Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုဗစ်ကူးစက်မှုတွေကြောင့် မကာအိုက ကာစီနိုရုံ အားလုံး ပိတ်ဖို့ ညွှန်ကြားထား

တရုတ် လက်အောက်ခံ မြို့ပြနိုင်ငံ မကာအိုဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး လောင်းကစား မြို့တော်ကြီး တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။ မကာအိုရဲ့ စီးပွားရေး ကဏ္ဍ ရာခိုင်နှုန်း အများစုဟာ တရားဝင် ဖွင့်လှစ်ထားတဲ့ ကာစီနို လောင်းကစား လုပ်ငန်းတွေအပေါ် မှီခိုထားရပါတယ်။

ကိုဗစ်ကူးစက်မှုတွေကြောင့် မကာအိုက ကာစီနိုရုံ အားလုံး ပိတ်ဖို့ ညွှန်ကြားထား
ကိုဗစ်ကူးစက်မှုတွေကြောင့် မကာအိုက ကာစီနိုရုံ အားလုံး ပိတ်ဖို့ ညွှန်ကြားထား

ကိုဗစ်ကပ်ရောဂါကူးစက်မှုကြောင့် ကာစီနို လောင်းကစားရုံ အားလုံးကို ပိတ်ထားမယ်လို့ မကာအို အာဏာပိုင်တွေက အတည်ပြု ကြေညာလိုက်ပါတယ်။

တရုတ် လက်အောက်ခံ မြို့ပြနိုင်ငံ မကာအိုဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး လောင်းကစား မြို့တော်ကြီး တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။ မကာအိုရဲ့ စီးပွားရေး ကဏ္ဍ ရာခိုင်နှုန်း အများစုဟာ တရားဝင် ဖွင့်လှစ်ထားတဲ့ ကာစီနို လောင်းကစား လုပ်ငန်းတွေအပေါ် မှီခိုထားရပါတယ်။

အခုအခါမှတော့ မကာအိုက ကာစီနိုရုံကြီး အားလုံးကို ၂ နှစ်အတွင်း ပထမဆုံးအကြိမ် ပိတ်ထားဖို့ အာဏာပိုင်တွေက ညွှန်ကြားလိုက်ပါတယ်။ ကပ်ရောဂါ ကူးစက်မှုတွေကို တန်ပြန် ထိန်းချုပ်ဖို့အတွက် ကာစီနိုရုံ ၃၀ ကျော် အပါအဝင် မရှိမဖြစ် ဖွင့်လှစ်စရာ မလိုတဲ့ လုပ်ငန်းအားလုံးကို သီတင်းတစ်ပတ် ပိတ်ထားရမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မကာအိုမှာ ဇွန်လလယ်ကစလို့ ကိုဗစ်ရောဂါ ကူးစက်လူနာသစ် ၁၅၀၀ ကျော် တိုးပွားလာခဲ့ကြောင်း မြို့ပြအုပ်ချုပ်ရေး အဖွဲ့ တရားဝင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ ကာစီနိုရုံတွေ ပိတ်ဖို့ ညွှန်ကြားချက် ထွက်လာတဲ့နောက် မကာအို လောင်းကစား လုပ်ငန်းတွေရဲ့ ရှယ်ယာတွေ သိသိသာသာ တန်ဖိုးကျသွားခဲ့ပါတယ်။ စတော့ စျေးကွက်ထဲမှာတော့ အာဏာပိုင်တွေဆီက နောက်ထပ် ပိုမိုတင်းကျပ်တဲ့ အရေးယူ ကိုင်တွယ်မှုတွေ ရှိလာမှာကို စိုးရိမ်နေကြတာကြောင့်ပါ။

Public Service Announcement

Public Service Announcement

မကာအို အာဏာပိုင်တွေက ပြည်သူတွေ အနေနဲ့ အတတ်နိုင်ဆုံး အိမ်မှာပဲ နေကြဖို့၊ စားသောက်ဆိုင်တွေမှာ စုဝေးစားသောက်တာတွေ မလုပ်ကြဖို့လည်း ညွှန်ကြားထားပါတယ်။ မှတ်တမ်းတွေအရ မကာအိုမှာ နေထိုင်သူ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ကာကွယ်ဆေး အနည်းဆုံး ၂ ကြိမ် ထိုးထားကြပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကူးစက်နှုန်း အရမ်းမြန်တဲ့ Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်နဲ့ ကြုံလာချိန်မှာ အခုလို ကိုဗစ်လူနာတွေ ဆက်တိုက် တိုးလာနေတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မကာအိုမှာ အမျိုးသမီး တစ်ဦးက သူ့ကို စက်ရုပ်က နှောင့်ယှက်တယ်လို့ ရဲတိုင်ခဲ့ပြီး ရဲတွေက စက်ရုပ်ကို ယာယီ ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။