Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာနေတာကြောင့် စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ကို ထိုင်ဝမ်ဖျက်သိမ်း

ဒေါ့ဆူရီဟာ Category 4 အဆင့် စူပါတိုင်ဖွန်း တစ်ခုအဖြစ် အားကောင်းလာနိုင်ပြီး ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်ကြားက ဘာရှီ ရေလက်ကြားကို ဖြတ်သန်းမယ်လို့ ယူဆရပါတယ်။ အဲဒီလမ်းကြောင်းအရ မုန်တိုင်းရဲ့ ပြင်းထန်မှုဟာ ထိုင်ဝမ်အပေါ် သေသေချာချာ သက်ရောက်ထိခိုက်စေမယ့် သဘောပါပဲ။

တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာနေတာကြောင့် စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ကို ထိုင်ဝမ်ဖျက်သိမ်း
တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာနေတာကြောင့် စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ကို ထိုင်ဝမ်ဖျက်သိမ်း

တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာနေတဲ့ အခြေအနေကြောင့် ထိုင်ဝမ်ဟာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ပယ်ဖျက်လိုက်ရပါတယ်။

စစ်ရေးလေ့ကျင့်မှု အစီအစဉ် ဖျက်သိမ်းတဲ့ ဆုံးဖြတ်ချက်ကို ဇူလိုင် ၂၅ ရက်မှာ အာဏာပိုင်တွေက ကြေညာခဲ့ပြီး မုန်တိုင်းဒဏ် ကာကွယ်ရေး အစီအမံတွေကို ပိုမို အာရုံစိုက်သွားမယ်လို့ ပြောပါတယ်။ တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီဟာ ကျွန်းနိုင်ငံငယ်အတွက် ၄ နှစ်တာ ကာလအတွင်း အကြမ်းတမ်းဆုံး ကြုံရတဲ့ တိုင်ဖွန်းမုန်တိုင်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်ဟာ တိုင်ဖွန်းမုန်တိုင်းတွေနဲ့ မစိမ်းလှတဲ့ နိုင်ငံတစ်ခုပါ။ ဒါပေမဲ့ ၂၀၁၉ နောက်ပိုင်း ထိုင်ဝမ်တည့်တည့်ကို တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တာမျိုး မရှိခဲ့သေးပါဘူး။ အခုတော့ ဒေါ့ဆူရီက ထိုင်ဝမ်ဆီ ဦးတည် ရွေ့လျားလာနေတာကြောင့် ပြည်သူလူထုကို နိုးကြား သတိရှိနေကြဖို့ အာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။

ဒေါ့ဆူရီဟာ Category 4 အဆင့် စူပါတိုင်ဖွန်း တစ်ခုအဖြစ် အားကောင်းလာနိုင်ပြီး ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်ကြားက ဘာရှီ ရေလက်ကြားကို ဖြတ်သန်းမယ်လို့ ယူဆရပါတယ်။ အဲဒီလမ်းကြောင်းအရ မုန်တိုင်းရဲ့ ပြင်းထန်မှုဟာ ထိုင်ဝမ်အပေါ် သေသေချာချာ သက်ရောက်ထိခိုက်စေမယ့် သဘောပါပဲ။

Public Service Announcement

Public Service Announcement

ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်မှာ စတင်မယ့် ဟန်ကွမ် စစ်ရေးလေ့ကျင့်မှုရဲ့ ကနဦး အဆင့်တွေကို ပြုလုပ်တော့မှာ မဟုတ်ကြောင်း အတည်ပြုခဲ့ပြီး မုန်တိုင်းရဲ့ အခြေအနေအရ လုံခြုံရေးအတွက် စိုးရိမ်ရတာတွေ ရှိနေပြီး ပိုမို အလေးထား ပြင်ဆင်မှုတွေ လိုအပ်နေကြောင်း ကြေညာထားပါတယ်။

ထိုင်ဝမ်ဟာ ရက်ပေါင်း ၁၄၀၀ ကျော်လောက် ကြာတဲ့ထိ တိုင်ဖွန်းမုန်တိုင်းတစ်ခု တိုက်ရိုက် ဝင်ရောက်တာနဲ့ မကြုံခဲ့ရကြောင်း၊ ဒါကြောင့် ပေါ့လျော့မှုတွေ၊ လစ်ဟာမှုတွေ ရှိနေနိုင်ပြီး သက်ဆိုင်ရာ ဌာနအသီးသီးက ကြိုတင် ပြင်ဆင်မှုတွေကို မလစ်ဟင်းရအောင် အစွမ်းကုန် အာရုံစိုက်စေလိုကြောင်း ဝန်ကြီးချုပ် ချန်ချိန်ဂျန်က ပြောကြားခဲ့ပါတယ်။ ပြီးတော့ ပြည်သူတွေ အနေနဲ့လည်း တိုင်ဖွန်းရဲ့ အန္တရာယ်ကို လျှော့မတွက်ကြဖို့ သူက အလေးအနက် သတိပေးခဲ့ပါတယ်။

ထိုင်ဝမ်အနေနဲ့ မုန်တိုင်းကြောင့် ဖျက်သိမ်းခဲ့တဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို အခွင့်သာတဲ့ နောက်တစ်ချိန်ချိန်မှာ ပြန်လည် စတင်မလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ထိုင်ဝမ်ဟာ တရုတ်ရဲ့ အစဉ်တစိုက် ခြိမ်းခြောက်မှုကို ကြုံနေရတာကြောင့် ကာကွယ်ရေး စွမ်းရည် မြှင့်တင်မှု အစီအမံတွေဟာ နိုင်ငံရဲ့ လုံခြုံရေး ကဏ္ဍမှာ အရမ်းအရေးကြီးနေပါတယ်။

တရုတ်က ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက်သိမ်းယူဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း သတိပေးထားပါတယ်။ ဒီမိုကရေစီစနစ် ထွန်းကားတဲ့ ထိုင်ဝမ်နိုင်ငံကတော့ တရုတ်ရဲ့ လွှမ်းမိုးလိုမှုကို ငြင်းပယ်ပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု အနေနဲ့သာ ရပ်တည်ဖို့ လိုလားနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံရဲ့ ကမ်းလွန်ရေပြင်မှာ တရုတ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေ ဆက်တိုက် ထူထပ်လာနေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ရဲ့ ပြည်တွင်းဖြစ် အဆင့်မြင့် တိုက်လေယာဉ်တစ်စီး ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး ပြည်တွင်းဖြစ် တိုက်လေယာဉ် ထုတ်လုပ်ရေးအပေါ် မျှော်လင့်ချက် အများကြီး ထားခဲ့တဲ့ လေတပ်အတွက် ထိုးနှက်ချက် ဖြစ်လာပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်နိုင်ငံမှာ ရစ်ချ်တာစကေး ၆.၀ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတချို့ ဖြစ်ပေါ်ခဲ့သလို လူနှစ်ဒါဇင်ကျော်လောက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အင်အားမျိုး ပိုင်ဆိုင်ထားတယ်ဆိုတာ ထင်ထင်ရှားရှား ထုတ်ပြဖို့ လိုအပ်ကြောင်း သမ္မတ လိုင်ချင်တေးက ပြောကြားခဲ့ပါတယ်။