Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဒီပါဝလီ ပွဲတော်အပြီး လေထုညစ်ညမ်းမှု အခြေအနေ အဆိုးဆုံး ဖြစ်သွားတဲ့ ဒေလီမြို့

အာဏာပိုင်တွေက တားမြစ်ထားပေမယ့် အများစုကတော့ မလိုက်နာကြပါဘူး။ ဒေပါဝလီ ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြပြီးတဲ့နောက် သန်းနဲ့ချီ များပြားတဲ့ မြို့ခံတွေဆီကနေ ထွက်ပေါ်လာတဲ့ မီးခိုးတွေဟာ လေထုထဲမှာ စွဲကျန်နေခဲ့တာ ဖြစ်ပါတယ်။

ဒီပါဝလီ ပွဲတော်နေ့အပြီး အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လေထု ညစ်ညမ်းမှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရပါတယ်။

ဟိန္ဒူဘာသာရေးရဲ့ အကြီးကျယ်ဆုံး ပွဲတော်အပြီး နောက်တစ်နေ့၊ နိုဝင်ဘာ ၅ ရက် မနက်ခင်းမှာ ဒေလီမြို့ခံတွေဟာ ပတ်ဝန်းကျင် တစ်ခုလုံး မှုန်ဝါးပြီး မီးခိုမြူတွေ ဆိုင်းနေတာကို တွေ့မြင်ခဲ့ကြရပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေ ဒုတိယ အထူထပ်ဆုံး နိုင်ငံကြီးရဲ့ အလင်းရောင် ပွဲတော်လို့ ခေါ်ဝေါ်တဲ့ ဒေပါဝလီနေ့မှာ မီးရှူးမီးပန်းတွေ ဖောက်ကြ၊ မီးရောင်စုံတွေ ထွန်းညှိကြရာက နောက်တစ်နေ့မှာ အခုလို မီးခိုးမြူတွေ ကျန်နေခဲ့တာ ဖြစ်ပါတယ်။

ဒေလီမှာ မီးရှူးမီးပန်း မဖောက်ကြဖို့ အာဏာပိုင်တွေက တားမြစ်ထားပေမယ့် အများစုကတော့ မလိုက်နာကြပါဘူး။ ဒေပါဝလီ ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြပြီးတဲ့နောက် သန်းနဲ့ချီ များပြားတဲ့ မြို့ခံတွေဆီကနေ ထွက်ပေါ်လာတဲ့ မီးခိုးတွေဟာ လေထုထဲမှာ စွဲကျန်နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့က ဒေလီမြို့ရဲ့ လေထု အရည်အသွေး ညွှန်ကိန်း (AQI)က ၄၅၁ ထိ ရှိပါတယ်။ AQI အဆင့် သတ်မှတ်ချက် ၁၀၀ အောက်က လေထု အရည်အသွေး ကောင်းမွန်ပြီး အဆိုးဆုံးက ၅၀၀ အထက်ပါ။ ဒေလီဟာ အရင်ကတည်းက လေထု ညစ်ညမ်းမှု ဆိုးရွားတဲ့ မြို့ကြီးတစ်ခု ဖြစ်ပေမယ့် နိုဝင်ဘာ ၅ ရက် လေထု ညစ်ညမ်းမှုကတော့ ဒီနှစ်အတွက် စံချိန်သစ် ဖြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဆိပ်အတောက် ဖြစ်စေတဲ့ PM2.5 အမှုန်အမွှားတွေ ပါဝင်မှုကလည်း လေထု တစ်ကုဗမီတာမှာ ပျမ်းမျှ ၇၀၆ မိုက်ခရိုဂရမ်လောက်ထိ များနေပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က လေထု တစ်ကုဗမီတာမှာ PM2.5 အမှုန် ၅ မိုက်ခရိုဂရမ်ထက် ပိုများရင် ကျန်းမာရေးအတွက် မသင့်တော်ဘူးလို့ သတ်မှတ်ထားပါတယ်။

