Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယနဲ့ ထိုင်ဝမ် ကမ္ဘာလှည့် ခရီးသည်တွေကို ဗီဇာ ကင်းလွတ်ခွင့် ပေးမယ်လို့ ထိုင်းကြေညာ

ထိုင်းကမ္ဘာလှည့် ခရီးသွား အာဏာပိုင်တွေက အိန္ဒိယ နိုင်ငံသားတွေ ဝင်ရောက်မှု ပိုမိုများပြားလာတာဟာ နိုင်ငံရဲ့ လေကြောင်းလိုင်းတွေနဲ့ ဟိုတယ်လုပ်ငန်းတွေ ပြန်လည် ဖွံ့ဖြိုးလာစေရေး ရည်မှန်းချက်က လမ်းကြောင်းမှန်ပေါ် ရှိနေတယ် ဆိုတာကို မြင်သာစေကြောင်းလည်း ပြောပါတယ်။

အိန္ဒိယနဲ့ ထိုင်ဝမ် ကမ္ဘာလှည့် ခရီးသည်တွေကို ဗီဇာ ကင်းလွတ်ခွင့် ပေးမယ်လို့ ထိုင်းကြေညာ
အိန္ဒိယနဲ့ ထိုင်ဝမ် ကမ္ဘာလှည့် ခရီးသည်တွေကို ဗီဇာ ကင်းလွတ်ခွင့် ပေးမယ်လို့ ထိုင်းကြေညာ

နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကို အားပေးတဲ့ အစီအမံ တခုအနေနဲ့ အိန္ဒိယနဲ့ ထိုင်ဝမ် နိုင်ငံသားတွေကို အချိန်ကာလ တစ်ခုထိ ဆိုက်ရောက်ဗီဇာ ကင်းလွတ်ခွင့် ပေးသွားမယ်လို့ ထိုင်းအစိုးရက ကြေညာခဲ့ပါတယ်။

နိုဝင်ဘာလကနေ ၂၀၂၄ ခုနှစ်၊ မေလထိ အတောအတွင်း ထိုင်းနိုင်ငံကို အလည်အပတ် ရောက်ရှိလာမယ့် အိန္ဒိယနဲ့ ထိုင်ဝမ် နိုင်ငံသားတွေဟာ ဆိုက်ရောက်ဗီဇာ လိုအပ်တော့မှာ မဟုတ်ပါဘူး။ ဒါဟာ ထိုင်းရဲ့ ဧည့်သည် အထူထပ်ဆုံး ကမ္ဘာလှည့် ခရီးသွားရာသီ နီးကပ်လာချိန်မှာ ပြည်ပ ဧည့်သည်တွေကို ပိုမို ဆွဲဆောင်ဖို့ အစိုးရရဲ့ အားထုတ်မှု အစီအမံ တစ်ခုလည်း ဖြစ်ပါတယ်။

စက်တင်ဘာလတုန်းကလည်း ထိုင်းဟာ တရုတ် ကမ္ဘာလှည့် ခရီးသွားတွေအတွက် ဆိုက်ရောက်ဗီဇာ လိုအပ်ချက်ကို ပယ်ဖျက်ပေးခဲ့ဖူးပါတယ်။ တရုတ်တွေဟာ ကိုဗစ် ကပ်ရောဂါကာလ မတိုင်ခင်က ထိုင်းနိုင်ငံကို အများဆုံး လာရောက် လည်ပတ်တဲ့ ပြည်ပနိုင်ငံသားတွေ ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက ထိုင်းကို ရောက်လာတဲ့ တရုတ် ကမ္ဘာလှည့် ခရီးသွား အရေအတွက်ဟာ ၃၉ သန်းထိ ရောက်ရှိခဲ့ပါတယ်။

