Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းဆီ တင့်ကားတွေ ပေးပို့မယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယား ရှုတ်ချ

တစ်ဖက်မှာလည်း အမေရိကန် အစိုးရက မြောက်ကိုရီးယားဟာ ရုရှားအတွက် လက်နက်ကြီး ကျည်ဆန်တွေနဲ့ တခြား ခဲယမ်းမီးကျောက်တွေ ပေးပို့နေကြောင်း စွပ်စွဲထားပြီး မြောက်ကိုရီးယားကတော့ ငြင်းဆိုထားပါတယ်။

ယူကရိန်းဆီ တင့်ကားတွေ ပေးပို့မယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယား ရှုတ်ချ
ယူကရိန်းဆီ တင့်ကားတွေ ပေးပို့မယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယား ရှုတ်ချ

ယူကရိန်းဆီ တင့်ကားတွေ ပေးပို့မယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မြောက်ကိုရီးယား အစိုးရက ဝေဖန် ရှုတ်ချသွားခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဩဇာထက်မြက်တဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က အမေရိကန်ဟာ ယူကရိန်းဆီ သံချပ်ကာ တင့်ကားတွေ ပေးပို့ခြင်းအားဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခမှာ သွယ်ဝိုက်စစ်ပွဲတစ်ခု ဆင်နွှဲလိုက်တာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

အမေရိကန် အစိုးရဟာ ရုရှားကို တိုက်ရိုက် ထိုးနှက်ဖို့ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေတာဖြစ်ပြီး မကျော်သင့်တဲ့ စည်းတစ်ခုကို ကျော်လိုက်ပြီလို့ ကင်မ်ယိုဂျောင်က ဆိုပါတယ်။ ယူကရိန်းအတွက် မြေပြင် ထိုးစစ် ဆင်နွှဲရာမှာ အရေးပါတဲ့ စစ်လက်နက် ယန္တရားတွေ ပေါ်ပေါ်ထင်ထင် ထောက်ပံ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကြောင့် တင်းမာမှုတွေ ဆိုးသထက် ဆိုးလာမှာ စိုးရိမ်မိကြောင်း ကင်မ်ယိုဂျောင်က မြောက်ကိုရီးယား အစိုးရ ကိုယ်စား သဘောထား မှတ်ချက် ပေးပါတယ်။

နောက်ပြီး အမေရိကန်ရဲ့ လုပ်ရပ်ဟာ ရုရှားရဲ့ လုံခြုံရေး ကဏ္ဍကို မဟာဗျူဟာကျကျ ခြိမ်းခြောက် စိန်ခေါ်လိုက်တာဖြစ်ပြီး ဒေသ တစ်ခုလုံးကို ဆိုးရွားလှတဲ့ အန္တရာယ် ချောက်ကမ်းပါးဆီ တွန်းပို့တာနဲ့ မခြားဘူးလို့လည်း ကင်မ်ယိုဂျောင်က ဆက်ပြီး ပြောသွားခဲ့ပါတယ်။ သူက မြောက်ကိုရီးယားဟာ ရုရှားနဲ့အတူ အမြဲတမ်း တစ်သားတည်း ရပ်တည်မယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အစိုးရဟာ ယူကရိန်းအတွက် M1 Abrams တင့်ကား စုစုပေါင်း ၃၁ စီး ပေးပို့သွားမယ်လို့ ကတိပြုထားပါတယ်။ အလားတူ ဂျာမနီနဲ့ ဗြိတိန်တို့ကလည်း သူတို့ရဲ့ တိုက်ပွဲဝင် တင့်ကားတွေ ယူကရိန်း စစ်တပ်ဆီ ထောက်ပံ့ဖို့ အသီးသီး ကတိပြုထားပြီး တခြား အနောက်မဟာမိတ် နိုင်ငံတွေပါ အဲဒီလမ်းစဉ်နောက် လိုက်လာဖွယ် ရှိနေပါတယ်။

မြောက်ကိုရီးယားဟာ ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်ကို ကာကွယ် ရပ်တည်ခဲ့ပြီး အမေရိကန်ရဲ့ ကြားဝင် သွေးထိုးမှုတွေကြောင့် ရုရှားဟာ ကိုယ့်နိုင်ငံ အချုပ်အခြာ အာဏာ တည်တံ့ လုံခြုံရေးအတွက် လုပ်သင့် လုပ်ထိုက်တာကို လုပ်ခဲ့ရုံသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

တစ်ဖက်မှာလည်း အမေရိကန် အစိုးရက မြောက်ကိုရီးယားဟာ ရုရှားအတွက် လက်နက်ကြီး ကျည်ဆန်တွေနဲ့ တခြား ခဲယမ်းမီးကျောက်တွေ ပေးပို့နေကြောင်း စွပ်စွဲထားပြီး မြောက်ကိုရီးယားကတော့ ငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။