Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လောင်စာဆီ ပြတ်လပ်မှုကြောင့် သီရိလင်္ကာမှာ ကျောင်းတွေ၊ ရုံးတွေပါ ပိတ်ထားရ

ပြည်နယ် အစိုးရ အသီးသီးနဲ့ ဗဟိုအစိုးရတွေက မေ ၂၀ ကစလို့ ကျောင်းတွေကို ယာယီ ပိတ်ထားဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ သီရိလင်္ကာမှာ အခုဆိုရင် ဓာတ်ဆီက ဘယ်မှာမှ ရှာလို့ မရသလောက်နီးပါး ဖြစ်သွားသလို ဒီဇယ်နဲ့ တခြားလောင်စာဆီတွေလည်း အရမ်း နည်းပါးနေပါပြီ။

သီရိလင်္ကာ နိုင်ငံမှာ လောင်စာဆီ လုံးဝနီးပါး ပြတ်လပ်သွားပြီဖြစ်ပြီး ကျောင်းတွေ၊ ရုံးတွေနဲ့ စီးပွားရေး လုပ်ငန်းတွေပါ ပိတ်ထားရကြောင်း သိရပါတယ်။

လောင်စာဆီ ရမရ မသေချာပေမယ့် ဓာတ်ဆီဆိုင်တွေရှေ့မှာ လူတန်းရှည်ကြီးတွေ စောင့်ဆိုင်းနေကြသလို ညံ့ဖျင်း နုံချာလှတဲ့ စီးပွားရေး မူဝါဒတွေနဲ့ ပတ်သက်လို့ အစိုးရအပေါ် မကျေမနပ် ဆန္ဒပြမှုတွေကလည်း မြင့်တက်လာပါတယ်။ ဒါပေမဲ့ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ခ်ဆာကတော့ ရာထူးက နုတ်ထွက်ပေးဖို့ ခေါင်းမာမာနဲ့ ငြင်းဆိုနေဆဲပါ။

သီရိလင်္ကာဟာ နိုင်ငံ သမိုင်းတလျှောက် အဆိုးရွားဆုံး ကြွေးမြီ အကျပ်အတည်း တစ်ခုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ နိုင်ငံက အကြွေးတွေ မတန်တဆ ပိနေပြီး နိုင်ငံခြားငွေကြေး သိုလှောင်နိုင်စွမ်းလည်း မရှိတော့တဲ့အတွက် လောင်စာဆီနဲ့ တခြား အရေးကြီးတဲ့ သွင်းကုန်တွေ မဝယ်ယူနိုင်တော့ပါဘူး။ အစိုးရက ပြည်တွင်းသုံး ငွေကြေးတွေ ဖောဖောသီသီ ရိုက်ထုတ်နေပြန်တာကြောင့် ငွေကြေး ဖောင်းပွပြီး ကုန်စျေးနှုန်းတွေ မြင့်တက်လာပါတယ်။ ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အားလည်း လုံလုံလောက်လောက် မထုတ်လုပ်နိုင်ဘဲ နေ့စဉ် နာရီပေါင်းများစွာ မီးဖြတ် ခံထားရတာမျိုး လူထုက ကြုံတွေ့နေပါတယ်။

အခု သီတင်းပတ် အစောပိုင်းကစလို့ သီရိလင်္ကာမှာ လောင်စာဆီ စတင် ပြတ်လပ်တော့မယ်လို့ အစိုးရက ဝန်ခံခဲ့တဲ့နောက် အာဏာပိုင်တွေက သွေးရူးသွေးတမ်း တုံ့ပြန်မှု တစ်ခုအနေနဲ့ ကျောင်းတွေကို ပိတ်ထားစေပြီး အစိုးရ ဝန်ထမ်းတွေလည်း ရုံးမသွားကြဖို့ ညွှန်ကြားလိုက်ပါတယ်။ လောင်စာဆီ ပြဿနာကြောင့် ပြည်တွင်း သယ်ယူပို့ဆောင်ရေး ကွန်ရက်တွေလည်း ရပ်နားထားရကြောင်း ပြည်သူ့ စီမံအုပ်ချုပ်ရေး ဝန်ကြီးဌာနက ဝန်ခံပါတယ်။

Public Service Announcement

Public Service Announcement

ပြည်နယ် အစိုးရ အသီးသီးနဲ့ ဗဟိုအစိုးရတွေက မေ ၂၀ ကစလို့ ကျောင်းတွေကို ယာယီ ပိတ်ထားဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ သီရိလင်္ကာမှာ အခုဆိုရင် ဓာတ်ဆီက ဘယ်မှာမှ ရှာလို့ မရသလောက်နီးပါး ဖြစ်သွားသလို ဒီဇယ်နဲ့ တခြားလောင်စာဆီတွေလည်း အရမ်း နည်းပါးနေပါပြီ။

ပြည်တွင်းမှာ စီးပွားရေးနဲ့ နိုင်ငံရေး အရှုပ်အထွေးတွေ ဆက်လက် ဖြစ်ပေါ်နေပြီး အစိုးရ အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေကိုလည်း မကိုင်တွယ် မဖြေရှင်းနိုင်ပါဘူး။ သီရိလင်္ကာ အစိုးရဟာ အခု တစ်နှစ်တည်း အတွက်တင် ပေးချေရမယ့် ဒေါ်လာ ၇ ဘီလီယံလောက်ကို မဆပ်နိုင်သေးသလို ၂၀၂၆ ခုနှစ် မတိုင်ခင်ထိ ဒေါ်လာ ၂၅ ဘီလီယံ အကြွေးဆပ်ဖို့ ကျန်နေဆဲပါ။ လောလောဆယ် နိုင်ငံရဲ့ အပိုဆောင်း နိုင်ငံခြားငွေ သိုလှောင်မှုဟာ ဒေါ်လာ ၂၅ သန်းသာ ကျန်တော့တယ်လို့လည်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် သေဆုံး၊ ပျောက်ဆုံးစာရင်း ၅၀၀ ကျော်ထိ မြင့်တက်လာတဲ့နောက် သီရိလင်္ကာမှာ ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာခဲ့ရပါတယ်။

နိုင်ငံတကာ

အခုသီတင်းပတ်ထဲမှာ သည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းတဲ့ မိုးတွေကြောင့် သီရိလင်္ကာ နိုင်ငံမှာ လူ ၅၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာ လေတပ်တွေ ပူးပေါင်း လေ့ကျင့်တဲ့ အစီအစဉ်တစ်ခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့မှာ စက်တင်ဘာ ၁၅ ရက်နေ့က စတင်ခဲ့ပါတယ်။

နိုင်ငံတကာ

လူသားတွေနဲ့ ဆင်တွေကြား ထိပ်တိုက် ပဋိပက္ခ အခြေအနေတွေ ထူပြောနေတာကို ကိုင်တွယ် ဖြေရှင်းဖို့ သံန္နိဋ္ဌာန် ချထားကြောင်း သီရိလင်္ကာ အစိုးရက ကြေညာခဲ့ပါတယ်။