ထိုင်းအစိုးရဟာ ကပ်ရောဂါ ကာလအလွန် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွေ ပြန်လည် ဖွံ့ဖြိုးလာရေးကို ဘက်ပေါင်းစုံကနေ အားထည့် လုပ်ဆောင်နေပါတယ်။ နှစ်ဆန်းပိုင်းကနေ အောက်တိုဘာ ၂၉ ရက်ထိ အခြေအနေအရ ထိုင်းနိုင်ငံကို ဒီနှစ်ထဲမှာ စုစုပေါင်း ကမ္ဘာလှည့် ခရီးသွား ၂၂ သန်း ဝင်ရောက်ခဲ့ပြီး ဘတ်ငွေ ၉၂၇.၅ ဘီလီယံ (ဒေါ်လာ ၂၅.၆၇ ဘီလီယံ)ထိ ဝင်ငွေ တိုးပွားစေခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယဟာ ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှု စတုတ္ထ အများပြားဆုံး ရင်းမြစ် နိုင်ငံလည်း ဖြစ်ပါတယ်။ မလေးရှား၊ တရုတ်နဲ့ တောင်ကိုရီးယားတို့ပြီးရင် အခုနှစ်မှာ အိန္ဒိယဟာ ထိုင်းကို ကမ္ဘာလှည့် ခရီးသည် ၁.၂ သန်း လာရောက်ပြီး တန်းစီဇယားရဲ့ နံပါတ် ၄ နေရာကို ရောက်နေခဲ့တာ ဖြစ်ပါတယ်။

ထိုင်းကမ္ဘာလှည့် ခရီးသွား အာဏာပိုင်တွေက အိန္ဒိယ နိုင်ငံသားတွေ ဝင်ရောက်မှု ပိုမိုများပြားလာတာဟာ နိုင်ငံရဲ့ လေကြောင်းလိုင်းတွေနဲ့ ဟိုတယ်လုပ်ငန်းတွေ ပြန်လည် ဖွံ့ဖြိုးလာစေရေး ရည်မှန်းချက်က လမ်းကြောင်းမှန်ပေါ် ရှိနေတယ် ဆိုတာကို မြင်သာစေကြောင်းလည်း ပြောပါတယ်။

ထိုင်းဟာ အခုနှစ်မှာ ပြည်ပ ခရီးသွားဧည့်သည် ၂၈ သန်းထိ ရောက်ရှိလာဖို့ကို မျှော်လင့်ထားပါတယ်။ ထိုင်းဟာ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကနေ ပြည်ပဝင်ငွေ အလုံးအရင်း ရရှိနေတာကြောင့် ကပ်ရောဂါ ကာလမှာ နှေးကွေး ကျဆင်းသွားတဲ့ အဲဒီလုပ်ငန်း ပြန်လည် ဦးမော့လာရေးအတွက် အစွမ်းကုန် အားထုတ်နေတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားမှာ မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ ဗီဇာအခက်အခဲအတွက် ကိုရီးယားလွှတ်တော်မှာရှိတဲ့ ဒီမိုကရက်ပါတီက ပူးပေါင်းဆွေးနွေးမယ်လို့ ဝါရင့်အမတ်တစ်ဦးဖြစ်သူ အီယုန်ဆွန်းက ပြောပါတယ်။

နိုင်ငံတကာ

ကျေးရွာတစ်ခုမှာ လူတစ်ဒါဇင်ကျော် ပဟေဠိဆန်ဆန် ကျန်းမာရေးဖောက်ပြန် သေဆုံးမှုကို အိန္ဒိယ အာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်နိုင်ငံမှာ ရစ်ချ်တာစကေး ၆.၀ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတချို့ ဖြစ်ပေါ်ခဲ့သလို လူနှစ်ဒါဇင်ကျော်လောက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အင်အားမျိုး ပိုင်ဆိုင်ထားတယ်ဆိုတာ ထင်ထင်ရှားရှား ထုတ်ပြဖို့ လိုအပ်ကြောင်း သမ္မတ လိုင်ချင်တေးက ပြောကြားခဲ့ပါတယ်။