Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှား အကူအညီနဲ့ အီရန်ဂြိုဟ်တု လွှတ်တင်မှုကို အမေရိကန် စိုးရိမ်နေ

အီရန် ဂြိုဟ်တုကို ကာဇက်စတန် နိုင်ငံက ရုရှားပိုင် ဒုံးကျည်စခန်း တစ်ခုကနေ လွှတ်တင်ခဲ့တာပါ။ အမေရိကန် စစ်ထောက်လှမ်းရေး အရာရှိတွေကတော့ အဲဒီ ဂြိုဟ်တုဟာ ယူကရိန်းမှာ စစ်တပ်တွေ ရွေ့လျားတာကို ထောက်လှမ်းဖို့ အသုံးချတာမျိုး ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။

ရုရှား အကူအညီနဲ့ အီရန်ဂြိုဟ်တု လွှတ်တင်မှုကို အမေရိကန် စိုးရိမ်နေ
ရုရှား အကူအညီနဲ့ အီရန်ဂြိုဟ်တု လွှတ်တင်မှုကို အမေရိကန် စိုးရိမ်နေ

အီရန်ရဲ့ ဂြိုဟ်တုတစ်စင်းကို ရုရှားက ကူညီ လွှတ်တင်ပေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်က သတိကြီးကြီး စောင့်ကြည့်နေပါတယ်။

အီရန် အစိုးရက ကမ္ဘာပတ်လမ်းထဲ လွှတ်တင်လိုက်တဲ့ ဂြိုဟ်တုဟာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့် လေ့လာရေး ကဏ္ဍမှာ အသုံးချဖို့ဖြစ်ပြီး အီရန်ရဲ့ ရာနှုန်းပြည့် ထိန်းချုပ်မှု အောက်မှာပဲ ရှိနေမယ်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့ အမေရိကန်ကတော့ ရုရှားရဲ့ အကူအညီနဲ့ လွှတ်တင်ခဲ့တဲ့ ဂြိုဟ်တုရဲ့ မူရင်း ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ကြီးကြီးမားမား သံသယ ဝင်နေပါတယ်။

အီရန် ဂြိုဟ်တုကို ကာဇက်စတန် နိုင်ငံက ရုရှားပိုင် ဒုံးကျည်စခန်း တစ်ခုကနေ လွှတ်တင်ခဲ့တာပါ။ အမေရိကန် စစ်ထောက်လှမ်းရေး အရာရှိတွေကတော့ အဲဒီ ဂြိုဟ်တုဟာ ယူကရိန်းမှာ စစ်တပ်တွေ ရွေ့လျားတာကို ထောက်လှမ်းဖို့ အသုံးချတာမျိုး ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။

ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲမှာ ရုရှားဟာ စစ်ရေး ရည်မှန်းချက်တွေ အထမြောက် အောင်မြင်ဖို့ အကြီးအကျယ် ရုန်းကန်နေရဆဲဖြစ်ပြီး ပြင်ပ အကူအညီတွေ ရနိုင်သမျှ ရယူဖို့ ဘက်ပေါင်းစုံ အားထုတ်နေပါတယ်။ ရုရှားနဲ့ အီရန်တို့ဟာ ဆီးရီးယား စစ်ပွဲမှာ ပါဝင်စွက်ဖက်ပြီး နောက်ပိုင်း ပိုပြီး ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန် အစိုးရကတော့ ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို စစ်ရေး ရည်မှန်းချက်တွေနဲ့ အသုံးချလိမ့်မယ်ဆိုတဲ့ စွပ်စွဲချက်တွေက လုံးဝဥဿုံ မှားယွင်းတဲ့ ကောလာဟလတွေသာ ဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။ အဲဒီ ဂြိုဟ်တုမှာ အရည်အသွေး အရမ်းမြင့်မားတဲ့ တာဝေးကြည့် မှန်ပြောင်းတွေနဲ့ ကင်မရာတွေကို တပ်ဆင်ထားပါတယ်။ အီရန် အာကာသ အေဂျင်စီက ဒီဂြိုဟ်တုကို ရေအရင်းအမြစ်နဲ့ တခြား သဘာဝ ပတ်ဝန်းကျင် စောင့်ရှောက်ရေးဆိုင်ရာ ရည်မှန်းချက်တွေအတွက် ရည်ရွယ် လွှတ်တင်ခဲ့တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က တဟီရန်မြို့မှာ အီရန် အစိုးရ အကြီးအကဲ အယာတိုလာ အလီ ခါမန်နီနဲ့ တွေ့ဆုံခဲ့ပြီး ၃ ပတ်အတွင်း ဂြိုဟ်တု လွှတ်တင်မှု အထမြောက်ခဲ့တာပါ။ နှစ်နိုင်ငံ အစိုးရ ခေါင်းဆောင်တွေ တွေ့ဆုံမှု အတောအတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ဘက်ပေါင်းစုံ ပိုမို မြှင့်တင်ဖို့ ကတိကဝတ် ပြုခဲ့ကြပါတယ်။ ရုရှားရော၊ အီရန်ပါ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ ပြင်းပြင်းထန်ထန် ပိတ်ဆို့ အရေးယူမှုတွေနဲ့ ကြုံနေရတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။