အိန္ဒိယ တရားရုံးချုပ်က မီးရှူးမီးပန်းတွေ ဖောက်တာကို တားမြစ်ထားပေမယ့် အဲဒီပိတ်ပင်မိန့်ကို လက်တွေ့ လိုက်နာကြတာ မရှိသလောက်ပါပဲ။ ဒေလီအတွက် အခြေအနေ ပိုဆိုးတာက အိမ်နီးချင်း ပန်ဂျပ်နဲ့ ဟာယာနာ ပြည်နယ်တွေကလည်း ဒေပါဝလီ ပွဲတော် ကာလမှာ လယ်ကွင်းတွေကို မီးရှို့ပြီး နောက်ထပ် စိုက်ပျိုးရာသီအတွက် ပြင်ဆင်လေ့ ရှိတာကြောင့် မီးခိုးမြူ ပြဿနာကို ဘူးလေးရာ ဖရုံဆင့် ဖြစ်သွားစေပြန်ပါတယ်။

COP26 ကမ္ဘာ့ရာသီဥတုဆိုင်ရာ ညီလာခံမှာတော့ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက အိန္ဒိယ အနေနဲ့ ၂၀၇၀ ပြည့်နှစ်မှာ ကာဘွန် ညစ်ညမ်း ဓာတ်ငွေ့ ထုတ်လွှတ်မှုကို သုညမှတ် နီးပါးထိ လျှော့ချဖို့ ကြိုးစားသွားမယ်လို့ ကတိပြုခဲ့ပေမယ့် ပညာရှင်တွေကတော့ ဒီကတိမျိုး ပေးဖို့က ဆယ်စုနှစ် နှစ်ခုထက်မနည်း နောက်ကျနေပြီလို့ ဝေဖန်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံမှာ​လေထုညစ်ညမ်းမှု ပြသာနာအလွန်ဆိုးရွား​နေတဲ့ အတွက်​ အစိုးရအ​ပေါ် ဝေဖန်မှု​တွေမြင့်မား​နေချိန် ​ရွေး​ကောက်ပွဲကျင်းပဖို့ ရက်​ပေါင်း ၃၀ ​ကျော်အလိုမှာထိုင်းဝန်ကြီးချုပ်က ​လေထုညစ်ညမ်းမှုကို သုံးနိုင်ငံ​ဆွေး​နွေးပြီးသ​​ဘောတူညီချက်ရတယ်လို့ ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းရဲ့ သဘာဝ ပတ်ဝန်းကျင် ညစ်နွမ်းမှု ထိန်းချုပ်ရေး ဌာနက နိုင်ငံမြောက်ပိုင်း ဒေသတွေဟာ ကျန်းမာရေးနဲ့ မသင့်တော်တဲ့ လေထု ညစ်ညမ်းမှုတွေကို ကြုံရမယ်လို့ ခန့်မှန်းထားပြီး အနည်းဆုံး အခုသီတင်းပတ်ကုန်ထိ အခြေအနေကို နိုးနိုးကြားကြား စောင့်ကြည့်ရမယ်လို့ ပြောကြားထားပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ ရှိနှင့်ပြီးသား လေထု အမှုန်အမွှားတွေအပြင် နယ်စပ်ဖြတ်ကျော် ရောက်ရှိလာတဲ့ မီးခိုးမြူတွေပါ ပေါင်းစည်းသွားရာက အခုလို လေထုညစ်ညမ်းမှုတွေ ဆိုးသထက် ဆိုးသွားတာလို့ သီရိလင်္ကာ အမျိုးသား သုတေသန ဌာနက ထုတ်ပြန်ထားပါတယ်။

ဗီဒီယို

ဒေလီမှာ အရင်ကတည်းက လေထု ညစ်ညမ်းမှု ပြဿနာတွေ ရှိခဲ့ရာက ဒေပါဝလီ ပွဲတော်နေ့ အပြီးမှာ အခြေအနေတွေ ပိုဆိုးရွားလာပါတယ်။ ဒေလီရဲ့ လေထုဟာ မြင်ကွင်း မှုန်ဝါးနေပြီး ကျန်းမာရေးအတွက် လုံးဝ မသင့်တော်တဲ့ အနေအထားမျိုးထိ ရောက်ရှိလာပါတယ်။