Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရားခွင်မှာ ကိုယ်တိုင်လာရောက် ထွက်ဆိုဖို့ ထရမ့် ဆင့်ခေါ်ခံထားရ

ထရမ့်ကိုယ်တိုင် ထွက်ဆိုရမယ်ဆိုပြီး ဆင့်ခေါ်တာမျိုးကတော့ ကော်မတီဝင်တွေဟာ လုပ်ထုံးလုပ်နည်းတွေကို ဘောင်ကျော်လိုက်တဲ့ အဓိပ္ပါယ်မျိုး ဖြစ်တယ်လို့ ထရမ့်ရဲ့ ရှေ့နေ တစ်ယောက်က စွပ်စွဲပါတယ်။

တရားခွင်မှာ ကိုယ်တိုင်လာရောက် ထွက်ဆိုဖို့ ထရမ့် ဆင့်ခေါ်ခံထားရ
တရားခွင်မှာ ကိုယ်တိုင်လာရောက် ထွက်ဆိုဖို့ ထရမ့် ဆင့်ခေါ်ခံထားရ

လွှတ်တော် အဆောက်အအုံထဲမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေနဲ့ ပတ်သက်ပြီး တရားခွင်မှာ ကိုယ်တိုင်လာရောက် ထွက်ဆိုဖို့ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်က ဆင့်ခေါ် ခံထားရကြောင်း သိရပါတယ်။

လွှတ်တော် စုံစမ်းစစ်ဆေးရေး ကော်မတီ ကြားနာမှုမှာ ထရမ့်အနေနဲ့ ကိုယ်တိုင် လာရောက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ရှေ့မှောက်မှာ စစ်ဆေး မေးမြန်းမှုတွေကို ဖြေကြားဖို့ လိုအပ်ကြောင်း အဲဒီ ဆင့်ခေါ်စာမှာ အသိပေးထားပါတယ်။

ထရမ့်ဟာ အမေရိကန် သမိုင်းမှာ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲပစ်ဖို့ ကြိုးစားချင်တဲ့ လုပ်ဆောင်မှုတွေရဲ့ ဗဟိုချက်မှာ ပါဝင်ခဲ့တဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော သမ္မတ ဖြစ်ခဲ့တယ်လို့လည်း အဲဒီစာမှာ ရေးသားထားပါတယ်။

ရွေးကောက်ပွဲမှာ ရှုံးနိမ့်ထားသူ အာဏာရ သမ္မတ ထရမ့်ကို ထောက်ခံတဲ့ လက်ယာစွန်း ဝါဒီတွေဟာ ပြီးခဲ့တဲ့နှစ်၊ ဇန်နဝါရီ ၆ ရက်မှာ ဝါရှင်တန် မြို့တော်က လွှတ်တော် အဆောက်အအုံကို ဝင်ရောက် စီးနင်းခဲ့ကြပါတယ်။ အမေရိကန်ရဲ့ ဒီမိုကရေစီ သမိုင်းကြောင်းမှာ အကျည်းအတန်ဆုံး ဖြစ်စဉ်တစ်ခုနဲ့ ပတ်သက်လို့ ထရမ့်က မြှောက်ပင့် အားပေးခဲ့ကြောင်း စွပ်စွဲမှုတွေ ရှိနေပြီး ထရမ့်ကိုယ်တိုင်ကတော့ ငြင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ကိုယ်တိုင် ထွက်ဆိုရမယ်ဆိုပြီး ဆင့်ခေါ်တာမျိုးကတော့ ကော်မတီဝင်တွေဟာ လုပ်ထုံးလုပ်နည်းတွေကို ဘောင်ကျော်လိုက်တဲ့ အဓိပ္ပါယ်မျိုး ဖြစ်တယ်လို့ ထရမ့်ရဲ့ ရှေ့နေ တစ်ယောက်က စွပ်စွဲပါတယ်။

တကယ်လို့ ထရမ့်ဟာ ကော်မတီရဲ့ ဆင့်ခေါ်မှုကို ငြင်းဆိုပြီး နိုဝင်ဘာ ၁၄ ရက် ကြားနာမှုကို ကိုယ်တိုင် မသွားရောက်ခဲ့ရင် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခံရပြီး ထောင်ပါ ကျနိုင်တယ်လို့ ဆိုပါတယ်။

မကြာသေးခင်ကမှ ထရမ့်ရဲ့ မဟာဗျူဟာ အကြံပေးဟောင်း စတိဗ်ဘန်နွန်ဟာ လွှတ်တော်ကို မထီမဲ့မြင် ပြုမှုအတွက် ဒဏ်ငွေ ဒေါ်လာ ၆၅၀၀ နဲ့ ထောင်ဒဏ် လေးလ စီရင်ချက် ချမှတ် ခံခဲ့ရပါတယ်။ သူက ကော်မတီမှာ ထွက်ဆိုဖို့၊ ဒါမှမဟုတ် အချက်အလက် မှတ်တမ်းတွေ ပေးအပ်ဖို့ တောင်းဆိုတာကို ငြင်းဆန်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ထရမ့်ရဲ့ နောက်ထပ် လူယုံတစ်ဦးဖြစ်တဲ့ ပီတာ နာဗာရိုကလည်း လွှတ်တော်ကို မထီမဲ့မြင်ပြုခဲ့ကြောင်း စွပ်စွဲမှုအတွက် နောက်လထဲမှာ စစ်ဆေး ခံရဦးမှာပါ။ လေ့လာသူတွေကတော့ တကယ်လို့သာ အောက်လွှတ်တော်ကို အတိုက်အခံ ရီပတ်ဘလစ်ကန် အင်အားစုတွေက ပြန်လည် ကြီးစိုးလာနိုင်မယ်ဆိုရင် ကော်မတီရဲ့ လက်ရှိ စစ်ဆေး စုံစမ်းမှုတွေလည်း အဆုံးသတ်သွားနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ ရုရှား သမ္မတတွေ ဖုန်းဆက်ပြီး ဆွေးနွေး စကားပြောခဲ့ကြကြောင်း ရုရှား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ရေလမ်းကြောင်းတွေကို ပိတ်ဆို့ထားမှုက လနဲ့ချီ ဆက်လက် ကြာမြင့်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ရှိနေတဲ့ ဟိုတယ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ ထရမ့်နဲ့ အစိုးရ အရာရှိကြီးတွေကို ပစ်မှတ်ထားဖို့ အကြံအစည်တစ်ခု ဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။

နိုင်ငံတကာ

သူတက်ရောက်မယ့် ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူရွေးချယ်ထားတဲ့ ဘဝမှာ စွန့်စားရတာ၊ အန္တရာယ် ကြုံတာတွေ ရှိနိုင်တာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။