Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဆီယံ ညီလာခံမှာ တန်ဖိုးကြီး Limited Edition လက်ပတ်နာရီတွေ လက်ဆောင်ပေးခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်

ကမ္ဘောဒီးယားဟာ ဆင်းရဲတွင်းနက်နေဆဲ နိုင်ငံတစ်ခု ဖြစ်ပေမယ့် နိုင်ငံကို ၃၇ နှစ်ကြာ အုပ်ချုပ်နေတဲ့ ဝန်ကြီးချုပ်ဆီမှာတော့ တစ်လုံးကို ဒေါ်လာသန်းနဲ့ချီ တန်ဖိုးရှိတဲ့ နာရီတွေ စုဆောင်းထားနိုင်ပါတယ်။

ပြည်တွင်းဖြစ် ဖန်တီးထုတ်လုပ်ထားတယ်ဆိုတဲ့ တန်ဖိုးကြီး Limited Edition လက်ပတ်နာရီတွေကို အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်တွေဆီ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်းက လက်ဆောင် ပေးအပ်ခဲ့ပါတယ်။

လက်ပတ်နာရီ ဖန်တီးထုတ်လုပ်မှု အတတ်ပညာနဲ့ ပတ်သက်လို့ ဘာသမိုင်းကြောင်းမှ ရေရေရာရာ မရှိခဲ့တဲ့ နိုင်ငံတစ်ခုမှာ ပြုလုပ်ထားတယ်ဆိုတဲ့ အဲဒီလက်ဆောင်တွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေတော့ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဟွန်ဆန်းကတော့ နိုင်ငံရဲ့ သိပ္ပံနည်းပညာ တိုးတက် ထွန်းကားမှုကို ထင်ဟပ်စေမယ့် သင်္ကေတ တစ်ခုအဖြစ် ပြည်တွင်းက ပညာရှင်တွေကိုပဲ စုစည်းပြီး အဲဒီ နာရီတွေကို ထုတ်လုပ်ခဲ့တာလို့ ပြောပါတယ်။

အာဆီယံ ညီလာခံမှာ တန်ဖိုးကြီး Limited Edition လက်ပတ်နာရီတွေ လက်ဆောင်ပေးခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်
အာဆီယံ ညီလာခံမှာ တန်ဖိုးကြီး Limited Edition လက်ပတ်နာရီတွေ လက်ဆောင်ပေးခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်

နာရီတွေဟာ ဒိုင်ခွက်ပုံစံနှစ်မျိုး ပြောင်းလဲနိုင်ပြီး ရွှေသားလက်တံတွေနဲ့ အလှဆင် စီခြယ်ထားပါတယ်။ လက်ပတ်ကြိုးအတွက် အကောင်းစား အညိုရောင် သားရေကို အသုံးပြုထားပါတယ်။ ကိုယ်တိုင်က လက်ပတ်နာရီ ဝါသနာအိုး တစ်ယောက်ဖြစ်တဲ့ ဟွန်ဆန်းက အာဆီယံ အစည်းအဝေးတက်မယ့် နိုင်ငံခေါင်းဆောင်တွေအတွက် Limited Edition နာရီ ၂၅ လုံးအကြောင်း သူ့ရဲ့ Facebook စာမျက်နှာမှာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ရေးသား ကြေညာထားခဲ့ပါသေးတယ်။

အဲဒီနာရီတွေမှာ ‘ကမ္ဘောဒီးယားမှာ ပြုလုပ်သည်’၊ ‘အာဆီယံ’? ‘၂၀၂၂’စတဲ့ စာတန်းတွေ ရေးသားထားတာကို တွေ့နိုင်ပါတယ်။ ဟွန်ဆန်း ကိုယ်တိုင်လည်း အဲဒီထဲက တစ်လုံးကို ဂုဏ်ယူစွာနဲ့ ဝတ်ဆင်သွားမယ်လို့ အတည်ပြုထားပါတယ်။ နာရီတွေကို တာဝန်ယူ ဖန်တီးခဲ့တဲ့ ကမ္ဘောဒီးယား ကုမ္ပဏီ Prince Horologyက သူတို့ရဲ့လက်ရာတွေဟာ တန်ဖိုးကြီး အသုံးအဆောင်တွေရဲ့ ဂုဏ်အင်္ဂါရပ် အားလုံးနဲ့ ပြည့်စုံစေရမယ်လို့ ကြွေးကြော်ထားပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယားဟာ ဆင်းရဲတွင်းနက်နေဆဲ နိုင်ငံတစ်ခု ဖြစ်ပေမယ့် နိုင်ငံကို ၃၇ နှစ်ကြာ အုပ်ချုပ်နေတဲ့ ဝန်ကြီးချုပ်ဆီမှာတော့ တစ်လုံးကို ဒေါ်လာသန်းနဲ့ချီ တန်ဖိုးရှိတဲ့ နာရီတွေ စုဆောင်းထားနိုင်ပါတယ်။

နိုဝင်ဘာ ၁၀ ရက်ကနေ ၁၄ ရက်ထိ ကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံကို အာဆီယံ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ၊ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ် ဝန်ကြီးချုပ် လီကီကျန်းတို့ အပါအဝင် နိုင်ငံတကာ အစိုးရတချို့ပါ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒီနှစ် အာဆီယံ ညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အလေးထား ဆွေးနွေးကြဖွယ် ရှိပေမယ့် အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုတော့ ဖိတ်ကြားခြင်း မရှိဘဲ ဖယ်ကြဉ်ထားဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။