Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သီရိလင်္ကာ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ အစုအပြုံလိုက် နုတ်ထွက်

ပညာရေး ဝန်ကြီး ဒီနက်ရှ် ဂူနာဝါဒီနာက ဝန်ကြီးတွေ အခုလို တပြုံကြီး နုတ်ထွက်ပေးလိုက်တာဟာ နိုင်ငံရဲ့ အခြေအနေကို ပြန်တည့်မတ်နိုင်မယ့် အစိုးရသစ် ဖွဲ့စည်းရာမှာ ဝန်ကြီးချုပ်နဲ့ သမ္မတကို အထောက်အကူ ဖြစ်စေချင်တာကြောင့်လို့ အကြောင်းပြပါတယ်။

သီရိလင်္ကာ နိုင်ငံမှာ သမ္မတနဲ့ ဝန်ကြီးချုပ်ကလွဲလို့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးအားလုံး ရာထူးကနေ နုတ်ထွက်သွားကြပါတယ်။

စီးပွားရေး ကျပ်တည်းမှုတွေကြောင့် ပြည်တွင်းမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ အရှိန်တက်လာချိန် ဧပြီ ၄ ရက်မှာ အစိုးရ အဖွဲ့ဝင် ဝန်ကြီး ၂၆ ဦး ရာထူးက နုတ်ထွက်စာ တင်ခဲ့ကြပါတယ်။ ဗဟိုဘဏ် အကြီးအကဲ အဂျင်သ် နီဗက်ဒ် ကာဘရဲလ်လည်း အခုအခါ နုတ်ထွက်လိုက်ပြီလို့ ကြေညာပါတယ်။

အစိုးရ အဖွဲ့မှာတော့ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာနဲ့ အစ်ကိုဖြစ်သူ ဝန်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်ဆာတို့ နှစ်ဦးသာ လက်ရှိ ရာထူးအတိုင်း ကျန်နေပါတယ်။ ဝန်ကြီးချုပ် မာဟင်ဒါရဲ့ သားဖြစ်သူ လူငယ်နဲ့ အားကစားရေးရာ ဝန်ကြီး နာမဲလ် ရာဂျာပက်ဆာလည်း ရာထူးကနေ နုတ်ထွက်ခဲ့ပြီးပါပြီ။

ပညာရေး ဝန်ကြီး ဒီနက်ရှ် ဂူနာဝါဒီနာက ဝန်ကြီးတွေ အခုလို တပြုံကြီး နုတ်ထွက်ပေးလိုက်တာဟာ နိုင်ငံရဲ့ အခြေအနေကို ပြန်တည့်မတ်နိုင်မယ့် အစိုးရသစ် ဖွဲ့စည်းရာမှာ ဝန်ကြီးချုပ်နဲ့ သမ္မတကို အထောက်အကူ ဖြစ်စေချင်တာကြောင့်လို့ အကြောင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ ဆန္ဒပြ ပြည်သူတွေကတော့ ဒီကိစ္စဟာ အပေါစား ပြက်လုံးတစ်ခုလိုပဲလို့ ဝေဖန်ခဲ့ပြီး အာဏာရှင် လက်ဆွဲကျမ်းထဲက လုပ်ထုံးလုပ်နည်း တစ်ခုသာ ဖြစ်တယ်လို့ စွပ်စွဲနေကြပါတယ်။ သီရိလင်္ကာ အစိုးရဟာ မြို့ကြီးတွေမှာ ညမထွက်ရ အမိန့်တွေ ထုတ်ထားပြီး အရေးပေါ် အခြေအနေ ကြေညာထားပေမယ့် ဆန္ဒပြ လှုပ်ရှားမှုတွေကတော့ အရှိန် လျော့မသွားပါဘူး။ ဆန္ဒပြသူတွေက ရာဂျာပက်ဆာ မိသားစုကို အဂတိ ထူပြောသူတွေအဖြစ် စွပ်စွဲပြီး အာဏာစွန့်လွှတ်ဖို့ ဖိအားပေးနေကြပါတယ်။

သီရိလင်္ကာ အစိုးရဟာ စီးပွားရေး အကျပ်အတည်းတွေ၊ ကြွေးမြီ ထူပြောမှုတွေရဲ့ ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရပါတယ်။ ပြည်တွင်းမှာ စားသောက်နဲ့ လူသုံးကုန် စျေးနှုန်းတွေ အလွန်အကျွံ မြင့်တက်ပြီး လျှပ်စစ်မီးကလည်း တစ်နေ့ကို ၁၂ နာရီလောက် ပြတ်တောက်နေပါတယ်။ ဓာတ်အား မလောက်ငှတဲ့အတွက် အစိုးရက ညဖက်ဆို လမ်းမီးတွေကိုပါ ပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။ ဒီလို ဘက်ပေါင်းစုံ ကျပ်တည်းလာမှုတွေကြောင့် ပြည်သူတွေက အစိုးရကို ဆန့်ကျင် ဆန္ဒပြလာကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဒုဝန်ကြီး ၇ဦးကို လူချင်းတွေ့ဆုံပြီး နိုင်ငံရေး၊ စစ်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာနဲ့ လူသားဆိုင်နာဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း NUGက ဒီကနေ့ မေလ ၂၁ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

မေလရဲ့ ပထမဆုံး သီတင်းပတ်မှာတင် အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်)နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နိုင်ငံခြားသား ၂၆၀ ကျော်ကို သီရိလင်္ကာက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လောင်စာဆီ တင်ပို့ရောင်းချမှု နိုင်ငံများ အသင်း (OPEC)ကနေ နုတ်ထွက်တော့မယ့် ဆုံးဖြတ်ချက်ကို အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)နိုင်ငံက တရားဝင် အတည်ပြု ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ချေးငွေနဲ့ တည်ဆောက်ခဲ့ပြီး ဆိုးဆိုးရွားရွား အရှုံးပေါ်နေတဲ့ လေဆိပ်တစ်ခုကို ရောင်းချနိုင်ဖို့ သီရိလင်္ကာ အစိုးရက ဝယ်လိုက်တွေ လိုက်ရှာနေပါတယ်။