Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရဟတ်ယာဉ် ပျက်ကျပြီး အိန္ဒိယ စစ်ဦးစီးချုပ် အပါအဝင် ၁၃ ဦး သေဆုံး

ဗိုလ်ချုပ်ကြီး ရာဝတ်ဟာ အတွေ့အကြုံ ကြွယ်ဝလွန်းတဲ့ စစ်မှုထမ်း တစ်ဦးဖြစ်ကြောင်း၊ နိုင်ငံအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ သူ့ရဲ့ တာဝန် ထမ်းရွက်မှုတွေကို အိန္ဒိယက ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ကြောင်း Twitterမှာ ရေးသားခဲ့ပါတယ်။

ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အိန္ဒိယစစ်ဦးစီးချုပ် သေဆုံးသွားကြောင်း အိန္ဒိယလေတပ်က အတည်ပြု ကြေညာလိုက်ပါတယ်။

ဒီဇင်ဘာ ၈ ရက်က တမီလ်နာဒူ ပြည်နယ်မှာ ဖြစ်ပွားတဲ့ ရဟတ်ယာဉ် ပျက်ကျမှုမှာ အသေအပျောက် ရှိခဲ့ပေမယ့် ဗိုလ်ချုပ်ကြီး ဘီပင်နာဝတ်ရဲ့ ကြမ္မာကို အတိအကျ မသိရသေးကြောင်း အစောပိုင်းမှာ စစ်ဘက် တာဝန်ရှိသူတွေက ပြောကြားခဲ့ပါသေးတယ်။

အခုတော့ ရုရှားလုပ် Mi-17V5 ရဟတ်ယာဉ် ပျက်ကျရာမှာ ဗိုလ်ချုပ်ကြီး နာဝတ်၊ ဇနီးဖြစ်သူနဲ့ တခြား ၁၁ ဦးတို့ သေဆုံးသွားကြောင်း လေတပ်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ လူ ၁၄ ဦး လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ ကူနားမြို့နားက တောင်စောင်း တစ်နေရာမှာ ပျက်ကျခဲ့တာပါ။ တစ်ဦးတည်း အသက်ရှင် ကျန်သူကိုတော့ ဆေးရုံမှာ တင်ပို့ ကုသပေးနေပါတယ်။

အသက် ၆၃ နှစ်အရွယ် ဗိုလ်ချုပ်ကြီး ရာဝတ်ဟာ အိန္ဒိယ နိုင်ငံသမိုင်းမှာ ပထမဆုံးသော တပ်ပေါင်းစု စစ်ဦးစီးချုပ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက ရာထူး ခန့်အပ် ခံခဲ့ရပါတယ်။ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက အိန္ဒိယရဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေ ပူးပေါင်း စစ်ဆင်နိုင်စွမ်းကို မြှင့်တင်ဖို့အတွက် ဒီရာထူးကို အသစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဗိုလ်ချုပ်ကြီး ရာဝတ်ဟာ အတွေ့အကြုံ ကြွယ်ဝလွန်းတဲ့ စစ်မှုထမ်း တစ်ဦးဖြစ်ကြောင်း၊ နိုင်ငံအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ သူ့ရဲ့ တာဝန် ထမ်းရွက်မှုတွေကို အိန္ဒိယက ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ကြောင်း Twitterမှာ ရေးသားခဲ့ပါတယ်။

ရဟတ်ယာဉ်ဟာ ဆူလာမှာရှိတဲ့ လေတပ် စခန်းကနေ ပျံတက်ပြီး မကြာခင်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ရာဝတ်ဟာ ကီလိုမီတာ ၁၀၀ လောက် အကွာက ဝယ်လင်တန်မြို့ဆီ သွားရောက်ပြီး စစ်ရေးကောလိပ် တစ်ခုမှာ သင်တန်း ပို့ချဖို့ စီစဉ်ထားခဲ့တာပါ။

Mi-17V5တွေဟာ ခေတ်အမီဆုံး စစ်ဘက် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေထဲက တစ်မျိုးပါ။ အခု ရဟတ်ယာဉ် ပျက်ကျမှုရဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ အိန္ဒိယမှာ သက်တမ်း အိုဟောင်းနေတဲ့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကို အသုံးပြုနေရဆဲဖြစ်ပြီး လေယာဉ် ပျက်ကျတဲ့ သတင်းတွေ မကြာခဏ ကြားရလေ့ ရှိပါတယ်။

၂၀၁၇ တုန်းကလည်း လေ့ကျင့် ပျံသန်းနေတဲ့ ရဟတ်ယာဉ် တစ်စီး အရူနာချဲလ် ပရာဒက်ရှ် ပြည်နယ်မှာ ပျက်ကျပြီး စစ်မှုထမ်း ၇ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီ မတိုင်ခင် တစ်နှစ်လောက်ကလည်း အူတာ ပရာဒက်ရှ်မှာ စစ်ရေး လေ့ကျင့်မှု ပြုလုပ်နေတဲ့ ရဟတ်ယာဉ်တစ်စီး ပျံတက်ပြီး ချက်ချင်းလိုလို ပျက်ကျခဲ့ပေမယ့် အသေအပျောက် သတင်းတော့ မကြားခဲ့ရပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။