Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ချက်ဒ်က ရွှေမိုင်းတွင်း တစ်ခုမှာ ရန်ပွဲဖြစ်ပြီး လုပ်သား ၁၀၀ ဝန်းကျင် သေဆုံး

ချက်ဒ် အစိုးရဟာ အထူးစုံစမ်း စစ်ဆေးရေး မစ်ရှင်တစ်ဖွဲ့ကိုလည်း အခင်းဖြစ်တဲ့ နေရာဆီ စေလွှတ်လိုက်ပါတယ်။ အဲဒီ နေရာဟာ မြို့တော် အန်ဂျမီနာနဲ့ ကီလိုမီတာ ၁၀၀၀ လောက် ကွာဝေးပါတယ်။

ရွှေမိုင်းတွင်း
ရွှေမိုင်းတွင်း

ချက်ဒ်နိုင်ငံက တရားမဝင် ရွှေမိုင်းတွင်း တစ်ခုမှာ လုပ်သား အချင်းချင်း တိုက်ခိုက် သတ်ဖြတ်ကြတာကြောင့် လူပေါင်း ၁၀၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံ မြောက်ပိုင်းက တောင်ထူထပ်ရာ ကူရီ ဘူဂူဒီ ဒေသမှာ ခိုးတူးနေတဲ့ ရွှေမိုင်းတွင်းက လုပ်သားနှစ်ယောက် ရန်ဖြစ်ရာက အခုလို အစုလိုက် အပြုံလိုက် သေဆုံးရတဲ့ ပဋိပက္ခမျိုးကြီး ဖြစ်တဲ့အထိ ကျယ်ပြန့်သွားခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

လစ်ဗျားနိုင်ငံနဲ့ နယ်နိမိတ်နားမှာ တည်ရှိတဲ့ ရွှေမိုင်းတွင်းက ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေး ဝန်ကြီး ဒါအုတ် ယာယာ ဘရာဟင်က ဆိုပါတယ်။ ကနဦး သတင်းတွေအရ လူ ၁၀၀ လောက် သေပြီး ဒဏ်ရာရသူ ၄၀ လောက် ရှိခဲ့ကြောင်း သိရပါတယ်။

အဲဒီ သွေးမြေကျ ရန်ပွဲကြီးဟာ ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက ပေါ်ပေါက်ခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ အခုအချိန်မှ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့တာပါ။ တချို့ကလည်း တကယ့် အသေအပျောက် ကိန်းဂဏန်းဟာ အစိုးရ ကြေညာထားတာထက် ပိုများတယ်လို့ ပြောနေကြပါတယ်။

Public Service Announcement

Public Service Announcement

ချက်ဒ် အစိုးရဟာ အထူးစုံစမ်း စစ်ဆေးရေး မစ်ရှင်တစ်ဖွဲ့ကိုလည်း အခင်းဖြစ်တဲ့ နေရာဆီ စေလွှတ်လိုက်ပါတယ်။ အဲဒီ နေရာဟာ မြို့တော် အန်ဂျမီနာနဲ့ ကီလိုမီတာ ၁၀၀၀ လောက် ကွာဝေးပါတယ်။

ရွှေတွင်းက ပဋိပက္ခဟာ အနီးအနားက လူနေ ဧရိယာတွေထိ ပျံ့နှံ့ခဲ့ပေမယ့် အခုတော့ စစ်တပ်က ထိန်းချုပ်ထားလိုက်နိုင်ပြီလို့ ဝန်ကြီး ဘရာဟင်က ပြောပါတယ်။ ရန်ပွဲမှာ မော်ရီတာနီရာနဲ့ လစ်ဗျားက လာရောက်တဲ့ တရားမဝင် ရွှေတူးသမားတွေလည်း ပါဝင်ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ချက်ဒ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ နယ်မြေ တည်ငြိမ် အေးချမ်းရေး ပြန်လည် ရရှိဖို့အတွက် ဆူပူသူတွေကို ပစ်သတ်ခဲ့ကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်နေပေမယ့် အာဏာပိုင်တွေက ငြင်းဆိုထားပါတယ်။ လောလောဆယ်တော့ ဒေသတွင်းက ရွှေတူးဖော်ရေး လုပ်ငန်း အားလုံးကို ရပ်ဆိုင်းထားစေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။