Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရောဂါရှိသူနဲ့ ထိတွေ့မိပြီး နိုက်ကလပ် သွားခဲ့တဲ့အပေါ် ဖင်လန် ဝန်ကြီးချုပ် ပြန်တောင်းပန်

မာရင်ဟာ နိုင်ငံခြားရေး ဝန်ကြီးနဲ့ လောလောလတ်လတ် အထိအတွေ့ ရှိထားခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် ဝန်ကြီးချုပ်က သူ့အနေနဲ့ ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားပြီးသား ဖြစ်တာကြောင့် လူအများနဲ့ သီးသန့်ခွဲနေဖို့ မလိုတော့ဘူးလို့ ပြောပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားနေသူ တစ်ဦးနဲ့ အထိအတွေ့ ရှိခဲ့ပြီး မကြာခင်မှာပဲ နိုက်ကလပ် တက်ခဲ့မိတဲ့အတွက် ဖင်လန် ဝန်ကြီးချုပ်က ပြန်လည် တောင်းပန်ခဲ့ရပါတယ်။

ဝန်ကြီးချုပ် ဆန်နာ မာရင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဟယ်လ်ဆင်ကီ မြို့ထဲမှာ ညဖက် အပြင်ထွက် လည်ပတ်ခဲ့ပါတယ်။ အဲဒီ မတိုင်ခင် နာရီပိုင်း အလိုကမှ သူ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဟာ ကိုဗစ်ရောဂါ စွဲကပ်နေကြောင်း ဆေးစစ်အဖြေ Positiveရလဒ် ထွက်ခဲ့ပါတယ်။

မာရင်ဟာ နိုင်ငံခြားရေး ဝန်ကြီးနဲ့ လောလောလတ်လတ် အထိအတွေ့ ရှိထားခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် ဝန်ကြီးချုပ်က သူ့အနေနဲ့ ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားပြီးသား ဖြစ်တာကြောင့် လူအများနဲ့ သီးသန့်ခွဲနေဖို့ မလိုတော့ဘူးလို့ ပြောပါတယ်။

ဖင်လန်နိုင်ငံရဲ့ ကပ်ရောဂါ တားဆီး ကာကွယ်ရေး စည်းမျဉ်းတွေ အရလည်း ဆေးနှစ်ကြိမ် ထိုးထားပြီးသူဟာ Positive လူနာနဲ့ အထိအတွေ့ ရှိခဲ့ရင်တောင် Quarantine ဝင်စရာ မလိုပါဘူး။ ဒါပေမဲ့ လူအများနဲ့ ထိတွေ့နိုင်တဲ့ နေရာတွေကို ကိုယ့်အသိစိတ်နဲ့ကိုယ် ရှောင်ကြဉ်ကြဖို့တော့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ ပြီးတော့ အစိုးရ ဝန်ထမ်းတွေအတွက် သီးခြား လမ်းညွှန်ချက်မှာ ပိုးတွေ့ လူနာနဲ့ ထိတွေ့ပြီးရင် လူကြားထဲ သွားလာတာတွေကို ရှောင်ရှားဖို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနေ့မှာ ဝန်ကြီးချုပ် အနေနဲ့ လူကြားထဲ သွားလာတာမျိုး မလုပ်သင့်ကြောင်း သက်ဆိုင်ရာ ဌာနက SMS ပေးပို့ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီ SMSက သူ့ရဲ့ လုပ်ငန်းသုံး ဖုန်းထဲကို ရောက်ခဲ့ပြီး သူကိုယ်တိုင်ကတော့ အိမ်က ထွက်သွားနှင့်နေပြီလို့ မာရင်က ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ဝန်ကြီးချုပ်က သူ့အနေနဲ့ လမ်းညွှန်ချက်တွေကို နှစ်ကြိမ်လောက် သေချာ ပြန်ဖတ်ပြီး ပိုမို ကောင်းမွန်တဲ့ လိုက်နာ ကျင့်သုံးမှုမျိုး ရှိခဲ့သင့်တယ်လို့ ဝန်ခံခဲ့ပါတယ်။ သူ့အနေနဲ့ နားလည်မှု လွဲစရာတွေ ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ကြောင်းလည်း မာရင်က Facebookမှာ ရေးသားထားခဲ့ပါတယ်။

သူဟာ သူငယ်ချင်းတွေနဲ့အတူ နိုက်ကလပ် ရောက်နေတဲ့ ဓာတ်ပုံတွေကို အတင်းအဖျင်း မဂ္ဂဇင်း တစ်စောင်မှာ ဖော်ပြလိုက်ကတည်းက အတော်လေး ဝေဖန် ခံနေရပါတယ်။ အဲဒီညက မာရင်ဟာ Butchers ကလပ်မှာ တစ်ညလုံး ကခုန်ပျော်ပါးရင်း မနက် ၄ နာရီလောက်ထိ နေသွားခဲ့တယ်လို့ Seiska မဂ္ဂဇင်းက ဖော်ပြထားပါတယ်။

အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကတော့ ဝန်ကြီးချုပ် ဖြစ်တဲ့ မာရင်ဟာ ကိုယ့်သဘောနဲ့ကိုယ် သီးသန့်ခွဲခြား နေထိုင်ပြပြီး ပြည်သူတွေအတွက် စံပြဖြစ်သင့်ကြောင်း၊ ရောဂါရှိသူ တစ်ယောက်နဲ့ ထိတွေ့ပြီး သိပ်မကြာခင် ကလပ်သွားနေတာမျိုးကို ရှောင်သင့်ကြောင်း ပြစ်တင် ပြောဆိုခဲ့ပါတယ်။

မာရင်ဟာ ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်း ဝင်ခဲ့ဖူးပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်မှာ ဆိုရှယ် ဒီမိုကရက် ပါတီနဲ့ တခြား ဗဟို လက်ဝဲယိမ်း ၄ ပါတီ ပါဝင်တဲ့ ညွန့်ပေါင်း အစိုးရကို ဦးဆောင်ပြီး ဝန်ကြီးချုပ် ဖြစ်လာချိန်မှာ အသက် ၃၄ နှစ် အရွယ်သာ ရှိသေးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တဲ့အတိုင်း ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ ရာထူးကနေ နုတ်ထွက်မယ်လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်တွေနဲ့ မပတ်သက်ဖို့ ကာလရှည်ကြာ ဆုပ်ကိုင်ထားတဲ့ မူဝါဒကို ဖင်လန်နိုင်ငံက ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယရဲ့ ဘောလိဝုဒ် ရုပ်ရှင်ကြယ်ပွင့် မင်းသား ဂျိုးဆက် ဗီဂျေးဟာ တမီလ်နာဒူ ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ရာထူးကို တရားဝင် စတင် ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။