Connect with us

Hi, what are you looking for?

သတင်း

သုံးနိုင်ငံနယ်စပ်လေထုညစ်ညမ်းမှုပြဿနာကို ထိုင်းနဲ့ လာအိုဝန်ကြီးချုပ်ကမြန်မာအာဏာသိမ်း​ခေါင်း​ဆောင်နဲ့ဆွေး​နွေးဟုဆို

ထိုင်းနိုင်ငံမှာ​လေထုညစ်ညမ်းမှု ပြသာနာအလွန်ဆိုးရွား​နေတဲ့ အတွက်​ အစိုးရအ​ပေါ် ဝေဖန်မှု​တွေမြင့်မား​နေချိန် ​ရွေး​ကောက်ပွဲကျင်းပဖို့ ရက်​ပေါင်း ၃၀ ​ကျော်အလိုမှာထိုင်းဝန်ကြီးချုပ်က ​လေထုညစ်ညမ်းမှုကို သုံးနိုင်ငံ​ဆွေး​နွေးပြီးသ​​ဘောတူညီချက်ရတယ်လို့ ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။

(​လေထုညစ်ညမ်းမှု ဆိုးရွာစွာဖြစ်​နေတဲ့ထိုင်းနိုင်ငံနဲ့အွန်လိုင်းမှအစည်းအ​ဝေးလုပ်​​နေတဲ့ထိုင်းဝန်ကြီးချုပ်။ ဓါတ်ပုံ-AFP)
(​လေထုညစ်ညမ်းမှု ဆိုးရွာစွာဖြစ်​နေတဲ့ထိုင်းနိုင်ငံနဲ့အွန်လိုင်းမှအစည်းအ​ဝေးလုပ်​​နေတဲ့ထိုင်းဝန်ကြီးချုပ်။ ဓါတ်ပုံ-AFP)

ထိုင်းဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာ၊ လာအို ဝန်ကြီးချုပ် ဆိုနက်ဆေ ဆီဖန်ဒုံနဲ့ အာဏာသိမ်း မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်တို့ဟာဒီက​နေ့( ဧပြီ ၇ ရက်)မှာ ဗီဒီယို ကွန်ဖရင့် တစ်ခု တွေ့ဆုံပြီး မီခိုးမြူ​တွေထူပြီး​လေထုညစ်ညမ်းတဲ့ပြဿနာကို အာဆီယံ စံနှုန်းတွေနဲ့အညီ ပူးပေါင်း အဖြေရှာဖို့ ကတိပြုခဲ့ကြတယ်လိုဆိုပါ တယ်။ ထိုင်းနဲ့ လာအိုတို့ဟာ မြန်မာ့ အရေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဖက်ကို ယိမ်းတဲ့ သဘောထားမျိုး ရှိနေတဲ့ နိုင်ငံတွေလို့ ရှုမြင် သတ်မှတ် ခံထားရပါတယ်။

ထိုင်း၊ မြန်မာနဲ့ လာအိုတို့ နယ်စပ်က လေထုထဲမှာ PM2.5 လို့ ခေါ်ဝေါ်တဲ့ အဆိပ်အတောက် အမှုန်အမွှားတွေ ပါဝင်နှုန်း အရမ်းမြင့်တက်နေတာနဲ့ ပတ်သက်ပြီး အခုလို ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။ အာဆီယံ သုံးနိုင်ငံ နယ်စပ်မှာ မီးခိုးမြူတွေ ထူထပ်နေပြီး လေထု အရည်အသွေးက လောလောဆယ် ကမ္ဘာ့အဆိုးဆုံး အဆင့်မှာ ပါဝင်နေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ​မြောက်ပိုင်း​ဒေသ​တွေမှာ ​လေထုညစ်ညမ်းမှု အလွန်ဆိုးရွား​နေပြီး ချင်းမိုင်မြို့ဟာ ဧပြီ ၇ ရက်မှာကမ္ဘာ့​လေထုအညစ်ညမ်းဆုံးမြို့ဖြစ်​နေပါတယ်။ဒါ​ကြောင့် ချင်းမိုင် မြို့​တော်ဝန်က အိမ်မှာပဲအလုပ်​တွေလုပ်ကြပြီး အပြင်မထွက်ကြဖို့ တိုက်တွန်းခဲ့ရပါတယ်။

