Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အာဏာသိမ်း ဆူဒန်စစ်တပ် ပစ်ခတ်လို့ ဆန္ဒပြပြည်သူ ၁၅ ဦးထက်မနည်း သေဆုံး

အခုဆိုရင် ဆူဒန် စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်ခတ် ဖြိုခွင်းလို့ သေဆုံးရတဲ့ ဆန္ဒပြသူ ဦးရေဟာ ၃၉ ဦးထက်မနည်း ရှိလာပြီလို့ ဆူဒန်မှာ အာဏာဖီဆန်ရေး (CDM) လှုပ်ရှားနေတဲ့ ဆရာဝန် သမဂ္ဂက ကြေညာပါတယ်။

ဒီမိုကရေစီရေး ဆန္ဒပြ တောင်းဆိုသူတွေကို အာဏာသိမ်း ဆူဒန် စစ်တပ်က ပစ်သတ်ခဲ့တာကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၂၅ ရက်မှာ ဆူဒန် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုဝင်ဘာ ၁၇ ရက် ဖြစ်စဉ်ဟာ သွေးအစွန်းဆုံးနေ့ ဖြစ်လာတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ သေဆုံးသွားတဲ့ ဆန္ဒပြသူ အားလုံးဟာ မြို့တော် ခါတွမ်က ဖြစ်ကြပြီး အများစုက မြောက်ပိုင်း ခရိုင်တွေကလို့ ဆိုပါတယ်။

အခုဆိုရင် ဆူဒန် စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်ခတ် ဖြိုခွင်းလို့ သေဆုံးရတဲ့ ဆန္ဒပြသူ ဦးရေဟာ ၃၉ ဦးထက်မနည်း ရှိလာပြီလို့ ဆူဒန်မှာ အာဏာဖီဆန်ရေး (CDM) လှုပ်ရှားနေတဲ့ ဆရာဝန် သမဂ္ဂက ကြေညာပါတယ်။

စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့ စေ့စပ် ဆွေးနွေးစရာ မလိုဘူးဆိုတဲ့ ခံယူချက်ကို ပိုမို ခိုင်မာလာစေကြောင်း ဆူဒန် ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။ စစ်တပ် အုပ်ချုပ်နေတာကို မလိုလားကြောင်း၊ ပြည်သူတွေ အနေနဲ့ အရပ်သား အုပ်ချုပ်မှု စနစ်ကိုသာ တောင်းဆိုကြောင်း ဆန္ဒပြသူတွေက အော်ဟစ် ကြွေးကြော်ပြီး အာဏာသိမ်း စစ်တပ် အကြီးအကဲ အက်ဘ်ဒယ်လ် ဖာတား အယ်လ် ဘာဟန်ကို ဆဲဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

မျက်မြင်တွေရဲ့ အဆိုအရ လူငယ်လူရွယ် ယောက်ျားလေး၊ မိန်းကလေး အများစု ပါဝင်တဲ့ ဆန္ဒပြ အဖွဲ့ဟာ လက်ခုပ်တွေတီးပြီး သံပြိုင် ကြွေးကြော် ချီတက်လာချိန်မှာ ပစ်ခတ် ခံခဲ့ရတာလို့ သိရပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ မျက်ရည်ယိုဗုံးတွေကိုပါ ပစ်ခတ်ပြီး ဆန္ဒပြ စစ်ကြောင်းကို လူစုခွဲ ဖြိုခွင်းခဲ့ကြောင်း ကိုယ်တိုင် ကြုံခဲ့သူတွေက ပြောပါတယ်။

ရဲနဲ့ စစ်တပ်ကတော့ ကျည်အစစ်တွေ သုံးခဲ့တယ် ဆိုတာကို ငြင်းဆန်ထားပြီး သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးသွားမှာဖြစ်ကြောင်း စစ်အစိုးရ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနက ကြေညာသွားပါတယ်။

ဆရာဝန် သမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာတော့ သေဆုံးသူ အများစုဟာ ဦးခေါင်း၊ ရင်ဘတ်နဲ့ လည်ပင်းတွေကို သေနတ် ထိမှန်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ဆူဒန် စစ်တပ်ဟာ ဆန္ဒပြ ခေါင်းဆောင်တွေကို ဖမ်းဆီးနိုင်ဖို့လည်း အင်တိုက်အားတိုက် ကြိုးစားနေပါတယ်။

အာဏာသိမ်း ဆူဒန် စစ်တပ်ကို အမေရိကန်၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချပြီး အရပ်သား အစိုးရဆီ အမြန်ဆုံး အာဏာ ပြန်အပ်နှင်းဖို့ တောင်းဆိုထားပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ဆူဒန် အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ နိုင်ငံတကာရဲ့ ထောက်ပံ့ ကူညီမှုတွေ အသည်းအသန် လိုအပ်နေပြီလို့ ပြောကြားထားပါတယ်။

လတ်တလောမှာတော့ အမေရိကန်ဟာ ဆူဒန်ကို ပေးပို့မယ့် ဒေါ်လာ သန်း ၇၀၀ တန် အထောက်အပံ့တွေကို ယာယီ ဆိုင်းငံ့ထားလိုက်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဘာဟန်ကတော့ အရပ်သား အစိုးရကို ဖြုတ်ချလိုက်တာဟာ အာဏာသိမ်းတဲ့ အဓိပ္ပါယ် မဟုတ်ဘဲ ပြည်တွင်းစစ်မီး တောက်လောင်လာမယ့် အခြေအနေကို တားဆီးလိုက်တာသာ ဖြစ်ကြောင်း ဖြေရှင်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။