Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

သီရိလင်္ကာ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ အစုအပြုံလိုက် နုတ်ထွက်

ပညာရေး ဝန်ကြီး ဒီနက်ရှ် ဂူနာဝါဒီနာက ဝန်ကြီးတွေ အခုလို တပြုံကြီး နုတ်ထွက်ပေးလိုက်တာဟာ နိုင်ငံရဲ့ အခြေအနေကို ပြန်တည့်မတ်နိုင်မယ့် အစိုးရသစ် ဖွဲ့စည်းရာမှာ ဝန်ကြီးချုပ်နဲ့ သမ္မတကို အထောက်အကူ ဖြစ်စေချင်တာကြောင့်လို့ အကြောင်းပြပါတယ်။

သီရိလင်္ကာ နိုင်ငံမှာ သမ္မတနဲ့ ဝန်ကြီးချုပ်ကလွဲလို့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးအားလုံး ရာထူးကနေ နုတ်ထွက်သွားကြပါတယ်။

စီးပွားရေး ကျပ်တည်းမှုတွေကြောင့် ပြည်တွင်းမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ အရှိန်တက်လာချိန် ဧပြီ ၄ ရက်မှာ အစိုးရ အဖွဲ့ဝင် ဝန်ကြီး ၂၆ ဦး ရာထူးက နုတ်ထွက်စာ တင်ခဲ့ကြပါတယ်။ ဗဟိုဘဏ် အကြီးအကဲ အဂျင်သ် နီဗက်ဒ် ကာဘရဲလ်လည်း အခုအခါ နုတ်ထွက်လိုက်ပြီလို့ ကြေညာပါတယ်။

အစိုးရ အဖွဲ့မှာတော့ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာနဲ့ အစ်ကိုဖြစ်သူ ဝန်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်ဆာတို့ နှစ်ဦးသာ လက်ရှိ ရာထူးအတိုင်း ကျန်နေပါတယ်။ ဝန်ကြီးချုပ် မာဟင်ဒါရဲ့ သားဖြစ်သူ လူငယ်နဲ့ အားကစားရေးရာ ဝန်ကြီး နာမဲလ် ရာဂျာပက်ဆာလည်း ရာထူးကနေ နုတ်ထွက်ခဲ့ပြီးပါပြီ။

ပညာရေး ဝန်ကြီး ဒီနက်ရှ် ဂူနာဝါဒီနာက ဝန်ကြီးတွေ အခုလို တပြုံကြီး နုတ်ထွက်ပေးလိုက်တာဟာ နိုင်ငံရဲ့ အခြေအနေကို ပြန်တည့်မတ်နိုင်မယ့် အစိုးရသစ် ဖွဲ့စည်းရာမှာ ဝန်ကြီးချုပ်နဲ့ သမ္မတကို အထောက်အကူ ဖြစ်စေချင်တာကြောင့်လို့ အကြောင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ ဆန္ဒပြ ပြည်သူတွေကတော့ ဒီကိစ္စဟာ အပေါစား ပြက်လုံးတစ်ခုလိုပဲလို့ ဝေဖန်ခဲ့ပြီး အာဏာရှင် လက်ဆွဲကျမ်းထဲက လုပ်ထုံးလုပ်နည်း တစ်ခုသာ ဖြစ်တယ်လို့ စွပ်စွဲနေကြပါတယ်။ သီရိလင်္ကာ အစိုးရဟာ မြို့ကြီးတွေမှာ ညမထွက်ရ အမိန့်တွေ ထုတ်ထားပြီး အရေးပေါ် အခြေအနေ ကြေညာထားပေမယ့် ဆန္ဒပြ လှုပ်ရှားမှုတွေကတော့ အရှိန် လျော့မသွားပါဘူး။ ဆန္ဒပြသူတွေက ရာဂျာပက်ဆာ မိသားစုကို အဂတိ ထူပြောသူတွေအဖြစ် စွပ်စွဲပြီး အာဏာစွန့်လွှတ်ဖို့ ဖိအားပေးနေကြပါတယ်။

သီရိလင်္ကာ အစိုးရဟာ စီးပွားရေး အကျပ်အတည်းတွေ၊ ကြွေးမြီ ထူပြောမှုတွေရဲ့ ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရပါတယ်။ ပြည်တွင်းမှာ စားသောက်နဲ့ လူသုံးကုန် စျေးနှုန်းတွေ အလွန်အကျွံ မြင့်တက်ပြီး လျှပ်စစ်မီးကလည်း တစ်နေ့ကို ၁၂ နာရီလောက် ပြတ်တောက်နေပါတယ်။ ဓာတ်အား မလောက်ငှတဲ့အတွက် အစိုးရက ညဖက်ဆို လမ်းမီးတွေကိုပါ ပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။ ဒီလို ဘက်ပေါင်းစုံ ကျပ်တည်းလာမှုတွေကြောင့် ပြည်သူတွေက အစိုးရကို ဆန့်ကျင် ဆန္ဒပြလာကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အမေရိကန် ထောက်လှမ်းရေးရဲ့ အဆိုအရ Tower 22 စခန်းကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းဟာ အီရန်လုပ် အမျိုးအစားဖြစ်ပြီး ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ ရုရှားဆီ တင်ပို့ထားတာတွေနဲ့လည်း တူညီတယ်လို့ သိရပါတယ်။

သတင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ချင်းတိုင်းရင်းသား အနွယ်ဝင် ၃၀၀၀၀ လောက်ဟာ မီဇိုရမ် ပြည်နယ်ထဲကို စစ်ရှောင်တွေအဖြစ် ဝင်ရောက် ခိုလှုံနေခဲ့ကြရပြီး ဖြစ်ပါတယ်။