Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မျောက်ကျောက်ရောဂါကို နိုင်ငံတကာ အရေးပေါ် ကျန်းမာရေး အခြေအနေအဖြစ် WHO ကြေညာ

WHOရဲ့ ကျန်းမာရေး ပညာရှင်တွေ စုံညီ စည်းဝေးပြီးတဲ့နောက် မျောက်ကျောက်ကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေ သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အဲဒီ မတိုင်ခင် ကတည်းကလည်း WHO အနေနဲ့ မျောက်ကျောက်ကို အရေးပေါ် အခြေအနေ ထုတ်ပြန်သင့်ကြောင်း တိုက်တွန်းမှုတွေ ရှိနေခဲ့ပါတယ်။

မျောက်ကျောက်ရောဂါကို နိုင်ငံတကာ အရေးပေါ် ကျန်းမာရေး အခြေအနေအဖြစ် WHO ကြေညာ
မျောက်ကျောက်ရောဂါကို နိုင်ငံတကာ အရေးပေါ် ကျန်းမာရေး အခြေအနေအဖြစ် WHO ကြေညာ

ကမ္ဘာ့နိုင်ငံ တော်တော်များများကို ပျံ့နှံ့ ကူးစက်နေပြီဖြစ်တဲ့ မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် ပြဿနာကြီး တစ်ခုအဖြစ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO)က တရားဝင် သတ်မှတ်လိုက်ပါပြီ။

ကျောက်ရောဂါ တစ်မျိုးဖြစ်ပြီး လူ့ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကနေတဆင့် ကူးစက်တတ်တဲ့ မျောက်ကျောက်ဟာ ကမ္ဘာတလွှားမှာ လူနာ အရေအတွက် တဖြည်းဖြည်း ဆက်တိုက် မြင့်တက်လာနေတယ်လို့ WHOက အတည်ပြုခဲ့ပါတယ်။

၂၀၀၉ ခုနှစ်ကစလို့ WHOက အမြင့်ဆုံး သတိပေးချက်နဲ့ အရေးပေါ် အခြေအနေ ကြေညာတဲ့ ရောဂါ ကူးစက်မှုတွေ စုစုပေါင်း ၇ ခုထိ ရှိလာခဲ့ပြီး မျောက်ကျောက် မတိုင်ခင် နောက်ဆုံး ကြေညာခဲ့တဲ့ ရောဂါကတော့ ကိုဗစ် ဖြစ်ပါတယ်။

WHOရဲ့ ကျန်းမာရေး ပညာရှင်တွေ စုံညီ စည်းဝေးပြီးတဲ့နောက် မျောက်ကျောက်ကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေ သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အဲဒီ မတိုင်ခင် ကတည်းကလည်း WHO အနေနဲ့ မျောက်ကျောက်ကို အရေးပေါ် အခြေအနေ ထုတ်ပြန်သင့်ကြောင်း တိုက်တွန်းမှုတွေ ရှိနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်ကတော့ ဆေးပညာရှင် ထိပ်တန်း ကော်မတီဝင်တွေ အကျေအလည် ဆွေးနွေးမှုရဲ့ ရလဒ်အဖြစ် မျောက်ကျောက်ကို အရေးပေါ် အခြေအနေ သတ်မှတ်လိုက်တာလို့ ပြောပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် မျောက်ကျောက်ရဲ့ ခြိမ်းခြောက်မှုဟာ အသင့်အတင့်ဆိုတဲ့ အဆင့်မှာ ရှိနေပြီး ဥရောပမှာတော့ ပိုပြီး စိုးရိမ်နေရတယ်လို့ သူက ဆိုတယ်။ နောက်ပြီး မျောက်ကျောက်ဟာ ကမ္ဘာတလွှားကို ဆက်လက် ပျံ့နှံ့သွားလိမ့် ဦးမယ်လို့လည်း ဒေါက်တာ တက်ဒ်ရော့စ်က ခန့်မှန်းခဲ့ပါတယ်။

မျောက်ကျောက်ဟာ တိရစ္ဆာန်ကနေတဆင့် လူသားတွေဆီ ကူးစက်လာတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အာဖရိက အလယ်ပိုင်းနဲ့ အနောက်ပိုင်းက သားရိုင်း တိရစ္ဆာန်တွေမှာလည်း တွေ့ရတတ်ပါတယ်။ လောလောဆယ်တော့ မျောက်ကျောက် ဖြစ်ပွားသူ ၁၆၀၀၀ ကျော်ထိ ကမ္ဘာအနှံ့မှာ တွေ့ရှိထားပြီး အဲဒီထဲက ၄ ပုံတစ်ပုံ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းမှာတင် တိုးလာတဲ့ လူနာသစ်တွေ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။

အတွေးအမြင်

အသက် ၆၀ ဝန်းကျင်ရှိသူတွေ “ဘဲဥတခြမ်း” ဆိုတဲ့စကား ကြားလိုက်ရင် အတိတ်ကာလတစ်ခုကို ချက်ချင်းပြန်မြင်မိကြလိမ့်မှာပါ။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

နိုင်ငံတကာ

ပိန်သွယ်တဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားပေမယ့် သူ့ရဲ့ ကိုလက်စထရော ပမာဏဟာ အန္တရာယ်ရှိတဲ့ အဆင့်ထိ ရောက်နေတာကို ဆေးစစ် တွေ့ရှိခဲ့ကြောင်း နာမည်ကျော် ထိုင်းရုပ်ရှင်မင်းသမီး ဒါဝီကာဟွန်းက ပြောပြခဲ့ပါတယ်။ ပိန်ပိန်သွယ်သွယ် ဖြစ်နေတိုင်း ကျန်းမာနေတယ်လို့ ယူဆလို့ မရကြောင်းလည်း သူက သတိပေးခဲ့ပါတယ်။