Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပြည်သူတွေ ရရာလက်နက် စွဲကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြဖို့ အီသီယိုးပီးယား အစိုးရ တိုက်တွန်း

TPLFဟာ အီသီယိုးပီးယားရဲ့ ထင်ရှားတဲ့ နိုင်ငံရေး အင်အားစု တစ်ခုဖြစ်ပြီး အဘီရဲ့ အစိုးရ တက်မလာခင်က နိုင်ငံရဲ့ အာဏာကို ချုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ နောက်တော့ ဖက်ဒရယ် အစိုးရနဲ့ တီဂရေး ပြည်နယ် အစိုးရကြား သဘောထား ကွဲလွဲမှုတွေ ပိုမိုနက်ရှိုင်းလာရာက ပြည်တွင်းစစ် ဖြစ်တဲ့ထိ ပေါက်ကွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

တီဂရေး ပြည်နယ်က လက်နက်ကိုင် တပ်တွေ စစ်ရေး သာလာတဲ့နောက် မြို့တော် အက်ဒစ်ဘာဘာကို ကိုယ်တိုင် ကာကွယ်ကြဖို့ ဒေသခံ ပြည်သူတွေကို အီသီယိုးပီးယား အစိုးရက တိုက်တွန်းလိုက်ပါတယ်။

အီသီယိုးပီးယားမှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဝန်ကြီးချုပ် အဘီအာမက် ဦးဆောင်တဲ့ ဖက်ဒရယ် အစိုးရနဲ့ တီဂရေး ပြည်နယ်ရဲ့ အစိုးရ အဖွဲ့တို့ကြား စစ်ခင်း တိုက်ခိုက်နေကြပါတယ်။ အဘီဟာ အိမ်နီးချင်း အီရီထရီးယားနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ခဲ့တာကြောင့် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့် ခံခဲ့ရပြီး ပြည်တွင်းမှာလည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပီပီပြင်ပြင် ဖော်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့် မျှော်လင့် ခံခဲ့ရပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ အဘီ ဦးဆောင်တဲ့ ဖက်ဒရယ် အစိုးရကို သစ္စာခံတဲ့ အီသီယိုးပီးယား စစ်တပ်နဲ့ တီဂရေး ပြည်နယ် အစိုးရရဲ့ လက်နက်ကိုင် အင်အားစုဖြစ်တဲ့ တီဂရေး ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF)တို့ စစ်ခင်းနေကြတဲ့အတွက် အဘီရဲ့ လုပ်ငန်းစဉ်တွေ အဆင်မပြေဘူးလို့ ယူဆရတော့မှာ ဖြစ်ပါတယ်။

TPLFဟာ အီသီယိုးပီးယားရဲ့ ထင်ရှားတဲ့ နိုင်ငံရေး အင်အားစု တစ်ခုဖြစ်ပြီး အဘီရဲ့ အစိုးရ တက်မလာခင်က နိုင်ငံရဲ့ အာဏာကို ချုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ နောက်တော့ ဖက်ဒရယ် အစိုးရနဲ့ တီဂရေး ပြည်နယ် အစိုးရကြား သဘောထား ကွဲလွဲမှုတွေ ပိုမိုနက်ရှိုင်းလာရာက ပြည်တွင်းစစ် ဖြစ်တဲ့ထိ ပေါက်ကွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အခု သီတင်းပတ်မှာတော့ အဘီရဲ့ အစိုးရ ရုံးစိုက်ရာ အက်ဒစ်ဘာဘာ မြို့တော်နဲ့ မိုင်ပေါင်း ၂၅၀ အကွာက မြို့ကြီးနှစ်မြို့ကို သိမ်းပိုက်နိုင်လိုက်ကြောင်း TPLFက ထုတ်ပြန်ပါတယ်။ အဘီကလည်း တစ်နိုင်ငံလုံးမှာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး အက်ဒစ်ဘာဘာ မြို့ခံတွေ အနေနဲ့ ရရာလက်နက် စွဲကိုင်ပြီး TPLFကို တွန်းလှန် ခုခံကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် အစိုးရကတော့ TPLF အနေနဲ့ အက်ဒစ်ဘာဘာကို ကျူးကျော် သိမ်းပိုက်တာမျိုး လုံးဝ မလုပ်ဖို့ ကြားဝင် တောင်းဆိုထားပါတယ်။ အာဖရိက ဦးချိုဒေသဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဂျက်ဖရီ ဖလ်ထ်မန်းက အက်ဒစ်ဘာဘာကို သိမ်းပိုက်တာ၊ ဒါမှမဟုတ် ဝန်းရံ ပိတ်ဆို့တာမျိုး ဘယ်လုပ်ရပ်ကိုမဆို ဆန့်ကျင်ကြောင်း ပြောကြားသွားပါတယ်။

အီသီယိုးပီးယား ပြည်တွင်းစစ်ဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က နိုင်ငံမြောက်ပိုင်း၊ တီဂရေး ဒေသကို ဖက်ဒရယ် အစိုးရတပ်တွေက ဝင်ရောက် တိုက်ခိုက်ရာက စတင်ခဲ့ပါတယ်။ နောက်တော့ TPLFက စစ်ရေးသာလာပြီး အိမ်နီးချင်း အမ်ဟာရာနဲ့ အေဖာ ပြည်နယ်တွေထဲထိ ထိုးဖောက်လာပါတယ်။ ပဋိပက္ခတွေ စတင်လာချိန် ကတည်းက သေဆုံးသူ ထောင်သောင်းချီ များပြားခဲ့ပြီး လူပေါင်း ၂ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

TPLFကတော့ တီဂရေးကို အစိုးရတပ်တွေ ဝန်းရံ ပိတ်ဆို့ထားတာကို တွန်းလှန်လိုကြောင်း ပြောကြားခဲ့ပြီး အဲဒီဒေသမှာ လူပေါင်း ၄ သိန်းလောက် အငတ်ဘေး ကြုံနေရဖွယ် ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ အီသီယိုးပီးယားမှာ အပစ်အခတ် ရပ်စဲရေးအတွက် နိုင်ငံတကာ ကြားဝင် စေ့စပ်ပေးမှုတွေကလည်း အခုထိ အဆင်မပြေသေးပါဘူး။

ဒီအတောအတွင်း ဝန်ကြီးချုပ် အဘီက TPLFအတွက် နိုင်ငံခြား စစ်သားတွေ ကူညီ တိုက်ခိုက်ပေးနေကြောင်း မိန့်ခွန်းတစ်ခုမှာ ထည့်သွင်း စွပ်စွဲသွားပေမယ့် ဘယ်နိုင်ငံသားတွေလဲ ဆိုတာကိုတော့ ထုတ်ပြောမသွားပါဘူး။ TPLFကတော့ အဘီရဲ့ စွပ်စွဲချက်က အခြေအမြစ် မရှိကြောင်း တုံ့ပြန် ငြင်းဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။