Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် စားသောက်ဆိုင် တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားရာက လူ ၃၀ ကျော် သေဆုံး

တရုတ်သမ္မတ ရှီကျင့်ဖျင်က အခု ပေါက်ကွဲမှု အကြောင်းကို ကြားသိရတဲ့အတွက် အနူးအညွတ် စိတ်မကောင်း ဖြစ်ရကြောင်း ပြောကြားခဲ့ပြီး လေးနက်တဲ့ သင်ခန်းစာ တစ်ခုအဖြစ် သတ်မှတ်ရမယ်လို့ ဆိုပါတယ်။

တရုတ် စားသောက်ဆိုင် တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားရာက လူ ၃၀ ကျော် သေဆုံး
တရုတ် စားသောက်ဆိုင် တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားရာက လူ ၃၀ ကျော် သေဆုံး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ အသားကင် ဘာဘီကျူး စားသောက်ဆိုင် တစ်ခုထဲ ပေါက်ကွဲမှု ဖြစ်ပွားရာက လူ ၃၀ ကျော် သေဆုံးသွားကြောင်း သိရပါတယ်။

နန်ရှား ပြည်နယ်ထဲက ယင်ချွမ်မြို့မှာ ဇွန် ၂၁ ရက် ညပိုင်းက ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ စားသောက်ဆိုင်ထဲက ဓာတ်ငွေ့အရည်အိုး တစ်လုံး ယိုစိမ့်ရာကနေ အခုလို ပေါက်ကွဲခဲ့တာလို့ ရဲတွေက ပြောပါတယ်။ ဒီဖြစ်စဉ်မှာ သေဆုံးသူ ၃၁ ဦး ရှိခဲ့ပြီး ၇ ဦးထက်မနည်း ဒဏ်ရာတွေ ရခဲ့ပါတယ်။ အဲဒီထဲက ၁ ဦးဟာ အသက်လု ကုသမှုတွေ ခံယူနေရပါတယ်။

ကျန်တဲ့ ၆ ဦးကတော့ မှန်ကွဲစစဉ်တာ၊ အပူလောင်တာမျိုး အသေးစား ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ပေါက်ကွဲတဲ့ အရှိန်ကြောင့် စားသောက်ဆိုင် ပတ်ဝန်းကျင်က မော်တော်ကား အစီး ၂၀ လောက်လည်း ပျက်စီးသွားပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေမှာတော့ ပေါက်ကွဲမှုဒဏ်ကြောင့် ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ စားသောက်ဆိုင် မျက်နှာစာကို တွေ့ရပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အပေါ်ထပ်မှာ ပိတ်မိနေသူ တချို့ကို လှေကားတွေထောင်၊ ထမ်းစင်တွေပေါ်တင်ပြီး သယ်ထုတ်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်သမ္မတ ရှီကျင့်ဖျင်က အခု ပေါက်ကွဲမှု အကြောင်းကို ကြားသိရတဲ့အတွက် အနူးအညွတ် စိတ်မကောင်း ဖြစ်ရကြောင်း ပြောကြားခဲ့ပြီး လေးနက်တဲ့ သင်ခန်းစာ တစ်ခုအဖြစ် သတ်မှတ်ရမယ်လို့ ဆိုပါတယ်။

စုံစမ်းမှုတွေအရ စားသောက်ဆိုင်ရဲ့ ဓာတ်ငွေ့အိုးမှာ အဆို့တစ်ခု ပျက်စီးနေတာကို ဝန်ထမ်းတွေက တွေ့ရှိခဲ့တဲ့နောက် တစ်ဦးက အသစ်သွားဝယ်ပြီး လဲလှယ် တပ်ဆင်ခဲ့ကြောင်း၊ အဲဒီလို တပ်ဆင်နေချိန် ထပေါက်ကွဲခဲ့တာဖြစ်ကြောင်း သိရပါတယ်။

လောလောဆယ်မှာတော့ ရဲတွေက စားသောက်ဆိုင် မန်နေဂျာ အပါအဝင် လူ ၉ ဦးကို ထိန်းသိမ်းထားခဲ့ပြီး နောက်ဆက်တွဲ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။