Connect with us

Hi, what are you looking for?

သတင်း

ပြန်ပေးသမားတွေ လက်ကနေ လူ ၃၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း နိုက်ဂျီးရီးယားစစ်တပ် ကြေညာ

လက်နက်ကိုင်တွေက ပြန်ပေးဆွဲပြီး အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရသူ ၃၃ ဦးကို အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ခဲ့ကြောင်း နိုက်ဂျီးရီးယား စစ်တပ်က ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Nigerian Army/ Facebook

လက်နက်ကိုင်တွေက ပြန်ပေးဆွဲပြီး အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရသူ ၃၃ ဦးကို အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ခဲ့ကြောင်း နိုက်ဂျီးရီးယား စစ်တပ်က ကြေညာခဲ့ပါတယ်။

ဩဂုတ် ၈ ရက်နေ့က နိုင်ငံ အနောက်မြောက်ပိုင်း ဇမ်ဖာရာ ပြည်နယ်ထဲက တဆေးဖ် ဧရိယာမှာ အရပ်သားတွေ ပြန်ပေးဆွဲ ခံခဲ့ရတာ ဖြစ်ပါတယ်။ သတင်းကြားကြားချင်း စစ်သားတွေနဲ့ ရဲတွေ ပူးပေါင်းပြီး ပြန်ပေးဂိုဏ်းကို ခြေရာခံ ရှာဖွေခဲ့ကြောင်း၊ တစ်နေရာမှာတော့ ဖမ်းဆီးခံထားရသူတွေကို နေရာရွှေ့ဖို့ စီစဉ်နေတဲ့ ပြန်ပေးသမားတွေနဲ့ ပက်ပင်းတိုးခဲ့ကြောင်း စစ်တပ်က ဆိုပါတယ်။

စစ်တပ်နဲ့ ရဲတွေက ဝိုင်းဝန်းပစ်ခတ်ခဲ့တဲ့နောက် ပြန်ပေးသမားတွေဟာ နီးစပ်ရာ တောအုပ်ထဲ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားပြီး အဖမ်းခံထားရသူ ၃၃ ဦးစလုံးကိုတော့ ကယ်ဆယ်နိုင်ခဲ့ကြောင်း စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဒုတိယ ဗိုလ်မှူးကြီး အလီယူ ဒန်ဂျာက ပြောကြားခဲ့ပါတယ်။

စစ်တပ်ဟာ ပြန်ပေးဆွဲမှုနဲ့ ဆက်စပ်တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ထုတ်ပြန်ပြသခဲ့ရာမှာတော့ လမ်းဘေးမှာ ရပ်နေတဲ့၊ လမ်းဘေးက စိုက်ခင်းတွေထဲ ခေါင်းထိုးပြီး ဝင်နေတဲ့ ဗင်ကားတွေကိုလည်း တွေ့ခဲ့ရပါတယ်။ လောလောဆယ်မှာတော့ စစ်တပ်က ပြန်ပေးသမားတွေကို အပူတပြင်း လိုက်ရှာနေဆဲလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

နိုက်ဂျီးရီးယား အနောက်မြောက်ပိုင်းမှာတော့ လက်နက်ကိုင် အဖွဲ့တွေက လူတွေကို ဖမ်းဆီးပြီး ပြန်ပေးငွေ တောင်းခံတာမျိုး ကိစ္စတွေက ကြုံနေကျ ဖြစ်ပါတယ်။ ဒေသတွင်းက အဓိက အဝေးပြေး လမ်းမကြီးတွေဟာ အဲဒီလို တိုက်ခိုက်မှုတွေအတွက် ပစ်မှတ် ဖြစ်နေတတ်ပါတယ်။

အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေက ဆောက်တည်ရာမရဖြစ်ပြီး ပြန်ပေးငွေ ပေးချေတာ၊ တချို့ကိစ္စတွေမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေကပါ ပြန်ပေးငွေ ပေးချေဖို့ တိုက်တွန်းတာတွေကြောင့် ပြန်ပေးသမားတွေက ပိုပြီး အတင့်ရဲလာတာ ဖစ်တယ်လို့ ဒန်ဂျာက ဆိုပါတယ်။

နိုက်ဂျီးရီးယား လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ပြန်ပေးဆွဲ ခံရသူတွေကို ကယ်ဆယ်တဲ့ မစ်ရှင်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အောင်မြင်မှုတွေ ပိုမို ရရှိလာပါတယ်။ နှစ်ဆန်းပိုင်းကစလို့ စုစုပေါင်း ပြန်ပေးဆွဲခံရသူ ၃၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ သမ္မတ ဘိုလာ တီနူဘူက ပြောကြားခဲ့ပါတယ်။

သူက နိုင်ငံရဲ့ ကြီးမားတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို စွမ်းစွမ်းတမံ တွန်းလှန်ပေးနေတဲ့ စစ်သားတွေအတွက် စွမ်းဆောင်ရည်အပေါ် မူတည်ပြီး လုပ်ခလစာ ၈၀ ရာခိုင်နှုန်းထိ တိုးမြှင့်ပေးဖို့ စီစဉ်ထားကြောင်းလည်း ဆိုပါတယ်။

နိုက်ဂျီးရီးမှာ အစွန်းရောက် အကြမ်းဖက်ဝါဒစွဲ အဖွဲ့အစည်းတွေ အပါအဝင် လက်နက်ကိုင် ဂိုဏ်းတွေက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ထူပြောနေပြီး တီနူဘူရဲ့ အစိုးရက ထိထိရောက်ရောက် တွန်းလှန်နိုင်ဖို့ ကြိုးစားနေပါတယ်။ လေ့လာသူတွေကတော့ လာမယ့် ၂၀၂၇ နိုက်ဂျီးရီးယား ရွေးကောက်ပွဲမှာတော့ လုံခြုံရေး မူဝါဒတွေဟာ လူထုက အဓိက စိတ်ဝင်တစား ရွေးချယ်ဆုံးဖြတ်မယ့် အဓိက ညွှန်ကိန်းမျိုး ဖြစ်လာနိုင်ကြောင်း သုံးသပ်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

နိုင်ငံတကာ

နိုက်ဂျီးရီးယား နိုင်ငံမှာ လောင်စာပိုက်လိုင်း တစ်ခုကနေ ဆီခိုးဖို့ ကြိုးစားရာက အဆိပ်အတောက် ဓာတ်ငွေ့တွေ ရှူမိပြီး လူ ၄၀ နီးပါး သေဆုံးခဲ့ပါတယ်။

သတင်း

ဘန်ကောက်မှာ တရုတ် ကျောင်းသူ တစ်ဦးကို ပြန်ပေးဆွဲပြီး မြန်မာဖက်ခြမ်း နယ်စပ်ကို လူကုန်ကူး ပို့ဆောင်ဖို့ ကြံစည်မှုနဲ့ ထိုင်းနိုင်ငံသား ၄ ဦး အဖမ်းခံခဲ့ရပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

Facebook