Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေပိုင်နက်နားမှာ အမေရိကန် စစ်ရေးလေ့ကျင့်နေတာကို မြောက်ကိုရီးယား ဝေဖန်

အမေရိကန်ဟာ မြောက်ကိုရီးယားအပေါ် ရန်လိုမှုတွေကို ပိုပြီး ထင်ထင်ပေါ်ပေါ် ပြသလေလေ၊ အခြေအနေတွေက ပိုပြီး အန္တရာယ် ကြီးလာလာလေလေ ဆိုတာကို အရှိအတိုင်း နားလည်သင့်ကြောင်း သံအမတ်ကြီး ကင်မ်က ပြောပါတယ်။

ရေပိုင်နက်နားမှာ အမေရိကန် စစ်ရေးလေ့ကျင့်နေတာကို မြောက်ကိုရီးယား ဝေဖန်
ရေပိုင်နက်နားမှာ အမေရိကန် စစ်ရေးလေ့ကျင့်နေတာကို မြောက်ကိုရီးယား ဝေဖန်

ပိုင်နက်ရေပြင်နား အမေရိကန် ရေတပ်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေခြင်းဟာ စစ်ပွဲဆီ ဦးတည်သွားစေနိုင်တယ်လို့ မြောက်ကိုရီးယား အစိုးရက ခြိမ်းခြောက်လိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးက အမေရိကန် ဦးဆောင်ပြီး တောင်ကိုရီးယားနဲ့အတူ ကိုရီးယား ကျွန်းဆွယ်နားမှာ ရေတပ်ပူးပေါင်း စစ်ရေးလေ့ကျင့်နေမှုတွေကို အပြင်းအထန် ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီလုပ်ရပ်မျိုးဟာ စစ်ပွဲကို ဖိတ်ခေါ်နေတာနဲ့ အတူတူပဲလို့ သံအမတ်ကြီး ကင်မ်ဆွန်က စွပ်စွဲခဲ့ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ရန်လိုတဲ့ အဓိပ္ပါယ်ကို ဆောင်နေပြီး ကိုရီးယား ကျွန်းဆွယ်ရဲ့ အခြေအနေကို တင်းမာမှုတွေ၊ ပဋိပက္ခတွေဆီ ပြန်လည် သယ်ဆောင်နေတယ်လို့ ကုလသမဂ္ဂ မိန့်ခွန်းမှာ ကင်မ်က ထည့်သွင်း ဝေဖန်သွားခဲ့ပါတယ်။

အမေရိကန် ရေတပ်ရဲ့ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီး USS Ronald Raegan ဦးဆောင်တဲ့ တိုက်ရေယာဉ် တပ်ဖွဲ့ဟာ တောင်ကိုရီးယား ရေတပ်နဲ့ ပူးပေါင်းပြီး အခုသီတင်းပတ် အစောပိုင်း ကတည်းက စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့တာပါ။ ဒီလေ့ကျင့်မှုမှာ စစ်ရေယာဉ် အစီး ၂၀ ကျော် ပါဝင်ပါတယ်။ ပြီးတော့ အမေရိကန်ရဲ့ လေယာဉ်တင် သင်္ဘောကြီးတစ်စီး ဦးဆောင်ပြီး တောင်ကိုရီးယားနဲ့ ပူးပေါင်း လေ့ကျင့်တာဟာ ၅ နှစ်အတွင်း ပထမဆုံး ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ဟာ မြောက်ကိုရီးယားအပေါ် ရန်လိုမှုတွေကို ပိုပြီး ထင်ထင်ပေါ်ပေါ် ပြသလေလေ၊ အခြေအနေတွေက ပိုပြီး အန္တရာယ် ကြီးလာလာလေလေ ဆိုတာကို အရှိအတိုင်း နားလည်သင့်ကြောင်း သံအမတ်ကြီး ကင်မ်က ပြောပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကတော့ ၄ ရက်ကြာ ပြုလုပ်တဲ့ ရေတပ် စစ်ရေးလေ့ကျင့်မှုမျိုးဟာ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်းရာမှာ အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုလို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်