Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆန္ဒပြမှုတွေကြောင့် သီရိလင်္ကာ အစိုးရက အရေးအပေါ် အခြေအနေ နောက်တစ်ကြိမ် ကြေညာ

သီရိလင်္ကာမှာ မတ်လကတည်းက ဆန္ဒပြပွဲတွေ စတင်ခဲ့ပြီး အစိုးရက အရေးပေါ် အခြေအနေတွေ၊ ညမထွက်ရ အမိန့်တွေ ကြေညာခဲ့ဖူးပေမယ့် ဆန္ဒပြမှုတွေကို မတားဆီးနိုင်တာကြောင့် အဲဒီ အမိန့်တွေကို ပြန်ရုပ်သိမ်းခဲ့ရပါတယ်။ အခုတစ်ခါ အသစ်ထပ်ပြီး ထုတ်ပြန်တဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ကလည်း ၁၄ ရက်အတွင်း လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို ရရှိဖို့ လိုအပ်နေဆဲပါ။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ တကျော့ပြန် အရှိန်မြင့်တက်လာတဲ့နောက် သီရိလင်္ကာ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာဟာ တစ်နိုင်ငံလုံးအဆင့် အရေးပေါ် အခြေအနေ ထပ်မံ ကြေညာခဲ့ရပါတယ်။

သီရိလင်္ကာ အစိုးရဟာ ဆိုးရွားလှတဲ့ ကြွေးမြီပြဿနာတွေ၊ ကုန်စျေးနှုန်း ကြီးမြင့်မှု၊ စွမ်းအင် ပြတ်လပ်မှုစတဲ့ ပြဿနာတွေကြောင့် ဘက်ပေါင်းစုံ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သီရိလင်္ကာမှာ ဂိုတာဘာယာရဲ့ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကာလရှည်ကြာ ဖြစ်ပေါ်နေပြီး အထွေထွေ ပြည်လုံးကျွတ် သပိတ်ကြီး တစ်ခုကြောင့်လည်း ကျောင်းတွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ ရုံးတွေ၊ ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ထားလိုက်ရပါတယ်။

သီရိလင်္ကာမှာ မတ်လကတည်းက ဆန္ဒပြပွဲတွေ စတင်ခဲ့ပြီး အစိုးရက အရေးပေါ် အခြေအနေတွေ၊ ညမထွက်ရ အမိန့်တွေ ကြေညာခဲ့ဖူးပေမယ့် ဆန္ဒပြမှုတွေကို မတားဆီးနိုင်တာကြောင့် အဲဒီ အမိန့်တွေကို ပြန်ရုပ်သိမ်းခဲ့ရပါတယ်။ အခုတစ်ခါ အသစ်ထပ်ပြီး ထုတ်ပြန်တဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ကလည်း ၁၄ ရက်အတွင်း လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို ရရှိဖို့ လိုအပ်နေဆဲပါ။

အရေးပေါ် အခြေအနေ ကြေညာထားတဲ့ အတောအတွင်း လမ်းပိတ်တဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီး ထိန်းသိမ်းတာမျိုး အခွင့်အာဏာတွေပါ လုံခြုံရေး တပ်ဖွဲ့တွေဆီ ပေးအပ်ထားကြောင်း အစိုးရက ကြေညာပါတယ်။ မေလ ၆ ရက်တုန်းကလည်း ကိုလံဘိုမြို့က အမျိုးသား ညီလာခံ အဆောက်အအုံနားမှာ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး ဖြိုခွင်းတာကြောင့် နှစ်ဖက် ပဋိပက္ခတွေ ဖြစ်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

သမ္မတ ရာဂျာပက်ဆာဟာ ဧပြီ ၁ ရက်တုန်းကလည်း အရေးပေါ် အခြေအနေ ကြေညာခဲ့ပေမယ့် ၅ ရက်အတွင်း အဲဒီအမိန့်ကို ပြန်ရုပ်သိမ်းခဲ့ရပါတယ်။ ရာဂျာပက်ဆာက သူ့အစ်ကို မာဟင်ဒါ ရာဂျာပက်ဆာကို ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှားမယ်လို့ ကတိပြုခဲ့ပြီး ပြည်သူတွေကို ချွေးသိပ်ဖို့ ကြိုးစားပေမယ့် ဆန္ဒပြသူတွေကတော့ ရာဂျာပက်ဆာ မိသားစုဝင်အားလုံး နိုင်ငံရေးအာဏာ စွန့်လွှတ်ဖို့ ဆက်လက် ဖိအားပေးနေပါတယ်။

အခု သီတင်းပတ်ထဲမှာ သီရိလင်္ကာ ဘဏ္ဍာရေး ဝန်ကြီး အလီဆာဘရီက နိုင်ငံရဲ့ အပိုဆောင်း နိုင်ငံခြားငွေ သိုလှောင်မှုဟာ ပြောင်သလင်းခါလုနီးပါး ဖြစ်နေပြီလို့ ဝန်ခံခဲ့ပါတယ်။ အစိုးရရဲ့ အပိုဆောင်းငွေ သိုလှောင်မှု ခေါင်းပါးလာခြင်းကြောင့် သီရိလင်္ကာဟာ အရေးတကြီး ပြန်ဆပ်ရမယ့် ပြည်ပ ချေးငွေတွေကိုပါ မဆပ်နိုင်သေးဘဲ ဒေဝါလီ ခံရမယ့် အခြေအနေမျိုး ကြုံတဲ့ထိ အကျပ်ရိုက်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မေလရဲ့ ပထမဆုံး သီတင်းပတ်မှာတင် အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်)နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နိုင်ငံခြားသား ၂၆၀ ကျော်ကို သီရိလင်္ကာက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်ချေးငွေနဲ့ တည်ဆောက်ခဲ့ပြီး ဆိုးဆိုးရွားရွား အရှုံးပေါ်နေတဲ့ လေဆိပ်တစ်ခုကို ရောင်းချနိုင်ဖို့ သီရိလင်္ကာ အစိုးရက ဝယ်လိုက်တွေ လိုက်ရှာနေပါတယ်။

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။