Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အင်ဒို-ပစိဖိတ် ဒေသမှာ ပြဿနာတွေ ရှုပ်အောင် ဆက်မလုပ်ဖို့ တရုတ်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး သတိပေး

အင်ဒို-ပစိဖိတ် ဒေသတွင်းမှာ ပြဿနာတွေ ရှုပ်ထွေးအောင် တရုတ်အနေနဲ့ ဆက်မလုပ်သင့်တော့ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားကို ရောက်ရှိလာချိန်မှာ ဘလင်ကန်က အခုလို ပြောကြားခဲ့တာပါ။ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမေရိကန် အစိုးရ အဖွဲ့ဟာ ဒေသတွင်းမှာ တရုတ်ကို တန်ပြန်မယ့် မဟာမိတ် အင်အားစုမျိုး ထူထောင်နိုင်ဖို့ ကြိုးစားနေပါတယ်။

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် လက်ထက်မှာ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေနဲ့ ဆက်ဆံရေး ယုတ်လျော့သွားခဲ့တာကို ပြန်လည် ဖာထေး ပြင်ဆင်ဖို့ ဘိုင်ဒန်က ကြိုးစားနေပါတယ်။ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်လို့ မိန့်ခွန်း ပြောကြားချိန်မှာ ဘလင်ကန်က အမေရိကန်ဟာ ဥပဒေ စည်းမျဉ်းတွေနဲ့အညီ မိတ်ဖက် နိုင်ငံတွေအပေါ် အကာအကွယ် ပေးနေမှာ ဖြစ်ကြောင်း၊ နိုင်ငံတိုင်းက ကိုယ်ပိုင် လမ်းကြောင်းအတိုင်း လျှောက်လှမ်းသင့်တယ်လို့ အမေရိကန် အနေနဲ့ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။

တောင်တရုတ်ပင်လယ် ပိုင်နက်ကိစ္စ အပါအဝင် ပြဿနာ တချို့ကြောင့် တရုတ်နဲ့ ဒေသတွင်း နိုင်ငံတွေကြား အငြင်းပွားမှုတွေ ရှိနေချိန်မှာ ဘလင်ကန်က အခုလို ပြောဆိုခဲ့တာပါ။ အရှေ့မြောက်အာရှ၊ အရှေ့တောင်အာရှနဲ့ မဲခေါင်မြစ်ဝှမ်း ဒေသအပြင် ပစိဖိတ် ကျွန်းစု နိုင်ငံတွေထိ တရုတ်ရဲ့ ရန်လိုကျူးကျော်ချင်တဲ့ လုပ်ရပ်တွေကို ရင်ဆိုင်နေရတယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။

ပင်လယ်ပြင်ကျယ်ကြီး တစ်ခုလုံးကို တရုတ်က သူတို့ပိုင်နက်လို့ သိမ်းသွင်း သတ်မှတ်ချင်နေကြောင်း၊ လွတ်လပ်တဲ့ စျေးကွက်တွေထဲကို တရုတ် အစိုးရပိုင် လက်အောက်ခံ ကုမ္ပဏီတွေ ထည့်သွင်းပြီး ခြယ်လှယ်ဖို့ ကြိုးစားကြောင်း၊ တရုတ်ရဲ့ ဂြိုဟ်မွှေတဲ့ အမူအကျင့်တွေကို ဒေသတွင်း နိုင်ငံတွေက ပြောင်းလဲပစ်ချင်နေပြီး အမေရိကန်မှာလည်း တူညီတဲ့ သဘောထားမျိုး ရှိနေကြောင်း ဘလင်ကန်က ဂျကာတာမြို့မှာ ပြောဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်ဟာ ထိုင်ဝမ် အပေါ်မှာလည်း ပိုမို ရန်လို တင်းမာတဲ့ အရိပ်အယောင်မျိုးတွေ ပြသလာခဲ့ပါတယ်။ ဘလင်ကန်က အမေရိကန်ဟာ ထိုင်ဝမ် ရေလက်ကြားဒေသ တည်ငြိမ် အေးချမ်းရေးအတွက် ပိုမို အားထုတ်သွားဖို့ လိုလားကြောင်းလည်း ဆိုပါတယ်။ ထိုင်ဝမ်ဟာ ဒီမိုကရေစီ ပီပြင်ထွန်းကားပြီး ကိုယ်ပိုင် အုပ်ချုပ်မှုနဲ့ ရပ်တည်နေပေမယ့် တရုတ်ကတော့ ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး သိမ်းပိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း ခြိမ်းခြောက်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...