Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်ရပ် သဘောတူညီမှု ရခဲ့ရင်တောင် ရာဖားဟ်မြို့ကို ထိုးစစ်ဆင်မယ့် အစီအစဉ်ကို မစွန့်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ်ပြော

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

အပစ်ရပ် သဘောတူညီမှု ရခဲ့ရင်တောင် ရာဖားဟ်မြို့ကို ထိုးစစ်ဆင်မယ့် အစီအစဉ်ကို မစွန့်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ်ပြော
အပစ်ရပ် သဘောတူညီမှု ရခဲ့ရင်တောင် ရာဖားဟ်မြို့ကို ထိုးစစ်ဆင်မယ့် အစီအစဉ်ကို မစွန့်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ်ပြော

ဟားမားစ် ပြောက်ကျားတွေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဂါဇာတောင်ပိုင်းမှာရှိတဲ့ ရာဖားဟ်မြို့ကို အစ္စရေးက သေချာပေါက် မြေပြင်ထိုးစစ် ဆင်နွှဲသွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောပါတယ်။

လတ်တလောမှာ အစ္စရေးနဲ့ ဟားမားစ်တို့ကြား ယာယီ အပစ်အခတ် ရပ်စဲနိုင်ရေးကိစ္စကို ကြားခံ ညှိနှိုင်းပေးနေတဲ့ နိုင်ငံတွေက အသည်းအသန် ကြိုးစားနေပြီး နှစ်ဖက်စလုံးကိုလည်း နားချနေပါတယ်။ အစ္စရေးရဲ့ အဓိက စစ်မဟာမိတ်ဖြစ်တဲ့ အမေရိကန်ကလည်း ဂါဇာကမ်းမြှောင် တောင်ပိုင်းမှာ ပါလက်စတိုင်း ဒုက္ခသည် သန်းနဲ့ချီ စုဝေးနေတဲ့ ရာဖားဟ်မြို့ကို အစ္စရေးတပ်တွေ မြေပြင်ထိုးစစ် မဆင်နွှဲဖို့ အစဉ်တစိုက် ဖိအားပေး တောင်းဆိုနေပါတယ်။

ဒါပေမဲ့လည်း သဘောထား တင်းမာသူ တစ်ဦးအဖြစ် လူသိများတဲ့ နေတန်ညာဟုကတော့ အောက်တိုဘာ ၇ ရက်နေ့မှာ အစ္စရေးပိုင်နက်ကို ကျူးကျော်ရန်စ တိုက်ခိုက်ခဲ့တဲ့ ဟားမားစ်တွေကို အပြီးတိုင် ချေမှုန်းဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ကြောင်းနဲ့ ရာဖားဟ်ကို ထိုးစစ်ဆင်မှု အပါအဝင် အစ္စရေးရဲ့ စစ်ဆင်ရေး ရည်မှန်းချက်အားလုံး အောင်မြင်အောင် ရှေ့ဆက်ဖို့ သံန္နိဋ္ဌာန် ချထားကြောင်း ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းတွေက အစ္စရေး မြို့ရွာတွေကို ကျူးကျော်ချိန်မှာ ဓားစာခံအဖြစ် ဖမ်းဆီးသွားတာ ခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံချိန်မှာ နေတန်ညာဟုက အစ္စရေး တပ်တွေဟာ ရာဖားဟ်ကို သေချာပေါက် ဝင်ရောက်ပြီး ဟားမားစ် တပ်ရင်းတပ်ဖွဲ့တွေကို ချေမှုန်းမှာဖြစ်ကြောင်း၊ ဒီအတောအတွင်း အပစ်ရပ် သဘောတူညီမှု တစ်ခုခု ရရ မရရ အဲဒီ အစီအစဉ်ကို ပြောင်းလဲမှာမဟုတ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်မှာတော့ အမေရိကန်၊ အီဂျစ်နဲ့ ကာတာ အစိုးရ ကိုယ်စားလှယ်တွေဟာ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုကို အဆိုပြုပြီး သတိကြီးကြီး ဆွေးနွေးနေပါတယ်။ ဟားမားစ်တွေက အစ္စရေး ဓားစာခံ တော်တော်များများကို ပြန်လွှတ်ပေးရင် အပစ်အခတ် ရက် ၄၀ ရပ်စဲထားရေးဆိုတဲ့ ကိစ္စကို စဉ်းစားနေပြီး တစ်ဖက်မှာလည်း ဟားမားစ် ခေါင်းဆောင်တချို့က အစ္စရေးရဲ့ စစ်ဆင်ရေးတွေ အလုံးစုံ မရပ်တန့်မချင်း ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ ဆန္ဒမရှိကြောင်း တင်းခံထားတဲ့အတွက် ကြားဝင်စေ့စပ်ပေးသူတွေအတွက် အကျပ်ရိုက်စရာ ဖြစ်နေပါတယ်။

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

Ref: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရန်သူတော် ဟားမားစ်တပ်ဖွဲ့ရဲ့ အောက်ခြေအဆင့် စစ်သားတွေကို ခန့်မှန်းရာမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို အသုံးပြုပြီး ဆုံးဖြတ်ခဲ့ကြောင်း စွပ်စွဲချက်တွေကို အစ္စရေးစစ်တပ်က အပြင်းအထန် ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။