Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား အကူအညီနဲ့ အီရန်ဂြိုဟ်တု လွှတ်တင်မှုကို အမေရိကန် စိုးရိမ်နေ

အီရန် ဂြိုဟ်တုကို ကာဇက်စတန် နိုင်ငံက ရုရှားပိုင် ဒုံးကျည်စခန်း တစ်ခုကနေ လွှတ်တင်ခဲ့တာပါ။ အမေရိကန် စစ်ထောက်လှမ်းရေး အရာရှိတွေကတော့ အဲဒီ ဂြိုဟ်တုဟာ ယူကရိန်းမှာ စစ်တပ်တွေ ရွေ့လျားတာကို ထောက်လှမ်းဖို့ အသုံးချတာမျိုး ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။

ရုရှား အကူအညီနဲ့ အီရန်ဂြိုဟ်တု လွှတ်တင်မှုကို အမေရိကန် စိုးရိမ်နေ
ရုရှား အကူအညီနဲ့ အီရန်ဂြိုဟ်တု လွှတ်တင်မှုကို အမေရိကန် စိုးရိမ်နေ

အီရန်ရဲ့ ဂြိုဟ်တုတစ်စင်းကို ရုရှားက ကူညီ လွှတ်တင်ပေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်က သတိကြီးကြီး စောင့်ကြည့်နေပါတယ်။

အီရန် အစိုးရက ကမ္ဘာပတ်လမ်းထဲ လွှတ်တင်လိုက်တဲ့ ဂြိုဟ်တုဟာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့် လေ့လာရေး ကဏ္ဍမှာ အသုံးချဖို့ဖြစ်ပြီး အီရန်ရဲ့ ရာနှုန်းပြည့် ထိန်းချုပ်မှု အောက်မှာပဲ ရှိနေမယ်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့ အမေရိကန်ကတော့ ရုရှားရဲ့ အကူအညီနဲ့ လွှတ်တင်ခဲ့တဲ့ ဂြိုဟ်တုရဲ့ မူရင်း ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ကြီးကြီးမားမား သံသယ ဝင်နေပါတယ်။

အီရန် ဂြိုဟ်တုကို ကာဇက်စတန် နိုင်ငံက ရုရှားပိုင် ဒုံးကျည်စခန်း တစ်ခုကနေ လွှတ်တင်ခဲ့တာပါ။ အမေရိကန် စစ်ထောက်လှမ်းရေး အရာရှိတွေကတော့ အဲဒီ ဂြိုဟ်တုဟာ ယူကရိန်းမှာ စစ်တပ်တွေ ရွေ့လျားတာကို ထောက်လှမ်းဖို့ အသုံးချတာမျိုး ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။

ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲမှာ ရုရှားဟာ စစ်ရေး ရည်မှန်းချက်တွေ အထမြောက် အောင်မြင်ဖို့ အကြီးအကျယ် ရုန်းကန်နေရဆဲဖြစ်ပြီး ပြင်ပ အကူအညီတွေ ရနိုင်သမျှ ရယူဖို့ ဘက်ပေါင်းစုံ အားထုတ်နေပါတယ်။ ရုရှားနဲ့ အီရန်တို့ဟာ ဆီးရီးယား စစ်ပွဲမှာ ပါဝင်စွက်ဖက်ပြီး နောက်ပိုင်း ပိုပြီး ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန် အစိုးရကတော့ ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို စစ်ရေး ရည်မှန်းချက်တွေနဲ့ အသုံးချလိမ့်မယ်ဆိုတဲ့ စွပ်စွဲချက်တွေက လုံးဝဥဿုံ မှားယွင်းတဲ့ ကောလာဟလတွေသာ ဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။ အဲဒီ ဂြိုဟ်တုမှာ အရည်အသွေး အရမ်းမြင့်မားတဲ့ တာဝေးကြည့် မှန်ပြောင်းတွေနဲ့ ကင်မရာတွေကို တပ်ဆင်ထားပါတယ်။ အီရန် အာကာသ အေဂျင်စီက ဒီဂြိုဟ်တုကို ရေအရင်းအမြစ်နဲ့ တခြား သဘာဝ ပတ်ဝန်းကျင် စောင့်ရှောက်ရေးဆိုင်ရာ ရည်မှန်းချက်တွေအတွက် ရည်ရွယ် လွှတ်တင်ခဲ့တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က တဟီရန်မြို့မှာ အီရန် အစိုးရ အကြီးအကဲ အယာတိုလာ အလီ ခါမန်နီနဲ့ တွေ့ဆုံခဲ့ပြီး ၃ ပတ်အတွင်း ဂြိုဟ်တု လွှတ်တင်မှု အထမြောက်ခဲ့တာပါ။ နှစ်နိုင်ငံ အစိုးရ ခေါင်းဆောင်တွေ တွေ့ဆုံမှု အတောအတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ဘက်ပေါင်းစုံ ပိုမို မြှင့်တင်ဖို့ ကတိကဝတ် ပြုခဲ့ကြပါတယ်။ ရုရှားရော၊ အီရန်ပါ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ ပြင်းပြင်းထန်ထန် ပိတ်ဆို့ အရေးယူမှုတွေနဲ့ ကြုံနေရတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဘာသာပြန်ဆောင်းပါး

ယာဘလိုကာ (Yabloko) ပါတီဟာ ရုရှားမှာ ကျန်ရှိနေတဲ့ အဓိက စစ်ဆန့်ကျင်ရေးပါတီဖြစ်ပေမယ့်စက်တင်ဘာရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပိတ်ပင်ခံလိုက်ရပါတယ်။ ဒါကြောင့်ရုရှားမှာ စစ်ဆန့်ကျင်ရေးနိုင်ငံရေး ပိုကျဉ်းလာပါတယ်။

နိုင်ငံတကာ

အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ တောင်းဆိုမှုတွေကို အမေရိကန်က မလိုက်လျောဘဲနဲ့တော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။