Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှား-ယူကရိန်း ပြဿနာမှာ တစ်ဖက်ဖက်ကို ရွေးရတော့မယ့် အိန္ဒိယ

အိန္ဒိယရဲ့ ကာကွယ်ရေး ကဏ္ဍ သွင်းကုန် စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ ရုရှားဆီက ဖြစ်ပါတယ်။ အရင်ကလည်း နိုင်ငံတကာရေးရာ ပြဿနာတွေမှာ အိန္ဒိယနဲ့ ရုရှားတို့ဟာ ဘက်ညီတဲ့ လက်တွဲဖော်တွေ အနေနဲ့ ရပ်တည်ခဲ့ကြဖူးပါတယ်။

ရုရှားနဲ့ ယူကရိန်း စစ်ပွဲမှာ ဘယ်ဖက်က ပြတ်ပြတ်သားသား ရပ်တည်မလဲဆိုတာ အိန္ဒိယ အစိုးရ အနေနဲ့ ရွေးချယ်ဖို့ ဖိအားတွေ တိုးပွားလာနေပါတယ်။

အိန္ဒိယဟာ ရုရှားနဲ့ စစ်ဘက်ရေးရာ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေသလို ယူကရိန်းကို အားသွန်ခွန်စိုက် ထောက်ပံ့နေတဲ့ အမေရိကန်နဲ့လည်း ဆက်ဆံရေးကောင်းတွေ ထူထောင်ထားပါတယ်။ ကုလသမဂ္ဂမှာ ရုရှားရဲ့ ကျူးကျော်စစ်ကို ရှုတ်ချကြောင်း မဲပေးကြတဲ့ အခါမှာ အိန္ဒိယဟာ တစ်ဖက်ဖက်ကို ရွေးချယ်တာမျိုး မလုပ်ဘဲ ကြားနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီရပ်တည်မှုဟာ ရေရှည်မှာ အဆင်မပြေဘဲ အခုဆိုရင် ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီရဲ့ အစိုးရဟာ တစ်ဖက်ဖက်မှာ ပီပီပြင်ပြင် ရပ်တည်ပေးဖို့ အမေရိကန်ရော၊ ရုရှားကပါ နောက်ကွယ်က ဖိအားပေးမှုတွေ ရှိနေပြီလို့ သိရပါတယ်။ ဒီအခြေအနေဟာ အိန္ဒိယအတွက် အတော်လေး ဘေးကျပ်နံကျပ် ဖြစ်စေပါတယ်။

အိန္ဒိယရဲ့ ကာကွယ်ရေး ကဏ္ဍ သွင်းကုန် စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ ရုရှားဆီက ဖြစ်ပါတယ်။ အရင်ကလည်း နိုင်ငံတကာရေးရာ ပြဿနာတွေမှာ အိန္ဒိယနဲ့ ရုရှားတို့ဟာ ဘက်ညီတဲ့ လက်တွဲဖော်တွေ အနေနဲ့ ရပ်တည်ခဲ့ကြဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အိမ်နီးချင်း အင်အားကြီး တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကို တွန်းလှန်ဖို့အတွက် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးကိုလည်း တိုးမြှင့်ခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် အိန္ဒိယ အနေနဲ့ လက်ရှိ ပဋိပက္ခမှာ တစ်ဖက်ဖက်ကို မရွေးချင်တာ ဓမ္မဓိဋ္ဌာန် ကျပါတယ်။

ဒါပေမဲ့ အခုအခါ အမေရိကန်ရော၊ ရုရှားကပါ ယူကရိန်း ပြဿနာမှာ သူတို့ကို ထောက်ခံတယ် ဆိုတာမျိုး ပြောလာတဲ့အတွက် အိန္ဒိယ အစိုးရ အနေနဲ့ တစ်ဖက်ဖက်ကို မဖြစ်မနေ ရွေးရဖို့ ဖိအားတွေ ပိုများလာပါတယ်။

အိန္ဒိယနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး ဒင်းနစ် အလီပေါ့ဗ်က သူ့အနေနဲ့ အိန္ဒိယရဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေး မူဝါဒကို ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါတယ်။ တစ်ဖက်မှာ အမေရိကန် သံအမတ် ဒေါ်နယ်လ်လူကလည်း အမေရိကန် အစိုးရဟာ အိန္ဒိယရဲ့ ရပ်တည်ချက်ကို သဲသဲကွဲကွဲ သိရဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

အိန္ဒိယဟာ လူဦးရေအရ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဒီမိုကရေစီ နိုင်ငံအဖြစ် ရပ်တည်နေပြီး လက်ရှိ အခြေအနေတွေအရ သူတို့ရဲ့ ပြည်ပအရေး ဝင်မစွက်တဲ့ နိုင်ငံခြားရေး မူဝါဒကို ဆက်ပြီး ဆုပ်ကိုင်ထားဖို့ ခက်ခဲလာတော့မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။