Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဩစတြေးလျ ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ့် အန်သိုနီ အယ်လ်ဘန်နီစ်

အယ်လ်ဘန်နီစ်က အဲဒီ မဲရလဒ်တွေဟာ အပြောင်းအလဲအတွက် ဆန္ဒပြုခြင်းတွေ ဖြစ်တယ်လို့ ကြွေးကြော်ခဲ့ပေမယ့် လက်ကျန် မဲဆန္ဒနယ်တချို့ ကျန်နေသေးချိန်မှာ သူဟာ သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရမရ ဆိုတာကို ယတိပြတ်တော့ မပြောနိုင်သေးပါဘူး။

ဩစတြေးလျ ရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင် ဦးဆောင်တဲ့ မဟာမိတ် နိုင်ငံရေး အင်အားစု အရေးနိမ့်သွားပြီး အန်သိုနီ အယ်လ်ဘန်နီစ်က ဝန်ကြီးချုပ် ရာထူးကို ဆက်ခံခွင့် ရတော့မှာ ဖြစ်ပါတယ်။

ဩစတြေးလျရဲ့ လေဘာပါတီဟာ ဆယ်စုနှစ် တစ်ခုနီးပါး အကြာမှာ အာဏာရ ပါတီအနေနဲ့ ပထမဆုံးအကြိမ် ပြန်လည် ရပ်တည်လာနိုင်ခဲ့တာပါ။ အောက်လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲတွေမှာ အယ်လ်ဘန်နီစ်ရဲ့ လေဘာပါတီက အမတ်နေရာ ၇၆ ခု အနိုင်ရထားပြီး မော်ရစ်ဆင်ရဲ့ လစ်ဘရယ်လ် အမျိုးသား ညွန့်ပေါင်း အင်အားစုက ၅၅ နေရာသာ ရရှိခဲ့ပါတယ်။

အယ်လ်ဘန်နီစ်က အဲဒီ မဲရလဒ်တွေဟာ အပြောင်းအလဲအတွက် ဆန္ဒပြုခြင်းတွေ ဖြစ်တယ်လို့ ကြွေးကြော်ခဲ့ပေမယ့် လက်ကျန် မဲဆန္ဒနယ်တချို့ ကျန်နေသေးချိန်မှာ သူဟာ သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရမရ ဆိုတာကို ယတိပြတ်တော့ မပြောနိုင်သေးပါဘူး။

ဗဟိုလက်ဝဲယိမ်း နိုင်ငံရေးသမားက သူဟာ ဝန်ကြီးချုပ် ဖြစ်လာချိန်မှာ လူမှုဝန်ထမ်း အဖွဲ့အစည်းတွေအတွက် ပိုမို ရင်းနှီး မြှုပ်နှံသွားမှာ ဖြစ်သလို ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေကို စစ်ပွဲတစ်ခုလို သဘောထားပြီး အနိုင်ယူ တိုက်ခိုက်သွားမယ်လို့ ကြွေးကြော်ပါတယ်။ ဒါ့အပြင် ဩစတြေးလျ ပြည်သူအားလုံးကို ပြန်လည် သင့်မြတ် ညီညွတ်အောင် ခေါင်းဆောင်မှု ပေးသွားမယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မော်ရစ်ဆင်ကတော့ သူ့ရဲ့ အရေးနိမ့်မှုကို လက်ခံခဲ့ပြီး ထောက်ခံ အားပေးခဲ့ကြတဲ့ ဩစတြေးလျ ပြည်သူတွေကို ကျေးဇူးတင်စကား ပြောကြားသွားပါတယ်။ ဒီနှစ် ရွေးကောက်ပွဲမှာ ထူးခြားမှု တစ်ခုက အဓိက ပါတီကြီးတစ်ခု မဟုတ်တဲ့ ဂရင်းပါတီရယ်၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေရယ်ကို မဲဆန္ဒရှင်တွေရဲ့ မဲပေး ရွေးချယ်မှု ပိုမို မြင့်တက်လာခြင်း ဖြစ်ပါတယ်။

လေဘာပါတီ အနေနဲ့ အောက်လွှတ်တော် အမတ်နေရာ ၇၆ ခုထိ မစုစည်းနိုင်ရင်တော့ တခြား ပါတီငယ်တွေ၊ တသီးပုဂ္ဂလ အမတ်တွေကို စည်းရုံးပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့ရမှာ ဖြစ်ပါတယ်။ အယ်လ်ဘန်နီစ်ကတော့ ဘယ်လို ပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် ဩစတြေးလျ နိုင်ငံကို ဦးဆောင်ခွင့် ရခဲ့တာနဲ့ ပတ်သက်ပြီး ခြွင်းချက်မရှိ ဂုဏ်ယူနေမိမယ်လို့ ပြောပါတယ်။

အယ်လ်ဘန်နီစ်ဟာ ဝန်ကြီးချုပ်သစ် ရာထူးအတွက် အမြန်ဆုံး ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်သလို မေ ၂၃ ရက်ကျရင် ဩစတြေးလျရဲ့ ခေါင်းဆောင်အနေနဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်ကို အစည်းအဝေး သွားတက်ပြီး ဂျပန်၊ အိန္ဒိယ၊ အမေရိကန် အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဩစတြေးလျရဲ့ အစိုးရပိုင်းမှာ အပြောင်းအလဲတွေ မြန်ဆန်ခဲ့ပြီး ၂၀၀၇ ခုနှစ်နောက်ပိုင်း ရာထူးသက်တမ်းစေ့အောင် တာဝန်ထမ်းဆောင်ဖူးတဲ့ ဝန်ကြီးချုပ်ဆိုလို့ အသက် ၅၄ နှစ်အရွယ် မော်ရစ်ဆန် တစ်ဦးတည်းသာ ရှိခဲ့ပါတယ်။

မော်ရစ်ဆန်ဟာ ကပ်ရောဂါနဲ့ သဘာဝ ဘေးအန္တရာယ်ဆိုးတွေ ကြုံခဲ့တဲ့ ခက်ခဲတဲ့ ကာလတွေမှာ ဩစတြေးလျကို ဦးဆောင်မှု ပေးခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ကပ်ရောဂါ အစောပိုင်း နှစ်တွေမှာ ဩစတြေးလျကို အသေအပျောက် နည်းပါးအောင် မူဝါဒတွေ ချမှတ် ကိုင်တွယ်ခဲ့တာကြောင့် လူကြိုက် များခဲ့ပေမယ့် နောက်ပိုင်း ကာလတွေမှာတော့ သူနဲ့ သူ့အစိုးရအပေါ် ထောက်ခံမှု ပြန်လည် ကျဆင်းလာပြီး လေဘာပါတီက တကျော့ပြန် အားကောင်းလာခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တဲ့အတိုင်း ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ ရာထူးကနေ နုတ်ထွက်မယ်လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ်။