Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လောင်စာဆီ လုံးဝ ပြတ်လပ်သွားမယ့်အရေး ရင်ဆိုင်နေရတဲ့ သီရိလင်္ကာ

သီရိလင်္ကာ ဗဟိုဘဏ်က အစိုးရ အနေနဲ့ ဝန်ထမ်းလစာတွေ ပေးချေဖို့အတွက် ငွေစက္ကူ အသစ်တွေ ရိုက်နှိပ်မယ်လို့ ထုတ်ပြန်ထားပြီး ဒီလုပ်ရပ်ကြောင့် ငွေတန်ဖိုး ကျသထက် ကျမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ သီရိလင်္ကာဟာ ကပ်ရောဂါ ကာလမှာ နိုင်ငံရဲ့ ပင်မ စီးပွားရေး ကဏ္ဍကြီး တစ်ခုဖြစ်တဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံးဝနီးပါး ရပ်ဆိုင်းသွားတဲ့ အခြေအနေဆိုးနဲ့ ကြုံခဲ့ရပါတယ်။

သီရိလင်္ကာ နိုင်ငံမှာ လောင်စာဆီ သိုလှောင်မှု လက်ကျန် လုံးဝ ပြတ်လပ် ကုန်ဆုံးသွားတော့မယ်လို့ သိရှိရပါတယ်။

အာရှ တောင်ပိုင်းက ကြွေးမြီ ဖိစီးနေတဲ့ ကျွန်းနိုင်ငံငယ်လေးဟာ အခု သီတင်းပတ်ကစလို့ လောင်စာဆီ ဖြန့်ချိနိုင်မယ့် အခြေအနေ မရှိတော့ဘူးလို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ သီရိလင်္ကာ အစိုးရဟာ နိုင်ငံတကာ ကြွေးမြီတွေကို ပြန်မဆပ်နိုင်သေးသလို လက်ကျန် နိုင်ငံခြားငွေ သိုလှောင်မှုလည်း မရှိသလောက် နည်းနေပါတယ်။

သီရိလင်္ကာ ဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ ရာနီလ် ဝစ်ခရာမီဆင်ဟီက နိုင်ငံအနေနဲ့ အရေးပေါ် လိုအပ်တဲ့ သွင်းကုန်တွေကို မှာယူဖို့ ဒေါ်လာ ၇၅ သန်းလောက် အရေးတကြီး လိုအပ်နေကြောင်း ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။ ဘက်ပေါင်းစုံ ကျပ်တည်းမှုတွေ ကြုံလာတဲ့နောက် သီရိလင်္ကာ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာဟာ အစ်ကိုဖြစ်တဲ့ ဝန်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်ဆာကို ရာထူးက ဖယ်ရှားပေးဖို့ သဘောတူခဲ့ရပါတယ်။

အခုဆိုရင် သီရိလင်္ကာမှာ နေ့တိုင်း နာရီပေါင်းများစွာ မီးပြတ်နေပြီး အစိုးရက စွမ်းအင် ချွေတာဖို့အတွက် လမ်းမီးတွေကိုတောင် မဖွင့်ခိုင်းတော့ပါဘူး။ ငွေကြေး ဖောင်းပွမှုတွေ ဆိုးဆိုးရွားရွား ဖြစ်နေတာကြောင့် ကုန်စျေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။ ကိုလံဘိုမှာလည်း စက်တပ် သုံးဘီးယာဉ်ငယ်တွေ၊ ကားတွေက ဆီဆိုင်တွေမှာ နာရီပေါင်းများစွာ တန်းစီနေကြတာကို တွေ့နေရပါတယ်။

Public Service Announcement

Public Service Announcement

သီရိလင်္ကာ ဗဟိုဘဏ်က အစိုးရ အနေနဲ့ ဝန်ထမ်းလစာတွေ ပေးချေဖို့အတွက် ငွေစက္ကူ အသစ်တွေ ရိုက်နှိပ်မယ်လို့ ထုတ်ပြန်ထားပြီး ဒီလုပ်ရပ်ကြောင့် ငွေတန်ဖိုး ကျသထက် ကျမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ သီရိလင်္ကာဟာ ကပ်ရောဂါ ကာလမှာ နိုင်ငံရဲ့ ပင်မ စီးပွားရေး ကဏ္ဍကြီး တစ်ခုဖြစ်တဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံးဝနီးပါး ရပ်ဆိုင်းသွားတဲ့ အခြေအနေဆိုးနဲ့ ကြုံခဲ့ရပါတယ်။

ဒါပေမဲ့ အခုလို အလွန်အကျွံ အကျပ်ရိုက်တဲ့ထိ ဖြစ်သွားရတာကတော့ အစိုးရရဲ့ မူဝါဒ အလွဲအမှားတွေမှာ အဓိက တာဝန်ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ လောလောဆယ်တော့ သီရိလင်္ကာ အစိုးရဟာ နိုင်ငံရဲ့ ဘဏ္ဍာရေး အခြေအနေကို အဖတ်ဆယ်ဖို့အတွက် နိုင်ငံပိုင် သီရိလင်္ကာ လေကြောင်းရဲ့ ပိုင်ဆိုင်ခွင့်တွေကို ရောင်းချနိုင်ဖို့ ကြိုးစားနေကြောင်း ဝန်ကြီးချုပ် ဝစ်ခရာမီဆင်ဟီက အတည်ပြုပါတယ်။ အဲဒီ လေကြောင်းလိုင်းဟာ မတ်လ ၂၀၂၁ ခုနှစ် နောက်ပိုင်း ဒေါ်လာ ၁၂၉.၅ သန်းဖိုးလောက် အရှုံးပေါ်ခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မေလရဲ့ ပထမဆုံး သီတင်းပတ်မှာတင် အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်)နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နိုင်ငံခြားသား ၂၆၀ ကျော်ကို သီရိလင်္ကာက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံတကာ ရေနံ အကျပ်အတည်း ပိုမိုဆိုးရွားလာချိန်မှာ မလေးရှားဟာ ဇီဝလောင်စာကို ပိုမို မှီခိုနိုင်ဖို့ ကြိုးစားလာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်ချေးငွေနဲ့ တည်ဆောက်ခဲ့ပြီး ဆိုးဆိုးရွားရွား အရှုံးပေါ်နေတဲ့ လေဆိပ်တစ်ခုကို ရောင်းချနိုင်ဖို့ သီရိလင်္ကာ အစိုးရက ဝယ်လိုက်တွေ လိုက်ရှာနေပါတယ်။

သတင်း

နိုင်ငံရဲ့ အကြီးဆုံး ရေနံချက် စက်ရုံမှာ မီးလောင်ခဲ့တဲ့နောက် ပြည်တွင်း လောင်စာရောင်းချမှုကို ကန့်သတ်ရနိုင်ကြောင်း ကောလာဟလတွေကို ဩစတြေးလျက ပယ်ချသွားခဲ့ပါတယ်။