပေါက် ဖြန့်ကျက် ရှာဖွေနေပါတယ်။

အဲဒီ အဆောက်အအုံဟာ ပြင်ဆင် ဆောက်လုပ်နေဆဲ အချိန်မှာ ပြိုကျသွားတာပါ။ အခင်းဖြစ်တဲ့ နေရာမှာ မြေတူးစက် ယန္တာယားကြီး တစ်ခုပါ ရှိနေပြီး အပျက်အစီးပုံတွေကို ဖယ်ရှားဖို့ စီစဉ်နေပါတယ်။ လောလောဆယ် သေဆုံးသူ ၄ ဦး တွေ့ရှိထားသလို အသက်ရှင် လွတ်မြောက်လာသူ ၄ ဦးလည်း ရှိထားပါတယ်။

အဆောက်အအုံ ပြိုကျရတဲ့ အကြောင်းရင်းကိုရော၊ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူ အရေအတွက်ကိုပါ မသိရသေးပါဘူး။ လားဂို့စ် ရဲတပ်ဖွဲ့ကတော့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးပြီးရင် ပြည်သူတွေဆီ အမြန်ဆုံး အသိပေးသွားမယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတရဲ့ အထူးအကြံပေး အရာရှိ ဖီမီ အက်ဒီဆီနာက သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ သမ္မတကြီး မူဟာမာဒူ ဘူဟာရီ အနေနဲ့ အထူးတလည် ဝမ်းနည်းနေကြောင်း ပြောကြားသွားပါတယ်။ ပြီးတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး အရှိန်မြှင့် ဆောင်ရွက်ပေးဖို့ သမ္မတက ညွှန်ကြားထားကြောင်းလည်း အက်ဒီဆီနာက ဆိုပါတယ်။

လားဂို့စ်မှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အဆောက်အအုံ ပြိုကျမှုတွေကြောင့် လူအသေအပျောက် သတင်းတွေ ကြားခဲ့ရဖူးပါတယ်။ ၂၀၁၉ ခုနှစ်က ကျောင်းတစ်ကျောင်း ပြိုကျပြီး လူ ၁၀ ဦး သေဆုံးခဲ့သလို ၂၀၁၄ တုန်းကလည်း ၆ ထပ် တိုက်တစ်လုံးမှာ လူစုလူဝေးနဲ့ အခမ်းအနား ကျင်းပနေတုန်း ပြိုကျတဲ့အတွက် လူပေါင်း ၁၁၆ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုက်ဂျီးရီးယား နိုင်ငံမှာ လောင်စာပိုက်လိုင်း တစ်ခုကနေ ဆီခိုးဖို့ ကြိုးစားရာက အဆိပ်အတောက် ဓာတ်ငွေ့တွေ ရှူမိပြီး လူ ၄၀ နီးပါး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

လက်နက်ကိုင်တွေက ပြန်ပေးဆွဲပြီး အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရသူ ၃၃ ဦးကို အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ခဲ့ကြောင်း နိုက်ဂျီးရီးယား စစ်တပ်က ကြေညာခဲ့ပါတယ်။

Facebook