Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Gay အခွင့်အရေး လှုပ်ရှားသူ နာမည် မှည့်ထားတဲ့ သင်္ဘောအသစ် အမေရိကန် ရေတပ်မှာ စတင် အမှုထမ်း

မစ်ခ်ဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက ရေတပ်မှာ အမှုထမ်းခဲ့ဖူးပေမယ့် သူ့ရဲ့ လိင်စိတ် တိမ်းညွှတ်မှုကို အကြောင်းပြုပြီး ထုတ်ပယ် ခံခဲ့ရပါတယ်။ အဲဒီတုန်းက ရေငုပ်သင်္ဘော ကယ်ဆယ်ရေး ရေယာဉ် USS Kittiwakeမှာ ဗိုလ်လေး အဆင့်နဲ့ အမှုထမ်းခဲ့တာပါ။

Gay အခွင့်အရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးရဲ့ နာမည်ကို ဂုဏ်ပြု မှည့်ခေါ်ထားတဲ့ သင်္ဘော အသစ်ဟာ အမေရိကန် ရေတပ်မှာ စတင် အမှုထမ်းနေပြီ ဖြစ်ပါတယ်။

USNS Harvey Milkကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆန်ဒီယေဂိုမှာ စတင် ရေချခဲ့ပါတယ်။ အဲဒီ သင်္ဘောသစ် တပ်တော်ဝင် ရေချပွဲ အခမ်းအနားကို ရေတပ် စစ်ဦးစီး ကားလို့စ် ဒယ်လ်တိုရိုနဲ့ ဟာဗေးမစ်ခ်ရဲ့ တူဖြစ်သူ စတူးဝပ်မစ်ခ်တို့ တက်ရောက်ခဲ့ကြပါတယ်။

မစ်ခ်ဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက ရေတပ်မှာ အမှုထမ်းခဲ့ဖူးပေမယ့် သူ့ရဲ့ လိင်စိတ် တိမ်းညွှတ်မှုကို အကြောင်းပြုပြီး ထုတ်ပယ် ခံခဲ့ရပါတယ်။ အဲဒီတုန်းက ရေငုပ်သင်္ဘော ကယ်ဆယ်ရေး ရေယာဉ် USS Kittiwakeမှာ ဗိုလ်လေး အဆင့်နဲ့ အမှုထမ်းခဲ့တာပါ။

၁၉၅၅ ခုနှစ်မှာ မစ်ခ်ဟာ စုံစမ်းစစ်ဆေးမှုတွေ ခံခဲ့ရပြီးတဲ့နောက် Gayဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။ ဒီအခြေအနေကြောင့်ပဲ သူဟာ ရေတပ်ကနေ စွန့်ခွာခဲ့ရပါတယ်။ အဲဒီ နောက်ပိုင်းမှာ မစ်ခ်ဟာ Gayအခွင့်အရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပိုင်းမှာ မစ်ခ်ဟာ ကိုယ့်ကိုယ်ကိုယ် Gayဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ကြေညာတဲ့ နိုင်ငံရေးသမားအဖြစ် မှတ်တမ်းသစ် ရေးထိုးခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်၊ ဆန်ဖရန်ဆစ္စကို အုပ်ချုပ်ရေး ဘုတ်အဖွဲ့ ရွေးကောက်ပွဲမှာ မစ်ခ်က အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်နှစ် အကြာမှာတော့ သူနဲ့ ရန်စရှိသူ တစ်ဦးရဲ့ လုပ်ကြံ ပစ်ခတ်မှုကြောင့် မစ်ခ် ကွယ်လွန်သွားပါတယ်။

အခုအခါမှာတော့ ရေတပ်က မစ်ခ်ရဲ့ ရပ်တည်မှုကို ဂုဏ်ပြုတဲ့ အနေနဲ့ သင်္ဘော အသစ်မှာ သူ့နာမည် မှည့်ခေါ်ခဲ့တာပါ။ သင်္ဘောသစ် ရေချပွဲမှာ ဒယ်လ်တိုရိုက အတိတ်တုန်းက အမေရိကန် ရေတပ်ဟာ မစ်ခ်ကို အတင်းအကျပ် ဖိအားပေး နုတ်ထွက်စေခဲ့တာ အမှားတစ်ခု ဖြစ်တယ်လို့ ဝန်ခံသွားပါတယ်။

အမေရိကန် ရေတပ်ဟာ သင်္ဘောအသစ် ၆ စီးကို အရပ်သား လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေရဲ့ နာမည်တွေ မှည့်ခေါ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။