(​လေထုညစ်ညမ်းမှု ဆိုးရွာစွာဖြစ်​နေတဲ့ထိုင်းနိုင်ငံနဲ့အွန်လိုင်းမှအစည်းအ​ဝေးလုပ်​​နေတဲ့ထိုင်းဝန်ကြီးချုပ်။ ဓါတ်ပုံ-AFP)
(​လေထုညစ်ညမ်းမှု ဆိုးရွာစွာဖြစ်​နေတဲ့ထိုင်းနိုင်ငံနဲ့အွန်လိုင်းမှအစည်းအ​ဝေးလုပ်​​နေတဲ့ထိုင်းဝန်ကြီးချုပ်။ ဓါတ်ပုံ-AFP)

ထိုင်းနိုင်ငံမှာ​လေထုညစ်ညမ်းမှု ပြသာနာအလွန်ဆိုးရွား​နေတဲ့ အတွက်​ အစိုးရအ​ပေါ် ဝေဖန်မှု​တွေမြင့်မား​နေချိန် ​ရွေး​ကောက်ပွဲကျင်းပဖို့ ရက်​ပေါင်း ၃၀ ​ကျော်အလိုမှာထိုင်းဝန်ကြီးချုပ်က ​လေထုညစ်ညမ်းမှုကို သုံးနိုင်ငံ​ဆွေး​နွေးပြီးသ​​ဘောတူညီချက်ရတယ်လို့ ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။

အဲဒီ ဗီဒီယို ကွန်ဖရင့်မှာ ထိုင်းဝန်ကြီးချုပ် ပယာရွတ်သ်က လေထုညစ်ညမ်းမှု ပြဿနာကို ၄၂ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံမှာ တင်ပြပြီး အလေးအနက် ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်သင့်တယ်လို့​ပြောခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လာအို ဝန်ကြီးချုပ်ကလည်း လေထုညစ်ညမ်းမှုကို လျှော့ချဖို့အတွက် အာဆီယံအဆင့် ဆွေးနွေးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိသင့်ကြောင်း ထောက်ခံခဲ့ပြီး တောမီးရှို့မှုတွေကြောင့် လေထုညစ်ညမ်းမှု ပြဿနာနဲ့ ပတ်သက်လို့ ဒေသခံ လူထုကို ပိုပြီး ထိထိရောက်ရောက် အသိပေးသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ အာဆီယံ အစည်းအဝေးတွေမှာ ဖိတ်ကြားမခံရတဲ့ မင်းအောင်လှိုင်ကတော့ အာဆီယံ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ခြင်းက ဒေသတစ်ခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တည်တံ့ အားကောင်းစေမယ်လို့ ပြောတယ်လို့ဆိုပါတယ်။

ထိုင်းရဲ့ ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနရဲ့ ခန့်မှန်းတွက်ချက်မှုတွေအရ မဲခေါင်မြစ်နဲ့ ဆက်စပ် ဒေသတချို့မှာ ဇန်နဝါရီလကနေ ဧပြီလ အတောအတွင်း ကျန်းမာရေး ထိခိုက်စေလောက်တဲ့ လေထု ညစ်ညမ်းမှုဟာ ပြီးခဲ့တဲ့နှစ် အလားတူ ကာလနဲ့ ယှဉ်ရင် ၉၃ ရာခိုင်နှုန်း ပိုမို ဆိုးရွားလာကြောင်း သိရပါတယ်။

အာဏာသိမ်းဗိုလ်ချုပ်​ဟောင်းဖြစ်တဲ့ ပယာရွတ်သ် ချန်အိုချာဟာ မြန်မာအာဏာသိမ်း​ခေါင်း​ဆောင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေးရှိပြီး မင်​အောင်လှိုင်ကို နိုင်ငံတကာက ဖယ်ကျဥ်ထားချိန်မှာ အ​ရေးတယူအဖက်လုပ်ဆက်ဆံတဲ့ပုဂ္ဂိုလ်နည်းနည်းထဲကတစ်​ယောက်လို့ နိုင်ငံ​ရေး​လေ့လာသူ​တွေကဆိုပါတယ်။မင်း​အောင်လှိုင်ဆီ ပြည်ပက​နေ ဖုန်းဆက်အကြံ ဥာဏ်​တွေ​ပေးတက်တဲ့ လူပုဂ္ဂိုလ် အနည်းငယ်မှာ ပယာရွတ်သ်နဲ့ ဂျပန်အထူးကိုယ်စားလှယ် ဆာဆာကာဝါတို့ပါဝင်တယ်လို့ နိုင်ငံ​ရေး​လေ့လာသူတစ်ဦးက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။