Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား-ယူကရိန်း ပြဿနာမှာ တစ်ဖက်ဖက်ကို ရွေးရတော့မယ့် အိန္ဒိယ

အိန္ဒိယရဲ့ ကာကွယ်ရေး ကဏ္ဍ သွင်းကုန် စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ ရုရှားဆီက ဖြစ်ပါတယ်။ အရင်ကလည်း နိုင်ငံတကာရေးရာ ပြဿနာတွေမှာ အိန္ဒိယနဲ့ ရုရှားတို့ဟာ ဘက်ညီတဲ့ လက်တွဲဖော်တွေ အနေနဲ့ ရပ်တည်ခဲ့ကြဖူးပါတယ်။

ရုရှားနဲ့ ယူကရိန်း စစ်ပွဲမှာ ဘယ်ဖက်က ပြတ်ပြတ်သားသား ရပ်တည်မလဲဆိုတာ အိန္ဒိယ အစိုးရ အနေနဲ့ ရွေးချယ်ဖို့ ဖိအားတွေ တိုးပွားလာနေပါတယ်။

အိန္ဒိယဟာ ရုရှားနဲ့ စစ်ဘက်ရေးရာ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေသလို ယူကရိန်းကို အားသွန်ခွန်စိုက် ထောက်ပံ့နေတဲ့ အမေရိကန်နဲ့လည်း ဆက်ဆံရေးကောင်းတွေ ထူထောင်ထားပါတယ်။ ကုလသမဂ္ဂမှာ ရုရှားရဲ့ ကျူးကျော်စစ်ကို ရှုတ်ချကြောင်း မဲပေးကြတဲ့ အခါမှာ အိန္ဒိယဟာ တစ်ဖက်ဖက်ကို ရွေးချယ်တာမျိုး မလုပ်ဘဲ ကြားနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီရပ်တည်မှုဟာ ရေရှည်မှာ အဆင်မပြေဘဲ အခုဆိုရင် ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီရဲ့ အစိုးရဟာ တစ်ဖက်ဖက်မှာ ပီပီပြင်ပြင် ရပ်တည်ပေးဖို့ အမေရိကန်ရော၊ ရုရှားကပါ နောက်ကွယ်က ဖိအားပေးမှုတွေ ရှိနေပြီလို့ သိရပါတယ်။ ဒီအခြေအနေဟာ အိန္ဒိယအတွက် အတော်လေး ဘေးကျပ်နံကျပ် ဖြစ်စေပါတယ်။

အိန္ဒိယရဲ့ ကာကွယ်ရေး ကဏ္ဍ သွင်းကုန် စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ ရုရှားဆီက ဖြစ်ပါတယ်။ အရင်ကလည်း နိုင်ငံတကာရေးရာ ပြဿနာတွေမှာ အိန္ဒိယနဲ့ ရုရှားတို့ဟာ ဘက်ညီတဲ့ လက်တွဲဖော်တွေ အနေနဲ့ ရပ်တည်ခဲ့ကြဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အိမ်နီးချင်း အင်အားကြီး တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကို တွန်းလှန်ဖို့အတွက် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးကိုလည်း တိုးမြှင့်ခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် အိန္ဒိယ အနေနဲ့ လက်ရှိ ပဋိပက္ခမှာ တစ်ဖက်ဖက်ကို မရွေးချင်တာ ဓမ္မဓိဋ္ဌာန် ကျပါတယ်။

ဒါပေမဲ့ အခုအခါ အမေရိကန်ရော၊ ရုရှားကပါ ယူကရိန်း ပြဿနာမှာ သူတို့ကို ထောက်ခံတယ် ဆိုတာမျိုး ပြောလာတဲ့အတွက် အိန္ဒိယ အစိုးရ အနေနဲ့ တစ်ဖက်ဖက်ကို မဖြစ်မနေ ရွေးရဖို့ ဖိအားတွေ ပိုများလာပါတယ်။

အိန္ဒိယနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး ဒင်းနစ် အလီပေါ့ဗ်က သူ့အနေနဲ့ အိန္ဒိယရဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေး မူဝါဒကို ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါတယ်။ တစ်ဖက်မှာ အမေရိကန် သံအမတ် ဒေါ်နယ်လ်လူကလည်း အမေရိကန် အစိုးရဟာ အိန္ဒိယရဲ့ ရပ်တည်ချက်ကို သဲသဲကွဲကွဲ သိရဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

အိန္ဒိယဟာ လူဦးရေအရ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဒီမိုကရေစီ နိုင်ငံအဖြစ် ရပ်တည်နေပြီး လက်ရှိ အခြေအနေတွေအရ သူတို့ရဲ့ ပြည်ပအရေး ဝင်မစွက်တဲ့ နိုင်ငံခြားရေး မူဝါဒကို ဆက်ပြီး ဆုပ်ကိုင်ထားဖို့ ခက်ခဲလာတော့မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။