Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားအတွက် သူလျှိုလုပ်ဖို့ ကြိုးစားခဲ့တဲ့ အမေရိကန် စစ်ဆရာဝန်နဲ့ ဇနီး အဖမ်းခံရ

လောလောဆယ် စွဲချက်တင်ခံထားရတဲ့ ဆရာဝန် လင်မယားရဲ့ ရှေ့နေကတော့ အမှုနဲ့ ပတ်သက်ပြီး မှတ်ချက် မပေးလိုကြောင်း ပြောပါတယ်။ ရုရှားဖက်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေပါတယ်။

ရုရှားအတွက် သူလျှိုလုပ်ဖို့ ကြိုးစားခဲ့တဲ့ အမေရိကန် စစ်ဆရာဝန်နဲ့ ဇနီး အဖမ်းခံရ
ရုရှားအတွက် သူလျှိုလုပ်ဖို့ ကြိုးစားခဲ့တဲ့ အမေရိကန် စစ်ဆရာဝန်နဲ့ ဇနီး အဖမ်းခံရ

အမေရိကန် စစ်တပ်ရဲ့ စစ်ဆရာဝန် တစ်ဦးနဲ့ ဇနီးဖြစ်သူကို ရုရှားအတွက် သူလျှိုလုပ်ဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲချက်နဲ့ ဖမ်းဆီးလိုက်ပါတယ်။

ဂျေမီ လီ ဟင်နရီဟာ ဗိုလ်မှူးအဆင့် စစ်ဆရာဝန် တစ်ဦးဖြစ်ပြီး ဇနီးသည် အန်နာ ဂေဘရီလီယန်ကတော့ အရပ်ဖက် ဆရာဝန် တစ်ဦးပါ။ သူတို့နှစ်ယောက်ဟာ ရုရှား အစိုးရဆီ လျှို့ဝှက် သတင်းအချက်အလက်တွေ ပေးပို့ဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲမှုအတွက် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဟင်နရီနဲ့ ဂေဘရီလီယန်တို့ နှစ်ဦးဟာ စစ်ဆေးရုံ တစ်ခုက လူနာတွေရဲ့ လျှို့ဝှက်ထားသင့်တဲ့ အချက်အလက်တွေကို ရုရှားဆီ ပေးပို့ဖို့ ကြိုးစားခဲ့တာပါ။ ကံဆိုးစွာနဲ့ပဲ သူတို့ ဆက်သွယ်မိခဲ့သူဟာ အမေရိကန် FBI ထောက်လှမ်းရေး ဌာနက အသွင်ယူထားတဲ့ အေးဂျင့်တစ်ဦး ဖြစ်နေပါတယ်။ သူတို့က ရုရှားအပေါ် ထားရှိတဲ့ မျိုးချစ်စိတ်ကြောင့် ရုရှား အစိုးရကို အခုလို ကူညီဖို့ ကြိုးစားခဲ့တာလို့ FBI အေးဂျင့်ဆီ ပြောပါတယ်။

လောလောဆယ် စွဲချက်တင်ခံထားရတဲ့ ဆရာဝန် လင်မယားရဲ့ ရှေ့နေကတော့ အမှုနဲ့ ပတ်သက်ပြီး မှတ်ချက် မပေးလိုကြောင်း ပြောပါတယ်။ ရုရှားဖက်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဆရာဝန် လင်မယားဟာ အမေရိကန် အစိုးရ အရာရှိတွေနဲ့ စစ်မှုထမ်းတွေရဲ့ ကျန်းမာရေးဆိုင်ရာ လျှို့ဝှက် မှတ်တမ်းတွေကို ရုရှား အာဏာပိုင်တွေဆီ ပေးပို့ဖို့ ကြိုးစားခဲ့တာလို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။ အသက် ၃၉ နှစ်အရွယ် ဗိုလ်မှူး ဟင်နရီဟာ သူ့ရဲ့ ရာထူးကို အသုံးချပြီး ဖို့တ်ဘရက်ဂ် စစ်ဆေးရုံက လူနာတွေရဲ့ ဆေးမှတ်တမ်းတွေကို ရယူနိုင်ခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် ဂေဘရီလီယန်ကတော့ ဘာလ်တီမိုးမြို့၊ ဂျွန်ဟော့ပ်ကင်းစ် ဆေးရုံကနေတဆင့် အဲဒီ အချက်အလက်တွေကို ပေါက်ကြားစေဖို့ ကြုံရွယ်နေခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ပြုတာ မတိုင်ခင် လပိုင်းလောက် အလိုမှာ ဂေဘရီလီယန်ဟာ ဝါရှင်တန်မြို့မှာရှိတဲ့ ရုရှားသံရုံးဆီ ချိတ်ဆက်ပြီး သူ့ရဲ့ သူလျှိုလုပ်မယ့် ကိစ္စအတွက် အကူအညီ တောင်းခံခဲ့သေးတယ်လို့ အမေရိကန် အစိုးရ အရာရှိတွေက စွပ်စွဲပါတယ်။ အဲဒီနောက် ရုရှားသံရုံးမှာ အလုပ်လုပ်နေတယ်လို့ ဆိုသူတစ်ဦးက သူတို့ လင်မယားဆီ စတင် ဆက်သွယ် ချဉ်းကပ်လာပါတယ်။ တကယ်တမ်းတော့ အဲဒီသူဟာ အသွင်ယူထားတဲ့ FBI အေးဂျင့်သာ ဖြစ်ပါတယ်။

ဆရာဝန် လင်မယားဟာ လက်ရှိ ရင်ဆိုင်နေရတဲ့ စွဲချက်တွေအတွက်သာ ပြစ်မှုထင်ရှားခဲ့ရင် ထောင်ဒဏ် နှစ်ရှည် ကျခံရနိုင်ပါတယ်။ သူတို့ဟာ သစ္စာဖောက်ရန် ကြံစည်မှုအတွက် အမြင့်ဆုံးပြစ်ဒဏ် ထောင် ၅ နှစ်၊ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေ ခိုးယူမှုအတွက် အမြင့်ဆုံးပြစ်ဒဏ် ထောင် ၁၀ နှစ်ထိ ချမှတ်ခံရနိုင်ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

Facebook