Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မျောက်ကျောက်ရောဂါကို နိုင်ငံတကာ အရေးပေါ် ကျန်းမာရေး အခြေအနေအဖြစ် WHO ကြေညာ

WHOရဲ့ ကျန်းမာရေး ပညာရှင်တွေ စုံညီ စည်းဝေးပြီးတဲ့နောက် မျောက်ကျောက်ကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေ သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အဲဒီ မတိုင်ခင် ကတည်းကလည်း WHO အနေနဲ့ မျောက်ကျောက်ကို အရေးပေါ် အခြေအနေ ထုတ်ပြန်သင့်ကြောင်း တိုက်တွန်းမှုတွေ ရှိနေခဲ့ပါတယ်။

မျောက်ကျောက်ရောဂါကို နိုင်ငံတကာ အရေးပေါ် ကျန်းမာရေး အခြေအနေအဖြစ် WHO ကြေညာ
မျောက်ကျောက်ရောဂါကို နိုင်ငံတကာ အရေးပေါ် ကျန်းမာရေး အခြေအနေအဖြစ် WHO ကြေညာ

ကမ္ဘာ့နိုင်ငံ တော်တော်များများကို ပျံ့နှံ့ ကူးစက်နေပြီဖြစ်တဲ့ မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် ပြဿနာကြီး တစ်ခုအဖြစ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO)က တရားဝင် သတ်မှတ်လိုက်ပါပြီ။

ကျောက်ရောဂါ တစ်မျိုးဖြစ်ပြီး လူ့ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကနေတဆင့် ကူးစက်တတ်တဲ့ မျောက်ကျောက်ဟာ ကမ္ဘာတလွှားမှာ လူနာ အရေအတွက် တဖြည်းဖြည်း ဆက်တိုက် မြင့်တက်လာနေတယ်လို့ WHOက အတည်ပြုခဲ့ပါတယ်။

၂၀၀၉ ခုနှစ်ကစလို့ WHOက အမြင့်ဆုံး သတိပေးချက်နဲ့ အရေးပေါ် အခြေအနေ ကြေညာတဲ့ ရောဂါ ကူးစက်မှုတွေ စုစုပေါင်း ၇ ခုထိ ရှိလာခဲ့ပြီး မျောက်ကျောက် မတိုင်ခင် နောက်ဆုံး ကြေညာခဲ့တဲ့ ရောဂါကတော့ ကိုဗစ် ဖြစ်ပါတယ်။

WHOရဲ့ ကျန်းမာရေး ပညာရှင်တွေ စုံညီ စည်းဝေးပြီးတဲ့နောက် မျောက်ကျောက်ကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေ သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အဲဒီ မတိုင်ခင် ကတည်းကလည်း WHO အနေနဲ့ မျောက်ကျောက်ကို အရေးပေါ် အခြေအနေ ထုတ်ပြန်သင့်ကြောင်း တိုက်တွန်းမှုတွေ ရှိနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်ကတော့ ဆေးပညာရှင် ထိပ်တန်း ကော်မတီဝင်တွေ အကျေအလည် ဆွေးနွေးမှုရဲ့ ရလဒ်အဖြစ် မျောက်ကျောက်ကို အရေးပေါ် အခြေအနေ သတ်မှတ်လိုက်တာလို့ ပြောပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် မျောက်ကျောက်ရဲ့ ခြိမ်းခြောက်မှုဟာ အသင့်အတင့်ဆိုတဲ့ အဆင့်မှာ ရှိနေပြီး ဥရောပမှာတော့ ပိုပြီး စိုးရိမ်နေရတယ်လို့ သူက ဆိုတယ်။ နောက်ပြီး မျောက်ကျောက်ဟာ ကမ္ဘာတလွှားကို ဆက်လက် ပျံ့နှံ့သွားလိမ့် ဦးမယ်လို့လည်း ဒေါက်တာ တက်ဒ်ရော့စ်က ခန့်မှန်းခဲ့ပါတယ်။

မျောက်ကျောက်ဟာ တိရစ္ဆာန်ကနေတဆင့် လူသားတွေဆီ ကူးစက်လာတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အာဖရိက အလယ်ပိုင်းနဲ့ အနောက်ပိုင်းက သားရိုင်း တိရစ္ဆာန်တွေမှာလည်း တွေ့ရတတ်ပါတယ်။ လောလောဆယ်တော့ မျောက်ကျောက် ဖြစ်ပွားသူ ၁၆၀၀၀ ကျော်ထိ ကမ္ဘာအနှံ့မှာ တွေ့ရှိထားပြီး အဲဒီထဲက ၄ ပုံတစ်ပုံ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းမှာတင် တိုးလာတဲ့ လူနာသစ်တွေ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

ယနေ့ ဖေဖော်ဝါရီ ၆ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက K3Cတိုင်းရင်းသားမဟာမိတ်များအကြား သဘောတူညီချက်များ ခိုင်မာစွာ ရရှိထားမှု အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

ဂါဒီဟာ ၂၀၂၂ မှာ အစ္စရေး လွှတ်တော်ထဲ ရွေးကောက်ခံရပြီး အဓိက အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်ဇ်ရဲ့ အမျိုးသား ညီညွတ်ရေးပါတီ (NUP)မှာ ပါဝင်ခဲ့ပေမယ့် စစ်ပွဲကာလ အစိုးရထဲကို ဝန်ကြီးချုပ် နေတန်ညာဟုက အားကိုးတကြီး ခေါ်ယူခန့်အပ် ခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေဓ လက်နက်အဆိပ်ငွေ့ဗုံးအား လေယာဉ်မှ ပစ်ချကာ တိုက်ခိုက်ခဲ့မှုကို နိုဝင်ဘာ ၁၈ရက်နှင့် နိုဝင်ဘာ ၄ရက်တို့တွင် ပြုလုပ်ခဲ့သည်ဟု အသိပေးထားသည်။