Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နယ်စပ်မှာ ရွှေ့ပြောင်း အခြေချသူတွေ သေဆုံးမှုနဲ့ ပတ်သက်လို့ ဂရိနဲ့ တူရကီ အပြန်အလှန် အပြစ်ဖို့

တူရကီ နိုင်ငံခြားရေး ဝန်ကြီး ဆူလီမန် ဆွိုင်လူက ဒီလူတွေဟာ တူရကီကို ဖြတ်ပြီး ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဆီ သွားရောက်ဖို့ ကြိုးစားခဲ့ရင်း သေဆုံးကုန်တာလို့ Twitterမှာ ရေးသားခဲ့ပါတယ်။ ပြီးတော့ လူ ၁၂ ဦး အသက်ဆုံးရှုံးရတဲ့ ကိစ္စမှာ ဂရိ အာဏာပိုင်တွေ အပြစ်မကင်းဘူးလို့လည်း သူက ဆိုပါတယ်။

နယ်စပ်မှာ ရွှေ့ပြောင်းအခြေချသူ ၁၂ ဦး အေးခဲ သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ တူရကီနဲ့ ဂရိနိုင်ငံတွေကြား သံတမန်ရေးရာ စကားလုံး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒီနှစ်နိုင်ငံစလုံးဟာ ကြုံတောင့်ကြုံခဲ နှင်းမုန်တိုင်း တိုက်ခတ်မှုတွေ ဒဏ်ကို သက်ရောက် ခံစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဂရိနဲ့ နယ်စပ်နားက တူရကီပိုင် အစ်ပ်ဆာလာ မြို့လေးမှာ အေးခဲ သေဆုံးနေတဲ့ ရွှေ့ပြောင်း အခြေချသူ ၁၂ ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ပြီး ဒီသတင်းက အတော်လေး လူပြောများလာခဲ့ပါတယ်။

တူရကီ နိုင်ငံခြားရေး ဝန်ကြီး ဆူလီမန် ဆွိုင်လူက ဒီလူတွေဟာ တူရကီကို ဖြတ်ပြီး ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဆီ သွားရောက်ဖို့ ကြိုးစားခဲ့ရင်း သေဆုံးကုန်တာလို့ Twitterမှာ ရေးသားခဲ့ပါတယ်။ ပြီးတော့ လူ ၁၂ ဦး အသက်ဆုံးရှုံးရတဲ့ ကိစ္စမှာ ဂရိ အာဏာပိုင်တွေ အပြစ်မကင်းဘူးလို့လည်း သူက ဆိုပါတယ်။

ရွှေ့ပြောင်း အခြေချသူတွေက အစ်ပ်ဆာလာကတဆင့် ဂရိနယ်စပ်ကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ကြောင်း၊ ဒါပေမဲ့ ဂရိ နယ်ခြားစောင့် တပ်ဖွဲ့တွေ၊ အမျိုးသားဝါဒီ လူရမ်းကား အဖွဲ့တွေက သူတို့ကို ဟန့်တားပြီး အဝတ်အစားတွေ၊ ဖိနပ်တွေ ချွတ်ခိုင်းပြီးမှ ပြန်နှင်ထုတ်လိုက်ကြောင်း ဆွိုင်လူက ပြောပါတယ်။ ဝန်ကြီးက ခပ်ဝါးဝါး ဖုံးကွယ်ထားတဲ့ ရုပ်အလောင်း တချို့ရဲ့ ဓာတ်ပုံကို ပြသခဲ့ရာမှာ အဝတ်အစား မပြည့်မစုံနဲ့ ဖြစ်နေတာကို တွေ့ရပါတယ်။ ဂရိဖက်က တာဝန်ရှိသူတွေဟာ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ လူအချင်းချင်း စာနာမှု ပျောက်နေတယ်လို့လည်း သူက စွပ်စွဲပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဂရိ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး နိုတစ် မစ်တာရာချီက ဆွိုင်လူရဲ့ စကားတွေကို ငြင်းပယ်သွားခဲ့ပါတယ်။ အဲဒီ ရွှေ့ပြောင်း ဒုက္ခသည်တွေ သေဆုံးမှုဟာ ကြေကွဲစရာ ဖြစ်ကြောင်း၊ သေချာတဲ့ အချက်က သူတို့ဟာ ဘယ်တုန်းကမှ ဂရိ နယ်စပ်ကို ရောက်မလာခဲ့ဘဲ တူရကီဖက် အခြမ်းမှာသာ ရှိနေခဲ့ကြောင်း မစ်တာရာချီက ဆိုပါတယ်။

နယ်စပ်ကို သူတို့တွေ ရောက်လာပြီးမှ တူရကီဖက် ပြန်နှင်လွှတ်တာ ခံရတယ်ဆိုတဲ့ အပြောအဆိုမျိုးကတော့ လုံးဝ အခြေအမြစ် မရှိဘူးလို့လည်း မစ်တာရာချီက တုံ့ပြန်သွားပါတယ်။

အဲဒီ ရွှေ့ပြောင်း အခြေချသူ အဖွဲ့ဟာ ၂၂ ဦး ပါဝင်တာလို့ သိရှိထားပြီး နောက်ထပ် ၁၀ ယောက်က ဘယ်ရောက်နေသလဲ၊ အခြေအနေ ဘယ်လို ရှိသလဲဆိုတာကို စုံစမ်းနေဆဲပါ။ တူရကီ ရဲတပ်ဖွဲ့က ဒီကိစ္စကို အမှုဖွင့် စစ်ဆေးသွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဂရိ နယ်ခြားစောင့် တပ်တွေဟာ ရွှေ့ပြောင်း ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အခြေချသူတွေကို အတင်းအဓမ္မ ပြန်နှင်လွှတ်တာတွေ ရှိနေတယ်လို့ ကိုယ်တွေ့ ကြုံခဲ့သူတွေရော၊ ဥရောပ ကောင်စီကပါ စွပ်စွဲ ပြောဆိုတာတွေ ရှိခဲ့ပြီး ဂရိ အစိုးရကတော့ အကြိမ်ကြိမ် ငြင်းဆန်နေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။