Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်ဝမ်မှာ ရစ်ချ်တာစကေး ၇.၅ အဆင့် အင်အားပြင်းငလျင် လှုပ်ခတ်၊ ထိခိုက်ပျက်စီးမှုတွေ ဆိုးရွားဖွယ်ရှိ

လောလောဆယ်တော့ ထိုင်ဝမ်မှာ ငလျင်ကြောင့် ဖြစ်ပွားတဲ့ မြေပြိုမှုတွေနဲ့ ဓာတ်အားပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ထိုင်ဝမ်မှာ ရစ်ချ်တာစကေး ၇.၅ အဆင့် အင်အားပြင်းငလျင် လှုပ်ခတ်၊ ထိခိုက်ပျက်စီးမှုတွေ ဆိုးရွားဖွယ်ရှိ
ထိုင်ဝမ်မှာ ရစ်ချ်တာစကေး ၇.၅ အဆင့် အင်အားပြင်းငလျင် လှုပ်ခတ်၊ ထိခိုက်ပျက်စီးမှုတွေ ဆိုးရွားဖွယ်ရှိ

ထိုင်ဝမ်နိုင်ငံမှာ ရစ်ချ်တာစကေး ၇.၅ အဆင့် အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေတွေ ဆိုးရွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ဧပြီလ ၃ ရက်နေ့က ထိုင်ဝမ် အရှေ့ပိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိခိုက်မှုနဲ့ အသေအပျောက် စာရင်းတွေကို တိတိကျကျ မသိရသေးပေမယ့် လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေအရ တိုက်ကြီးတွေပါ တစ်ခြမ်းစောင်းနေပြီး ထိခိုက်မှုတွေ ဆိုးရွားမယ်ဆိုတာ အလွယ်တကူ သိမြင်နိုင်ပါတယ်။

၁၉၉၉ ခုနှစ်နောက်ပိုင်း ထိုင်ဝမ်ကျွန်းမှာ အခုလိုမျိုး အင်အားပြင်းထန်လှတဲ့ ငလျင်မျိုး မကြုံဖူးသေးဘူးလို့ ထိုင်ပေငလျင်တိုင်းတာရေး အေဂျင်စီ ဒါရိုက်တာ ဝူချိန်ဖူက ပြောပါတယ်။ အဲဒီ ငလျင်တုန်းက ရစ်ချ်တာစကေး ၇.၆ အဆင့်ထိ ပြင်းထန်ပြီး လူပေါင်း ၂၄၀၀ သေဆုံးခဲ့ပါတယ်။

အခုငလျင်ဟာ ကမ်းခြေနဲ့ အရမ်းနီးပြီး ရေတိမ်ပိုင်းကို ဗဟိုပြုခဲ့တဲ့ အတွက်လည်း မြေပြင်ပေါ်မှာ ထိခိုက်သက်ရောက်မှုတွေ ပိုပြင်းထန်ပါတယ်။ ငလျင်ရဲ့ လှုပ်ခတ်မှုကို ထိုင်ဝမ်ကျွန်းမကြီးနဲ့ ကမ်းလွန်ကျွန်းငယ်တွေ အားလုံးက ခံစားခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ငလျင်လှုပ်ပြီးပြီးချင်း မိနစ်ပိုင်း အတွင်းမှာတင် ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ ဖိလစ်ပိုင်တို့မှာ ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက်တွေ အရေးပေါ် ထုတ်ပြန်ခဲ့ရပါတယ်။ ဂျပန်က ၁၀ ပေလောက် အမြင့်ရှိတဲ့ ဆူနာမီ ရေလှိုင်းတွေဟာ ထိုင်ဝမ်နဲ့ အရမ်းနီးကပ်ရာ ဂျပန်ကျွန်းတွေဆီ ချက်ချင်း ရိုက်ခတ်လာနိုင်တယ်လို့ ကြေညာခဲ့ပါတယ်။

NHK သတင်းဌာနကလည်း ‘အမြန်ဆုံး ရွှေ့ပြောင်းကြ’ဆိုတဲ့ စာတန်းကြီးကို ဖော်ပြပြီး ငလျင်သတင်းကို အရေးပေါ် ကြေညာခဲ့ပါတယ်။ ငလျင်အပြီး တစ်နာရီနီးပါး အကြာမှာ ဂျပန်အနောက်ပိုင်းက လူသူကင်းမဲ့ရာ ကျွန်းတစ်ခုကို ၁ ပေလောက်မြင့်တဲ့ ဆူနာမီ လှိုင်းငယ်တွေ လာရောက် ရိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်မှာလည်း ဆူနာမီ အန္တရာယ် သတိပေး ကြေညာချက် ထုတ်ပြန်ပြီးတာနဲ့ ကမ်းရိုးတန်း ဒေသတွေမှာ နေထိုင်သူတွေကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့ပါတယ်။

လောလောဆယ်တော့ ထိုင်ဝမ်မှာ ငလျင်ကြောင့် ဖြစ်ပွားတဲ့ မြေပြိုမှုတွေနဲ့ ဓာတ်အားပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ငလျင်အန္တရာယ်နဲ့ ပတ်သက်ရင် ထိုင်ဝမ်မှာ စနစ်ကျပြီး ထိရောက်တဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေ ရှိခဲ့ပြီး ဖြစ်တဲ့အတွက် သွေးရူးသွေးတမ်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်မလာအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်မှာ နောက်ဆုံး လှုပ်ခတ်ဖူးတဲ့ အင်အားပြင်း ငလျင်ကြီးကတော့ ၁၉၉၉ ခုနှစ်တုန်းက ရစ်ချ်တာစကေး ၇.၆ အဆင့် ငလျင်ကြီးဖြစ်ပြီး လူပေါင်း ၂၄၀၀ လောက် သေဆုံးခဲ့သလို အဆောက်အအုံ ၅၀၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

ဒီဇင်ဘာလတုန်းကလည်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့အတွက် လူပေါင်း ၁၄၈ ဦး သေဆုံးပြီး ကန်ဆုမှာ ဒေသခံ ထောင်သောင်းချီ ရွှေ့ပြောင်းခဲ့ကြရပါတယ်။

နိုင်ငံတကာ

ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက် မီးတောင်ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှုတွေနဲ့ မကြာခဏ ကြုံတွေ့ရလေ့ ရှိပါတယ်။